Zawgyi & Unicode Changer

Thursday, November 27, 2014

အိပ်မက် - ချမ်းချမ်း


image


Wednesday, November 26, 2014

ဂီတစာဆို လွှမ်းပိုင် - လွှမ်းပိုင်


image

  • ဂီတစာဆိုလွှမ်းပိုင် - လွှမ်းပိုင်  Download  
  • Beautiful  Download  
  • ကျိန်စာ    Download
  • ကိုကို - Feat: အိမ့်ချစ် - Bobby Soxer  Download  
  • မင်းရဲကျော်စွာ ဗိုလ်နေတိုး    Download
  • သူငယ်ချင်းသို့ပေးစာ  Download  
  • အသက်သွင်းပေးပါ  Download  
  • လက်တွေမြှောက် - Feat: Bobby Soxer  Download  
  • ကာဗွန်ဒိုင်အောက်ဆိုဒ်  Download  
  • ကောင်လေးတယောက်ရဲ့ ကောင်မလေး - Feat: Bunny Phyoe  Download  
  • Disco  Download  
  • ရုပ်ဆိုး    Download
  • ဘော်ဒါမကောင်းသူကောင်းမဖြစ် - Feat: ရဲရင့်အောင်  Download  
  • The Whole Burma First - Feat: Lil Z  Download  
  • မာလကီးယား    Download
  • တစ်ခါက တက္ကသိုလ်  Download  

တရုတ်တစ္ဆေ

ဖြစ်ရပ်မှန်ကို အခြေခံထားပါသည်။ ကျနော်၏ အိမ်သို့ မတွေ့ တာ လွန်စွာကြာပြီဖြစ်သော ကျနော့် ငယ်ပေါ်င်းသငယ်ချင်းကြီး မင်းဆွေသည် ရေးကြီးသုတ်ပြာ စွာပေါ်က်ချလာပေ သည်။ `ဟာ မင်းဆွေ မင့်မလဲ ပေါ်လာသေးတယ်နော် မိန်းမရပြီးထဲက ပျောက်သွားလိုက်တာ ' ` အေးကွာ ငါလဲ မအားဘူးဟ မင်းကိုတော့ သတိရပါတယ် ကွာ ' `အေးမင်းကလေးတွေရော ဘယ်အရွယ်တွေရောက်ကုန်တုန်းကွ' `အကြီးမလေးက ၈ တန်း အငယ်ကောင်လေးက သူငယ်တန်းကွ' `အော် မင်းခလေးတွေတောင် အဲ့လောက်ရှိကုန်ပြီပဲ ငါတို့ မတွေ့ ရတာ တော်တော် ကြာပေါ့' `အေးကွာ ဟုတ်ပါရဲ့  စကားကောင်းနေတာ လာရငိးကိစ္စပြောဖို့ မေ့ တယ် ' အေးဟုတ်သား မင်းဆွေ ရ မင့်လာရင်းကိစ္စဆိုပါဦးကွ အဲ့နေဦး လဖက်ရည်သောက်ရင်းပြောကျတာပေါ့'

ဤသို့ ဖြင့် နှစ်ယောက်သား လမ်းထိတ် ရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး လက်ဖက်ရည် မှာသောက်ရင်း `ကဲမင်းဆွေ မင့်ကိစ္စကိုပြော ' `ဒီလိုကွ ငါ့မိန်းမရဲ့ အဖေ ငါ့ ယောက်္ခမ ပေါ့ကွာ သူမဆုံးခင် ငါတို့ ကို အမွေခွဲပေးခဲ့တယ် ငါ့မိန်းမက မြောက်ဒဂုံမှာ တစ်ထပ်ပျဉ်ထောင်အိမ်နဲ့  ခြံဝန်းလေးသီးသန့် ရတယ် ဒီလိုနဲ့  ငါတို့ မိသားစုလဲ လက်ရှိ ငှားနေနေတဲ့ တိုက်ခမ်းကို ပြန်အပ်ပြီး အဲ့အိမ်လေးကိုပြောင်းလာရောကွ စစနေချင်း တစ်ပတ်လောက်က အေးအေးဆေးဆေးပါပဲ နောက်ပိုင်းလဲကျရော ညညဆို အငယ်ကောင်လေးက ထထငိုပါလေရော ဘာဖြစ်လို့ လဲ မေးရင် သူ့ ကို မျက်နှာဖြူဖြူကြီးက လှမ်းလှမ်းပုတ်တယ်လို့ ပြောတယ် အစက ငါတို့ လဲ ကလေးကယောင်ကတမ်းပြောတယ် ထင်တာပဲ လေ နောက်ကျတော့ အိမ်နောက်ဖွေးမှာလဲ လမ်းလျှောက်သံတွေ ပတင်းပေါ်က်ဖွင့်သံတွေ ရော ကွာ ညဘက် ၉ နာရီလောက်ဆို စကြားရတော့တာပဲ။ တစ်ရက်ကျတော့ ငါ့မိန်းမ အိမ်နေခာက်ဖက်မှာ ရေချိုး အဝတ်လျှော်နေတုန်း အိမ်ပေါ်ကနေ ဝုန်းဆိုတဲ့ အသံကြားလို့ သွားကြည့် တာ လားလား ကြောင်အိမ်ကြီးပွင့် ပြီး ရှိသမျှဟင်းတွေ မှောက်ကျနေတာ ငါ့မိန်းမဆို တော်တော် လန့် သွားရှာတာ။ဘေးပတ်ဝန်းကျင်ကို မေးတော့ လဲ အိမ်အကြောင်းကို ဂဂနန မသိ ကြဘူးလေ။ ခုညပိုင်းတွေဆို ပိုပိုဆိုးလာတယ် ငါတို့ အခန်း ကတခါးမရှိဘူးလေ လိုက်ကာနဲ့ ပဲဆိုတော့ ညဘက်ညဘက်ဆို အိပ်မပျော်တစ်ပျော်ချိန်ဆို လိုက်ကာ ကို လှန်လှန်ပြီး လာကြည့်နေတယ် ကွ

ကူညီပါဦး သငယ်ချင်းရာ မင်းက ဒီလိုကစ္စ တွေဆို အတွေ့ အကြုံရှိတော့ မင်းအကူအညီလိုလို့ ပါကွာ'ဟုကျွနှုပ်အား မျက်နှာငယ်လေးဖြင့်  ပြောဆိုလာသော မင်းဆွေအား ` အော်မင်းအိမ်မှာ အနှောက်အယှက်ရှိနေတာကိုး မပူပါနဲ့  ငါ့မှာအသိဆရာတစ်ယောက်ရှိတယ် မင်းကိုချိတ်ပေးမယ် ဟုတ်ပြီလား စိတ်အေးအေးထားပါသငယ်ချင်းရာ ' `အေးပါကွာ ကျေးဇူးပါ ပဲကွာ' သို့ ဖြင့် ကျနော့် အသိဗမာ ဆရာတစ်ယောက်နှင့် မင်းဆွေအား တွေ့ ဆုံပေးပြီး ဆရာအား အကျိုးအကြောင်းပြောပြကာ မင်းဆွေ၏ အိမ်တွင်အစီအရင်များ လုပ်လေတော့သည်။ သို့ သော် ထင်သလောက်မလွယ်ကူမှန်း မကြာခင်တွင်သိလိုက်ရသည်။ထိုအစီအရင်များ လုပ်ပြီး သုံးရက်မြောက်နေ့ တွင် မင်းဆွေ ပေါ်က်ချလာပြန်သည်။ ` ဟမင်းဆွေပါလား ဘလိုလဲ အဆင်ပြေသွားပြီမဟုတ်လား ' `ဟေ့ကောင်ရ မပြေတဲ့ ပြင်ပိုဆိုးလာသကွ ဒီတစ်ခါ အကောင်အထည်ပါ ပေါ်လာပြီ ငါတို့ မိသားစုကို ချိန်းချောက်လာပြီကွ။ခုဆို သရဲ က ညဘက်တင်မဟုတ်ဘူး ဟေ့ နေ့ ဘက်ပါသောင်းကျန်းတာ ဖြစ်ပုံက ဒီလိုကွ ငါတို့  ခြံက နဲနဲ ကျယ်တယ်လေ အဲ့တော့ ရေချိုး တဲ့ နေရာနဲ့ အိမ်သာက အိမ်အပြင်ထုတ်ထားတာပေါ့ အဲ့နေ့ တုန်းက ညနေ သုံးနာရီပေါ့ ငါ့အလုပ်က နေ့တစ်ဝက်ဆင်းလို့ ပြန်လာတာ ဗိုက်က လဲ သိပ်မကောင်းတာနဲ့  အိမ်သာတက်တာပေါ့ကွာ အိမ်သာရှေ့ က ခြေသံတစ်ဖတ်ဖတ် နဲ့ ကြားရတာပေါ့ ငါလဲ ငါ့မိန်းမထင်လို့  အိမ်သာ တက်မလို့ လား လို့ လှမ်းမေးတယ် ဘာသံမှမကြားရဘူး အဲ့တာ နဲ့ ငါလဲ ကိစ္စ ဖြတ်ပြီး ထွက်လာတော့ ဘယ်သူမှမရှိဘူး ငါနဲနဲတော့ ရှိန်သွားတယ်ကွ ပြီးတော့ ငါ့နောက်က ခြေသံကြားလို့ လှည့် ကြည့် တော့ လူတစ်ယောက်ကွ မှတ်မှတ် ရရ ကတုန်းစံတောက်နဲ့  ရှမ်းဘောင်းဘီလို အပွ နဲ့  အသားဖြူဖြူ မျက်လုန်းမှေးမှေး ငါကလဲ မင်းဘသူလဲ လို့ မေးတော့ ဘာမှ ပြန်မဖြေဘဲ သူ့ ခေါ်င်းကြီးကို ဖြုတ်ပြီး လှမ်းပေါ်က်တယ်ဟ အမငီး ပြောရင်း ကျက်သီးတောင်ထသကွား ငါလဲ လှန့်  ဖြန့် ပြီး ခုန်ရှောင် လိုက်တာပေါ့ ဘလောက်ထိခုန်မိလဲတော့ မသိဘူး ခွေးကျကျပြီး သတိလစ်သွားတယ်လေ ငါ့မိန်းမ က အသံတွေကြားလို့ ထွက်လာကြည့် တော့မှ အိမ် နောက်ဖေး အပြင် တေထာင့်မှာ ဆန့် ဆန့် ကြီးလဲ နေတဲ့ ငါ့ကို တွေ့ တာပဲ ငါလဲ မင်းမိတ်ဆက်ပေးတဲ့ဆရာကို ထက်ခေါ်ပြီး လုပ်ပါသေးတယ် ဒါပေမယ့် နှစ်ရက်သုံးရက်လောက်ပဲ ငြိမ်သွားပြီး နောက်ပိုင်း ပိုပို ဆိုးလာတယ် မနေ့ ညက ငါ့ကို အိမ်မက်ပေးတယ် ငါ့ကို ခေါ်င်းဖြုတ်ပြီးပေါ်က်တဲ့ တရုတ်ကောင်ပဲ ဟေ့ သူက ငါ့ကို ဘလို ပြောလဲ ဆိုတော့ မင်းတို့ က ငါ့ကိုများ နှင်ချင်သေးတာလား မင်းတို့ ဗမာ ဆရာအစီအရင် လုပ်နေတဲ့ ချိန်ငါက ရှောင်နေလိုက်ယုံပဲ ပြီးတော့မှ ပြန်ဝင်တာ ပေါ့ ငါက ဒီတိုင်းထွက်သွားမှာ မယုတ်ဘူး

 မင်းတို့ မိသားစု ကို သတ်ပြီး မှ ထွက်သွားမှာ လို့ ပြောတယ်ကွာ ငါလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ဘူး ကွာ ကယ်ပါဦး' မင်းပြောပုံအရဆို မင့်အိမ်မှာ သောင်းကျန်းနေတဲ့ ကောင်က တရုတ်တစ္ဆေပေါ့။ဒါကြောင့်ဗမာနည်းနဲ့ လုပ်လို့ မရတာကိုး ကိုင်း မင်းဆွေ စိတ်မပူနဲ့  ငါ့မှာ အကြံရှိတယ် မနက်ဖြန် မင်းစီကို ငါလာခဲ့မယ်။ဟု မင်းဆွေကို ချော့မော့ကာ ပြန်လွှတ်လိုက်သည်။ ထို့ နောက် ကျုပ် လဲ တရုတ်ဘုံကျောင်းသို့ ထွက်လာခဲ့ လေသည် ဘုံကျောင်းသို့ ရောက်သည် နှင့် ကွိုင်ရင်မယ်တော် ကျောင်းဆောင်သို့ သွားကာ တရုတ် အင်းချပ် နှစ်ချပ်နှင့် အမွှေးတိုင် များတောင်းခံလာခဲ့ လေသည် ။ နောက် နေ့ ရောက်သောအခါ ကျနှုပ် လဲ မင်းဆွေ ၏ အိမ်သို့ ထွက်ခွာ လာခဲ့လေသည် ။ ထို့ နောက် မင်းဆွေ အိမ်သို့ ရောက်သောအခါ တွင် ဘုံကျောင်းမှယူလာသော အင်းချပ် ကို အိမ်ရှေ့  တခါးမ ကြီး နှင့် အိမ် နောက်တခါး တွင်ကပ်ခါ ဤအိမ်သည် ကွိုင်ရင်မယ်တော် ၏ ဆောင့်ရှောက်မှုတွင် ရှိနေပါသောကြောင့် မကောင်းဆိုး ဝါးအနှောက် အယှက်များ အဝေးသို့  ထွက်ခွာသွားပါလေ ဟုရွတ်ဆိုကာ အမွှေးတိုင်ထွန်းပြီးအိမ်ကို သုံးပတ်ပတ် ကာ ရွတ်ဆို သည်။ထို့ နောက် မင်းဆွေ အား သငယ်ချင်း စိတ်ချပြီးနေတော့ သူ့ နည်းနဲ့ သူ ရှိတယ်ကွ မင်းအိမ်က ကောင်က တရုတ်တစ္ဆေဆိုတော့လဲ တရုတ် နည်းနဲ့  ကွိုင်ရင်မယ်တော် အကူအညီ ယူပြီး နှိမ်နင်းရတာပေါ့ကွာ။ မင်းဆွေတို့ မိသားစုလဲ ကျနှုပ်ကိုကျေးဇူးတင်မဆုံး ရှိနေတော့သည်။ နောက် တစ်ပတ်လောက်နေတော့ မင်းဆွေ လက်ထဲမှာ လဲ စားစရာထုတ်တွေ နဲ့ ပေါ်က်ချလာပြီး ` သငယ်ချင်းရာ မင်းကို ကျေးဇူးအရမ်းတင်တယိကွာ ခုဆို ငါတို့ အိမ် မှာ အပ်ကျသံက အစကြားရလောက်အောင် တိတ်စိတ် သွားပြီ အငယ်ကောင်လဲ လန့် လန့် မအော် တော့ဘူး ကွ မင်းကို ကျေးဇူး အရမ်းတင် ပါတယ် သငယ်ချင်း ရာ ' ` အေးပါ မင်းတို့ အဆင်ပြေသွားရင်လဲ ငါဝမ်းသာပါတယ် ကွာ ' ထို့ နောက် ကျနော် အတန်တန် ငြင်းနေသည့် ကြားမှ လက်ဆောင်များ အတင်းပေးကာ ပြန်သွားသော ကျနော့် သငယ်ချင်း မင်းဆွေ၏ ကျောပြင်ကို ငေးကြည့် ခါ ပြုးရင် ကျန်ခဲ့လေ တော့သည် ။ ပထမဦးဆုံးအကျိန်စရေးခြင်းဖြစ်သောကြောင့် အဆင်မပြေတာ များစွာရှိ နေလျှင် သည်းခံပြီး ဖတ်ပေးကြပါခင်ဗျာ အားပေးလျှင် ထက်ရေးပေးပါဦးမယ် ခင်ဗျ ကျေးဇူးတင်ပါတယ် ။။http://www.ghost.myanmartv.info

ပီယဆေးဖော်သူတို့အတွက် မဖဲဝါ၏ကလဲ့စား

တွံတေးတောကြီးတန်း တစ်နေရာမှ ရွာလေး အများစုကတော့ထုံးဘိုဟုခေါ်ပြီး အဓိကကတော့ အိုးဖုတ်သည့်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ထိုရွာလေးသို့ ခေါင်းပေါင်းပေါင်းထားသော ကရင်လူမျိုးဟုထင်ရသည့် ဆရာတစ်ယောက်နှင့် အရပ်ပုပု မျက်နှာတွင်ကျောက်ပေါက်ရာများနှင့် သူ၏တပည့်တစ်ယောက်တို့သည် ညနေစောင်းလေးတွင်ထိုရွာသို့ရောက်လာကြလေသည်။ သူတို့ကာရွာစဉ်လှည့်လည်ပြီး ဆေးကုကြသည့်ဆေးဆရာများဖြစ်လေသည်။ ထိုနေ့ညတွင် ညနေနေ၀င်ရီသရောအချိန်လေးအတွင်း “ အမလေး အေးကြည်မြ ရဲ့အဖြစ်ဆိုးလှချည်လား အမေကိုထားခဲ့ပြီလားဟူသော “ ငိုသံများနှင့် ရွာကလေးကိုလှုပ်နိုးလိုက်လေသည် ။ ရွာ၏ကွမ်းထောင်ကိုင်လေး အေးကြည်မြတစ်ယောက် ညနေဖက်လေး တောဖက်ထဲသို့ တို့စရာသွားခူးရင်း မြွေကိုက်သေလေပြီ။ ထိုဆရာတပည့်ရောက်သောအခါ ကလေးမလေးလည်း အသက်ပျောက်နေနှင့်ပြီဖြစ်ပြီ။ “ မင်းမောင် ပြန်မယ် “ ဆရာကြီးကပြန်မည်ပြောသောအခါ ထပြန်လာလေသည်။ လမ်းတွင် ဆရာကြီးက ဟေ့ကောင် ဒီနေ့လကွယ်နေ့မလား ဟုတ်ဆရာကြီး အေး ညကျရင်ငါတို့ပီယဆေးဖော်လို့ရပြီ ဗျာ ဆရာကြီး “ မင်းမောင်တစ်ယောက် နည်းနည်းထူးဆန်းသွားလေသည်။ ဒီလိုလေ လကွယ်ည သေသူက တနင်္ဂနွေသမီး မလား ပြီးတော့အစိမ်းသေ လေ ပီယဆေးဖော်ဖို့အချိန်းကောင်းပဲ တနင်္ဂနွေသမီးတွေဆီကပဲ ပီယဆေးရမှာလေ ။ ထိုကြောင့်သူတို့ဆရာတပည့်လည်း တိတ်ဆိတ်စွာပြန်လာကြလေသည်။့ ညနေ ရွာထုံးစံအတိုင်း အလောင်းကိုမြန်မြန်ပြင်ကာ အားချင်းချလိုက်လေသည်။ လကွယ်ည မှောင်ရသည့်အထဲ ခွေးကလည်းခြောက်ခြားဖွယ်အူနေလေသည်။ ထိုညတွင် သင်းချိုင်းထဲတွင် လှုပ်ရှားနေသော လူနှစ်ယောက် အလောင်းအားတူးပြီး မနက်ကချထားသောကြောင့်အလောင်းကားလှပနေသေးသည် ရွာ၏ကွမ်းထောင်ကိုင်ဖြစ်သောကြောင့်လှပကျော့ရှင်းနေသည်။ ဆရာလည်း အလောင်းကိုကြည့်ပြီးမန်းမှုတ်လေရာ ခဏအတွင်းအလောင်းလည်းထထိုင်၏ “ ကဲသမီး သမီးဆီကပစ္စည်းလေးနည်းနည်းယူမယ် ပီယဆေးဖော်မလို့ဟုဆိုကာ အစိမ်းသရဲအားခွင့်တောင်းပြီး ဆံပင်များသွားများ လိမ်းခြယ်ထားသော သနပ်ခါးများကိုယူလေသည်။ အစိမ်းသရဲလည်းမကျေနပ်သည့်ပုံစံဖြင့်ကြည့်နေလေသည်။ ထို့နောက်ဆရာလည်း ကျောက်ပြင်တစ်ခုနှင့် ရေ တစ်ဗူးယူလာလေသည်။ ထို့နောက် အစိမ်းသရဲအားသနပ်ခါးသွေးခိုင်လေသည်။ ထိုအရာကား ပီယဆေး၏ လုပ်ထုံးလုပ်နည်းများသာဖြစ်လေသည်။ သို့သော်အစိမ်းသရဲကားမသွေး ဆရာလည်းထိုသရဲမအား ဆေးလုံးများနှင့်ပစ်ပေါက်ပြီးခိုင်းသောကြောင့်ဖြည်းဖြည်းသွေးလေသည်။ တစ်ချက်တစ်ချက်မကျေမနပ်နှင့်ကြည့်နေလေသည်။ ထို့နောက်မသွေးဘဲရပ်လိုက်သောအခါ အောက်လမ်းဆရာလည်း နောက်တစ်ကြိမ်ဆေးလုံး နှင့်ပေါက်ရန် ရှေ့သို့အတိုး သရဲမကားအခေါင်းထဲမှ ဆရာအားဆွဲယူကာ အရှေ့မှကျောက်ပြင်နှင့် မျက်နှာအားဆောင့်လေသည်။ “ သေပြီးတာတောင် သရဲတွေကိုအလွတ်မပေးတဲ့ ကောင် ငါက အေးကြည်မြမဟုတ်ဘူး သင်းချိုင်းစောင့်တဲ့ မဖဲဝါဟဲ့ “ “နင်တို့လိုလူမျိုးတွေကိုအသေလုပ်ချင်တာကြာပြီဟု အသံနက်ကြီးဖြင့်အော်ကာ ကျောက်ပြင်နှင့်ဆောင့်လေသည်။ မင်းမောင်လည်း ဆရာဖြစ်သူအခြေအနေမကောာင်းသောအခါဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးလေသည်။ ထို့နောက် အသံနက်ကြီးသည် တစ်ရွာလုံးအားလွှမ်းခြုံသွားလေသည်။ မနက်မိုးလင်းလို့တစ်ရွာလုံး သင်းချိုင်းကိုချီတက်ပြီးသွားကြည့်သောအခါ အေးကြည်မြက အခေါင်းထဲတွင်ပုံစံမပျက် ဆေးဆရာကာ ခေါင်းတစ်ခုလုံးကျေမွပျက်စီးနေလေသည်။ ထို့နောက်တစ်ရွာလုံးက နောက်လူများထိုကဲ့သို့ထပ်လုပ်မည်စိုးရိမ်သောကြောင့်မိန်းကလေးအား မီးရှို့ပြီး သဂြိုလ်လိုက်လေတော့သည်။ myanmarghoststory

ဖုတ်သရဲ ကိုခေါင်းပြား

ကျွန်တော်တို့ကျေးလက် တောရွာတွေမှာ.... ဘုန်းကြီးကျောင်းတို့၊ အိမ်တို့ဆိုတာ ယောကျာ်း တစ်ဖက်စာ ကျွန်းတိုင်ကြီးတွေနဲ့ ဆောက်လုပ် ထားကြတာ များတယ်.... အိမ်သစ် ဆောက်တော့မယ် ဆိုရင် တတ်နိုင်တဲ့သူတွေက အခြားအရပ်က အိမ်ကြီး အိမ်ကောင်းကို ဝယ်ပြီး အိမ်ဆောက်ကြတာ...တကူးတက တောတက်(တောထဲသွားတာကို ကျွန်တော်တို့ အရပ်မှာ ခေါ်တဲ့အခေါ်)မနေတော့ဘူးရယ်...။ ကျွန်တော်တို့ ညောင်စာရေး ရွာမှာ ဒီဘက်ခေတ်ထိ အဲ့ဂလို အိမ်ဟောင်းဝယ်ပြီး ဆောက်ကြ တုန်းပဲ... အိမ်ဟောင်းကို ပြန်ဆောက်တာဆိုတော့ .. ဘယ်ကနေဘယ်လို သိပြီး ရောက်ရောက်လာတတ်တဲ့ တောခေါင်း ဆိုတဲ့ပုဂ္ဂိုလ်ကို များများမပေးရသလို၊ အဖမ်းအဆီးလည်း မခံရဘူး....။အိမ်ဝယ်ကြပြီဆိုရင် ..အဓိက ဦးစားပေးဝယ်ကြတာက ကျွန်းတိုင်ကြီးတွေကို.. ဝယ်ကြတာ..။ ကျွန်တော်ဘုန်းကြီးကျောင်းသားလုပ်ခဲ့တဲ့ ရွှေမဉ္ဇူကျောင်း ဓမ္မာရုံကြီးဆောက်တုန်းကများဆို ကျွန်းတိုင်ကြီးတွေက ပေ(၅၀)ထိ ရှည်လို့ လှည်းမြီးတို နှစ်စီးရှေးနောက်ဆက် တိုင်တွေကို တိုက်ရတာ...၊ဆရာတော်ကြီးဦးမဉ္ဇူက တိုင်အဆက်မလိုချင်လို့ တဖြောင့်တည်းအဆက်မရှိ ကျွန်းတိုင်ကြီးတွေနဲ့ ဆောက်လုပ်ပေး ရတာတွေ ကို လူကြီးတွေ ပြောပြတာကြားဖူးတယ်။ အဲ့ ဓမ္မာရုံကြီး နှစ်ပေါင်း(၅၀)ကျော် တဲ့ထိတိုင် ကျွန်တော်တို့ ညောင်စာရေးရွာ၊ရွှေမဉ္ဇူကျောင်းမှာရှိနေသေးတယ်..။ တခြားရွာက အိမ်ကိုအိမ်ပေါ်(အိမ်ဖျက်)ပြီးပြီ ဆိုတာနဲ့ ရွာထဲမှာ လှည်းရှိတဲ့သူတွေက လူ နွား လှည်း၊လှည်း၊နွားမရှိတဲ့သူတွေကျတော့.. လူလွတ် သန်မာသူယောကျာ်းမှန်သမျှ အိမ်တိုက် လိုက်ကြရတာ... အခပေးစရာမလို၊ (ဖရီး..ဆိုမှ တကယ့်ဖရီး...)အိမ်ရှင်က ပြန်လာကြရင် စားဖို့၊ သောက်တတ် သူများအတွက် ဧည့်ခံဖို့ စီမံချက်ပြုတ်ပြီး စောင့်နေပေတော့...။ရွာက အမျိုးသမီးတွေလည်း ဝိုင်းဝန်းကူညီ ချက်ပြုတ်ပေးကြရတာ...အလှူကြီးတစ်လှူလိုပါဘဲ တပျော်တပါးကြီး..။ မနက်ဖက် “ဘယ်သူ့အိမ် အိမ်တိုက် ရှိတယ်” ဆိုရင် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတွေလည်း ပျော်ကြပြီ....။ပျော်တာကလည်း အကြောင်းကဒီလို...အဲ့အိမ်က မနက်ဖန်ဆို ဆွမ်း၊ဆွမ်းဟင်းတွေ များများနှဲ့ ဖွယ်ဖွယ်ရာရာ လောင်းတော့မယ်ဆိုတာ ကြိုခန့်မှန်းလို့ ရနေပြီလေ..အဟီး...။ တစ်ရွာတည်းသားတွေဆိုတော့ ဘယ်သူ့လှည်းနဲ့ အိမ်တိုင် တိုက်မယ်...ဘယ်သူလှည်းနဲ့ အချင်ရနယ်ဒိုင်းမျှားစတာတွေ တင်မယ်ဆိုတာ သတ်မှတ်ထားပြီးသား၊လှည်းအခြေအနေကို သိကြပြီးသား .. “ ဘယ်သူ့အိမ်အတွက် ဘယ့်နေ့ ဘယ်သူတွေ အိမ်တိုင်တိုက် လိုက်ကြရမယ်ဟေ့” လို့..ရွာမှာ ဩဇာညောင်းသူက ဆော် အော်လိုက်တာနှဲ့ လိုက်ကြ ရမယ့်သူများ ကိုယ့်အိမ်က လှည်းကို ကတ်အိမ်ချထား၊အိမ်တိုင်တိုက်ဖို့် တုတ်ကြိုးရှာထားရတယ်..။တစ်လှည်းဆီမှာ လှည်းမောင်းတဲ့သူနှဲ့ အကူ နှစ်ယောက်နှုံး လိုက်ကြရတယ်..။ အိမ်တိုင် တိုက်ကြရမယ့်ရွာ အကွာအဝေးကို ချိန်ပြီး အပြန်မှာ လူရောနွားတွေပါ နေပူ မမိအောင် ရွာကနေ စောစော ထွက်ကြရတယ်...အိမ်တိုင်တိုက် လှည်းတွေ ပြန်လာကြပြီ ဆိုမှဖြင့် လှည်းတန်းကြီးကို ဟိုး....အဝေးကြီးကတည်း လှမ်းမြင်နေရတတ်တယ်...။ တစ်နေ့တော့...ခါတိုင်းလို ..အိမ်တိုက်ရှိလို့ ...လှည်းတန်းကြီးနဲ့ အိမ်တိုက်သွားကြပြီး..ညနေစောင်း နွားရိုင်းသွင်းချိန်လောက်မှာ...ကိုယ့်ရွာကို ပြန်လာကြပါရော..။ရွာကလူတွေကလည်း ရွာပြင်ထွက်မြှော်နေတဲ့လူတွေလည်း မျှော်လို့ရယ်..။လှည်းပေါ်မှာ အိမ်တိုင်ကို နှစ်ယောက်ခွထိုင်ပြီး ရှေးကလူက နွားမောင်း၊ နောက်က လူက အချင်းချင်း ရှေ့လှည်းနောက်လှည်း ကြားအောင် နောက်လိုက် ပြောင်လိုက် အော်လိုက် ဟစ်လိုက် စလိုက်နဲ့..။ အဲလို လှည်းတွေမောင်းလာကြတုန်း စိန်ကလေးရွာအလွန် နဲနဲမြင့်မောက်တဲ့ လယ်ကန်သင်းအဆင်းလည်းရောက်ရော.. လှည်းတစ်စီး မှောက် သွားပါလေရော။ လှည်းပေါ်က လူနှစ်ယောက်လည်း အောက်ကို လွင့်စင်ကြကုန်တာပေါ့...နွားလှည်းမှာ ကားတွေလို ခါးပတ်ပတ်လို့မှမရတာ..။ နွားမဖြုတ်ကြဘဲ လှည်းတွေ ခဏရပ်ပြီး မှောက်တဲ့လှည်းကို ဝိုင်းကြ ကူကြ ထူကြပြီး- “လှည်းပေါ်က လူနှစ်ယောက်.. ဘာဖြစ်သွားကြသေးလဲ” လို့ ဝိုင်းမေးမြန်းကြတော့ တစ်ယောက်က တော့ “ဘာမှ မဖြစ်ပါဘူး ကွာ၊ ခေါင်းတော့နဲနဲ ပြားသွားတယ်”ဆိုပီးတော့ ပြားနေတဲ့ သူ့ခေါင်းကို ပွတ်ပြပြီး ရွာရောက်ပြန်ခဲ့ကြရော။ခေါင်းပြားသွားတဲ့ လူက မယားနဲ့ ကလေးနှစ်ယောက်ကို ထန်းတက်ပြီးလုပ်ကိုင် ကျွေး မွေးနေတဲ့သူဗျ..။ခေါင်းပြားပေမယ့် အသက်အန္တရာယ်မရှိတော့လည်း အားလုံးက အေးဆေးပေါ့..။နောက်တယောက်တော့ ..ခါးမျက်သွားလို့ အိပ်ယာထဲ နှစ်ပတ်လောက်လဲသွားတယ်။ ဇာတ်လမ်းက အဲ့မှာ စလာတာ...။ ဒါပေမယ့် ..ဘယ်သူမှ မသိသေးဘူးနော်...တရွာလုံးရှိသမျှလူတွေမသိကြတာ..။ အဲ့ဒီတိုက်လာတဲ့ သစ်တွေနဲ့ ဆောက်တဲ့အိမ်တောင်မှ အိမ်ဆောက်ပြီးလို့ နောက်(၃)နှစ်လောက်လည်း ကြာရော ကျွန်တော်တို့ရွာကို ဆေးဆရာ တစ်ယောက်ရောက် လာပါလေရော..။ဆေးဆရာဆိုပေမယ့် သူက ရွာစဉ်လှည့်ပြီး ပယောဂတွေ ဘာတွေလည်း ကုတတ်တယ်လို့ နာမည်ကြီးတယ်..။ အဲ့ဒီ ဆေးဆရာက ကိုခေါင်းပြား ထန်းတက်နေတဲ့ ထန်းပင်အောက်အရောက် အပေါ်ကို မော့ကြည့်ပြီး “ ဟ မောင်ဖုတ်က ခုထိ အသက်ရှင် နေလို့ပါလားဟ”လို့လည်း ပြောလိုက်ရော အရိုးတွေ အောက်ကို ပြုတ်ကြပြီး ထန်းပင်ပေါ်ကလူ ပျောက်သွားပါလေရော... အိမ်က ကလေးနှစ်ယောက်လည်း နေ့ခင်းတုန်းက ဆော့နေတုန်းက အကောင်းကြီးကနေ ချက်ချင်း နှစ်လောင်းပြိုင် သေကုန်ကြပါလေရော...။အဲ့ဒီကျတော့မှ တရွာလုံး ကျွက်ကျွက်ကို ညံကုန်ကြပါလေရော... ရွာထဲမှာ သုံးနှစ်သုံးမိုး စားစားသောက်သောက်နေလာတာ... ကိုယ့်ရွာသား ဘာဖြစ်နေမှန်းလည်း မသိကြဘူးကိုး....။ အဲ့ဂလို အဲ့ဂလို ဖြစ်တာ တွေ့ကြမြင်ကြတော့မှ... ဘုန်းကြီးကျောင်းကို ပြေးပြီး ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတွေ ဆရာတော်ဘုရားဆီကနေ အလှူခံပြီး ခြံထဲ၊ အိမ်ပေါ်၊ နွား၊လှည်း၊ ခလေးတွေမှာ ချည်ကြ...ပရိတ်သဲတွေ ရွာလမ်းမှာ ကြဲကြရ....ရွာကျောင်းက ဆရာတော်တွေ ရွာထဲမှာလှည့်ပြီး ပရိတ်ရွတ်ပေးရနဲ့...အုန်းအုန်းထကုန်ကြတော့တာ..။သူ့မိန်းမခမျာလည်း မျက်နှာက ဇီးစေ့သာသာလောက်လို့ပဲ ပြောရတော့မယ်... မဖြစ်နေရိုးလားလေ... ဒီကိုခေါင်းပြားနဲ့ သုံးနှစ်လုံးလုံး တအိမ်တည်း တူတူနေလာပြီးတော့ ခု သူတစ်ယောက်တည်း ကျန်နေတာဆိုတော့ အနေရခက်ပြီပေါ့.....(သူလည်း တရားရိပ်သာတခုမှာ သီလရှင်ဘဝနဲ့ အရိုးထုတ်သွားလေရဲ့.... ကိုခေါင်းပြားလို အရိုးစုဖြစ်သွားတာတော့ မဟုတ်ဖူးနော်...။) တကယ်ဟုတ်မဟုတ် သိချင်သပဆိုရင် အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) မေးကြည့်ကြ ...။အဲ့ဒီဘုန်းဘုန်းက ကျွန်တော်တို့ ရွာသားလေ..။ Credit to-One of Admin (သရဲ အကြောင်းပြောကြမယ်)
myanmarghoststory

Tuesday, November 11, 2014

၂၀၀၆ခုနှစ်လောက်က ပေါ့ ကျွန်တော် ၁၀တန်းဖြေထား တာလေ,ဗိုလ်သင် တန်းတက်မယ် ဆိုပြီးဗိုလ်ရွေးဆိုတဲ့ သင် တန်းဖြေထားပြီးချိန်ပေါ့ ဝိတ်ကနည်းနည်းများနေလို့ သထုံလမ်းထဲက အားကစားရုံမှာ GYM ဆော့ ရတယ်,အဲဒီနေ့က GYM မ ဆော့ချင် လို့လှည်းတန်းကMOON မှာကော်ဖီသွားသောက်ပြီး အချိန်ဖြုန်းနေလိုက်တယ် ၆:၀၀လောက်ကြ တော့ ပြန်မယ်ဆိုပြီး GYMမှာအပ်ထားခဲ့တဲ့ အဝတ်အစားတွေသွားယူပြီး စိုက်ပျိုးရေးဘက်ကိုပြန်လာခဲ့တယ်အဲဒီနေ့ကသထုံလမ်းမှာလမ်းမီးတွေကလည်းပျက်နေတယ် ဒါပေမယ့်ကိုကလည်းကိုယ့်အာရုံနဲ့ကိုဆိုတော့ ကြောက် ရ ကောင်းမှန်းလည်းမသိပါဘူးဒီအတိုင်းပဲ လျှောက်လာတာပေါ့ဆေးတက္ကသိုလ်နဲ့အ ဝေးသင်တက္ကသိုလ်ကြားမှာ ဝင်းတံခါးပေါက်ကြီးတစ်ခုရှိတယ်လေ အဲဒီနားလည်းရောက်ရော အရိပ်လိုလို ဘာလိုလိုတစ်ခုကိုတွေ့တယ် အဲဒီအထိကိုဘာမှမစဉ်းစားမိသေးဘူး ဘာလဲဟ ပေါ့အနီးရောက်မှကြည့်လိုက်တော့ အ ဒေါ်ကြီးတစ်ယောက်ဖြစ်နေတယ် ပခုံးပေါ်မှာလည်းက လေးလိုလိုဘာလိုလိုလေးနဲ့ သြော်ဟုတ်ပြီ က လေးသိပ်နေတာပေါ့ ဆိုပြီးတွေးလိုက်သေးတယ် အဲဒီ့အချိန်မှာဘဲ TTCဘက်က နေ Supersaloon တစ်စီးက မီးကြီးထိုးပြီးမျက်နှာချင်းဆိုင်မောင်းလာတာ အနီးရောက်တော့မျက်လုံးအလင်းစူးသွားလို့ခဏမှိတ်လိုက်ပြီးပြန်ဖွင့်တော့ ဟိုသားအမိက မရှိတော့ဘူး ရှင်းရော ဟိုကားကလည်းမောင်းသွားတော့ အ မှောင် ထဲမှာတစ်ယောက်ထဲ အဲဒီ့တော့်မှသုတ်တာပေါ့ တော်သေးတယ်TTC ကျောင်းဘောလုံးကွင်းနားမှာ မီးတိုင်လေးတစ်တိုင်တွေ့တော့် အဲဒီ့အောက်မှာသွားရပ်နေရတယ် ဘယ်ကြည့်ကြည့်မှောင် မဲနေတာဆိုတော့ အဲဒီ့အချိန်မှာ ကံကောင်းတော့စိုက်ပျိုးရေးမှတ်တိုင် ဘက် က နေ လူအုပ်လိုက်ကြီး ဓာတ်မီးတွေနဲ့လျှောက်လာတာမြင်တော့မှ သူတို့ရှိတဲ့ဘက်ကိုပြေးရတယ် အိမ်ကိုရောက်တော့ Father ကြီးက ရေချိုး ဘုရားရှိခိုးပုတီးစိပ်ခိုင်းပြီးမှအိပ်ခိုင်းတယ် ကြည့်ရတာသူကသူ့ဘာသာနေတာ ကိုယ်ကကံနိမ့်နေတဲ့အချိန်နဲ့သွားတိုးတာထင် ပါရဲ့ဗျာ....
ကျနော်လဲအဖြစ်အပျက်လေးတစ်ခုရေးပေးလိုက်ပါတယ် ကျနော်ကအိမ်မှာတစ်ယောက်ထဲနေပါတယ် အိမ်ကရွာအစွန်ကျတယ်ဗျ အိမ်ခေါင်းရင်းလမ်းကိုကျော်လိုက်ရင်ရွာထိပ်ကဘုန်းကြီးကျောင်းရောက်ပြီဗျ ဘုန်းကြီးကျောင်ကျော်ရင်တောကြီးဖြစ်သွားပြီဗျ ကျနော်ကညဆိုရင်တစ်နာရီလောက်မှအိပ်ပျော်တာပါစောစောအိပ်မပျော်ဘူးဗျဒါတောင်ဘော်ဒါတွေနဲ့ ပုံမှန် ၈ ပတ်လောက်ကစ်ရတယ် မူးနေတော့ဘာမှမသိတော့ဘူးလေ ခေါင်းချရင်အိပ်ပျော်သွားတယ် ကျနော်ကအဲ့နေ့က ဗိုက်အရမ်းပြည့်နေတာနဲ့ ၄ ပတ်လောက်ပဲကစ်ပြီး အိမ်ကိုပြန်လာတာ ည၁၁နာရီလောက်ပေါ့ ပြီးတော့ခြံတခါးတွေလဲမပိတ်အိမ်တံခါးတွေလဲမပိတ်ပဲအိပ်ပျော်သွားတယ် ခြံပေါက်နဲ့အိပ်ပေါက်ကလဲ တန်းတန်းကြီးဖေါက်ထားတာ ဒီလိုနဲ့အိပ်နေတုန်း အိပ်မက်လိုလိုဘာလိုလို နဲ့ ခြံထဲကို လူလေးယောက်ဝင်လာတယ် ဝင်လာတာလဲလေလိုမြန်တဲ့အရှိန်နဲ့ပဲ ပြီးတော့ကျနော်အိပ်တဲ့နံပေးမှာ ငုတ်တုတ်တွေထိုင်ပြီးကျနော့ကို ကြည့်နေကြတယ်ဗျာ လေးယောက်ကမိသားစုလိုက်ဗျာ ယောက်ကျားကြီးတစ်ယောက်ရယ် မိန်းမကြီးတစ်ယောက်ရယ် သူ့သမီးတွေလို့ထင်ရတဲ့ ကောင်မလေးနှစ်ယောက်ရယ် ကျနော်အိပ်နေတဲ့ဘေးမှာ ဝိုင်းထိုင်ပြီး ဟက်ဟက်ပက်ပက်ကို ရီနေကြတာဗျာ ကျနော်လဲ အသိစိတ်ဝင်လာပြီး စဉ်းစားတယ် ငါမျက်လုံးဖွင့်ကြည့်ရမလား ဒါမှမဟုတ်ဒီတိုင်းနေရမလား တကယ်လို့ဖွင့်ကြည့်လို့ အပြင်မှာတကယ်ထိုင်နေရင် ကျနော်အဲ့နေရာမှာတင်အသက်ထွက်သွားနိုင်တယ် ကျနော်လဲအားတင်းပြီးဖြစ်ချင်ရာဖြစ်ဆိုပြီး ခြေထောက်တွေကိုအားအကုန်သုံးကန် ပြီးမျက်လုံးဖွင့်လိုက်တော့ တော်သေးတယ်တကယ်မရှိလို့ ဒါပေမဲ့လူကတော်တော်တုန်နေပြီ ရင်ဘတ်တွေကလဲ ဖုတ်လိုက်ဖုတ်လိုက်ပဲ ဖြစ်ချင်တော့လူကကြောက်နေပါတယ်ဆို အိမ်သာအရမ်းတတ်ချင်လာတယ်ဗျာ ကျနော်လဲကြိုးစားထိန်းချုပ်တယ် နောက်ဆုံးမဖြစ်နိုင်တာနဲ့နောက်ဖေးသွားပြီးကိစ္စ မြန်မြန်ပြီးလိုက်ရတယ် နောက်တော့ရေသောက်ပြီး ဘုရားရှိခိုး ဘုရားစားဆို အိမ်တံခါးတွေပြန်ပိတ်ပြီးထပ်အိပ်လိုက်တယ် အဲ့ဒီမှာနောက်ဒုက္ခစလာပါလေရော အိပ်မပျော်တပျော်ရှိသေးတယ် ဖလူးစီပါလေရော လူကသိသိချင်း လှုပ်ရှားလိုက်ပေမဲ့အချိန်မမှီတော့ဘူး သွားပြီနားတွေတစီစီမြည်ပြီးလှုပ်လို့မရတော့ဘူး ကျနော်ကလဲဆယ်တန်းလောက်ကအကြိမ်ကြိမ် ဖြစ်ဖူးတော့သိပ်တော့မထူးဆန်းတော့ပါဘူး အရင်ဖြစ်တုန်းကဆိုရင် သံဗုဒ္ဓေ ဂါထာကို အများဆုံးအခါ၃၀လောက်ဆိုရင်ပျောက်သွားတတ်တယ် ဒီတစ်ခါတော့မရဘူးဗျ အခါ၅၀လောက်ရွတ်လဲမထူးခြားဘူး ဒါနဲ့ကျနော်လဲစတင် ရုန်းပါတော့တယ် နောက်ဆုံးဘယ်လိုမှရုန်းမရတော့ ခေါင်းရင်းကတိုင်ကိုဆွဲထတယ် ကျနော်လဲကြောက်တော့ဘုရားစင်အောက်မှာအိပ်တာကို မရမကကုန်းထပြီး ရေအိုးစင်ကို အရောက်သွားပြီးရေသောက်လိုက်ရင်ပျောက်မယ်ပေါ့ ကျနော်လဲရေအိုးစဉ်လဲရောက်ရော အောက်အိုးကကျနော့အရပ်ထက် ၅ စလောက်မြင့်နေတာဗျာ သွားပြီမျော်လင့်ချက်ကုန်နေပြီအဲ့ကျမှ ကျနော့နာမည်ကိုခေါ်သံကြားရတာ ကျနော်လဲ ဗျာဆိုအကျယ်ကြီးထူးလိုက်တာ ဒီတော့မှသတိပြန်ဝင်လာပြီး ထလို့ရတယ် ကျနော့ကိုခေါ်တာကအိမ်ချင်းကပ်က လူက ညည်းသံကြားလို့လှမ်းခေါ်တာတဲ့ကျေးဇူးတင်လိုက်တာဗျာ ကျနော်လဲမအိပ်ရဲတော့ပါဘူးနာရီကြည့်တော့၃နာရီရှိပါပြီ အဲ့ဒီနေ့ကတော့ လုံးဝဒုက္ခအရောက်ဆုံးညအဖြစ်အမှတ်ရနေတယ်ဗျာ စာဖတ်ရတာပျင်းဖို့ကောင်းရင်ခွင့်လွတ်ပါ သူငယ်ချင်းတွေလဲကျနော့လိုဖြစ်ဖူးရင်မန့်ခဲ့ပါအုံး နောက်ကျမှတကယ်ခြောက်ခံရတဲ့အကြောင်းရေးတော့မယ်၃ခါတော့မြင်ဖူးတယ်သရဲကို

ကျုံပျော်က သရဲ

ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုပါ။သရဲဟုတ်မဟုတ်တော့ မသေချာဘူး....ပြန်တွေးတိုင်း ရင်တော့ခုန်သား...။

ကျွန်တော်က ကျုံပျော်ဆိုတဲ့ မြို့လေးတစ်မြို့မှာ နေပါတယ်... ဧရာဝတီတိုင်းထဲမှာရှိပါတယ်.။ မကြီးပေမယ့် စည်ကားတဲ့ မြို့လေးပေါ့။ ဘုန်းကြီးကျောင်းတွေလည်း တော်တော်ပေါပါတယ်....။ နာမည်တော့ ထည့်မပြောတော့ဘူးနော်...။ အားနာလို့....။

ဇာတ်လမ်းပြန်စရရင် အဲအချိန်တုန်းက ကျွန်တော် ၆တန်းပါ။ ညနေတ...ိုင်း ကျွန်တော်တို့ကလေးတွေ ဘောကန်ကြပါတယ်...။ ကျွန်တော်တို့ က မြို့ထဲလမ်းမှာ နေတာဆိုတော့ လွတ်လွတ်လပ်လပ် ဘောမကန်ရဘူးလေ။အဲဒီတော့ ညနေပိုင်း ပိတ်တဲ့ဆိုင်တွေ ရှေ့မှာ ကန်ကြတယ်..။သမန်တလင်းနဲ့ဆိုတော့ အပီပေါ့...။
အဲဒီနေ့ကမှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၆ရက်ပါ။ အဲနေ့က ကန်ရင်းကန်ရင်းနဲ့ အရှိန်လွန်ပြီး နဲနဲ မှောင်သွားတယ်... ။ ဆောင်းရာသီ ဖြစ်တာလဲပါမှာပေါ့။ ဒါနဲ့ ပြန်ကြမယ်ဟေ့လို့ ပြောရုံရှိသေး
အဒေါ်ကြီးတစ်ယောက်ေ၇ာက်လာတယ်။ ကလေးလေးလည်း ခါးထစ်ခွင်ချီထားတယ်...။ ပြန်မလို့ ဘောလုံးသိမ်းနေတဲ့ ကျွန်တော့်လက်ကို လှမ်းဆွဲပြီး..." ကလေး အဒေါ့်ကို ....ဘုန်းကြီးကျောင်းလိုက်ပို့ ပါလား။ အဲဒီမှာ တည်းတာပါ။အဒေါ်က ငါးပိငါးခြောက် ကုန်သည်ပါ။လမ်းမမှတ်မိတော့လို့ပါ.။အဖော်လိုလို့ပါ။ ပိုက်ဆံငါးဆယ်ပေးပါမယ် "လို့ပြောရော..။ ကျွန်တော်က လူသာခပ်ပေါပေါ.... ဟိုကူညီဒီကူညီနဲ့ လုပ်တတ်တယ်...။ အဲဒါနဲ့..ကျွန်တော်က ရပါတယ် အဒေါ်ရယ် ဆိုပြီး သူငယ်ချင်း ကလေး( သူက အလွန်ဆုံး ၄တန်းပေါ့) ဇေယျာ....ကို
ခေါ်ပြီးလိုက်ခဲ့ရော....။

တစ်လှမ်းနှစ်လှမ်း ...စ စသွားချင်းတုန်းက သတိမထားမိဘူး။ ဘုန်းကြီးကျောင်းလမ်းနားကို ရောက်တော့ ဇေယျာက လက်လှမ်းကုပ်တယ်...။ဟေ့ရောင် သူခြေလှမ်းက မြန်လိုက်တာတဲ့....။ ဟုတ်သားပဲ အဲတော့မှ သတိထားမိတယ်...။သူက လမ်းမမှတ်မိလို့ အဖော်ခေါ်တာလဲပြောသေး...။
သူက ရှေ့ကလျှောက်နေတာ...။ ရုတ်တရက် လေကလည်း စိမ့်ခနဲဖြတ်တိုက်သွားတယ်...။ အဲဒီအဒေါ်ကြီးကို လှမ်းကြည့်မိတော့ ဆံပင်ရှည်တွေကလည်း လေထဲဝဲလို့ ။ အရေးထဲ ခွေးတွေက ထအူသေး....။ကျွန်တော်တို့ နှစ်ယောက်သား တိုင်ပင်မထားပဲ ပူးကပ်ပြီးလက်တွေ တွဲလိုက်တယ်...။သတ္တိကောင်းပုံများ ....:P/ အဲဒီအဒေါ်ကြီးကလည်း လွန်ပါတယ်ဗျာ.... နည်းနည်းတောင် စကားလှည့်မပြောဘူး...။ ကလေးချီလမ်းကို မဲပြီးလျှောက်နေတာ....။ပတ်ဝန်းကျင်ကြည့်မိတော့ လူကလည်း ပြတ်နေတယ်......။ အစက ပြန်ပြေးကြမလို့...။ကျွန်တော်က ကုသိုလ်၇ပါတယ်ကွာ.....ရောက်ပဲရောက်တော့မယ်ဆိုပြီး..ပြောလိုက်တယ်။ဒါနဲ့ နှစ်ယောက်သား တုန်တုန် တုန်တုန်နဲ့ သူ့နောက်ကလိုက်ခဲ့တာ. ...ကျောင်းရှေ့ရောက်ရော....ဆံပင်ရှည်နဲ့ အစ်မကြီးတစ်ယောက် မတ်တပ်ရပ်နေတယ်....။ ရှေ့က အမကြီးကို တွေ့တော့ ပြုံးပြပြီး စကားပြောနေတယ်...။သူတို့အနားရောက်တော့ မေးနေတဲ့စကားက အမ.....ဘုန်းကြီးကျောင်းက ဘယ်နားမှာတုန်း ညီမရှာနေတာတဲ့...။သူ့ရှေ့မှာက ဒီလောက်ကြီးတဲ့ ဆိုင်းဘုတ်ကြီး........ကျောင်းဆိုပြီးကပ်ထားတာ... အဲဒါလာမေးနေတယ်...။ ကျွန်တော် ကြောင်သွားတယ်...။ ဘေးက အဒေါ်ကြီးဖြေတာလည်းကြည့်ဦး....။ "ဟဲဟဲဟဲ...ဒီမှာလေ"တဲ့...။ ဘာမှ ရယ်စရာမပါတဲ့ မေးခွန်းကို ရယ်နေတာ...။ အဲလိုလည်း ဖြေလိုက်ရော..စောစောက အမကြီးက နောက်တွေ့မယ်နော် မောင်လေးတို့.. ဟင်းဟင်းဟင်း ဆိုပြီး ရယ်ပြပြီး ပြန်လှည့်သွားတယ်..။သူက လှပါတယ်..။ဒါပေမယ့် သူရယ်တာ ကြားလိုက်ရတာ ရင်ထဲမှာ ပြည့်အင့်တင်းကြပ်သွားတယ်...။ ရင်ထဲကို လက်ကြီး ၀င်မွှေနေသလိုပဲ....။ အားပြန်တင်းပြီး အဒေါ်ကြီးကို ပြောလိုက်တယ်...အဒေါ်ရောက်ပြီ....သားတို့ပြန်တော့မယ် ဆိုပြီးတော့။ အဒေါ်ကြိးက နေပါဦးသားတို့ ရယ် မုန့်ဖိုးပေးချင်လို့ပါ...ကျောင်းထဲကို လိုက်ခဲ့ပါဦးဆိုပြီး ခေါ်တယ်..။ဘာလို့လဲ မသိဘူး မသွားချင်ပေမယ့် မငြင်းနိုင်ဘူး..။ရင်ထဲမှာ အားနည်းနေသလိုပဲ.။ဟိုကောင်တော့ ဘယ်လိုနေမယ်မသိဘူး။ဒါနဲ့ သုံးယောက်သား စကားမပြောပဲ ကျောင်းလမ်းထဲကို ၀င်လိုက်ကြတယ်...။ကျောင်းတွေက တိတ်ဆိတ်ခြင်း ကြီးစိုးနေတယ် ။ကျောင်းထဲက ခွေးအူသံတောင်မကြားရဘူး ။ လမ်းကေ၇ညှိတွေနဲ့ချော နေတယ်.။ ချော်လဲမိသလို လဲ ဖြစ်သွားရော ကျွန်တော့်ပါးစပ်က ယောင်ပြီး ဘုရားလို့ ထွက်သွားတယ်...။ အသိလည်း ၀င်သွားသလိုပဲ...။ အဲအချိန် ဗြုန်းဆို သစ်ကိုင်းကျိုးကျတယ်....အဒေါ်ကြိးကို ကြည့်လိုက်တော့လည်း သူမရှိတော့ဘူး။ ဘာမှဆောက်တည်လို့ မရတော့ဘူး ။ ဘုရင့်နောင်သွေးပါတဲ့ ကျွန်တော်တို့ နှစ်ယောက်အောင်မလေးဗျလို့အော်ပြီး ပြေးတာ အိမ်ဘယ်လို ရောက်မှန်းမသိတော့ဘူး။ လူကြီးတွေ ပြောပြတော့ ဆူလိုက်တာ...။ (အဲအချိန်တုန်းက ကလေးရောင်းစားတာဆိုတာတွေ ခေတ်စားခဲ့သေးတယ်) နင်တို့ကို ခေါ်သွားဘယ်လိုလုပ်မလဲဆိုပြီး ဆူတာ...။ကလေးစိတ်ဆိုတော့ ကျွန်တော် မခံချင်ဖြစ်ပြီး ပြန်ပြောမိတယ်...။သားက ကူညီတာ ဘာညာ...။ဒါပေမယ့် စိတ်ထဲကို အတွေးတစ်ခု ၀င်လာတယ်....။ အဲဒီအဒေါ်ကြီး တကယ်ရှိသလားပေါ့.....။စိတ်ထဲမျာ မချင့်မရဲနဲ့....။အစကတော့ ကြောက်လို့ အဲဒီကျောင်း ခြေဦးမလှည့်ရဲဘူး။ ဒါပေမယ့် သိချင်တဲ့စိတ် ကြီးစိုးလာတာနဲ့ နေ့ခင်းဘက် ကျွန်တော်တို့ လူစုပြီး အဲဒီဘုန်းကြီးကျောင်းသွားကြတယ်....။ ဘုန်းကြီးတွေနဲ့ တွေ့တော့ ဘာပြောသလဲဆိုတော့ ရှိတယ်တဲ့...တောက ကုန်သည်တွေ ဒီမှာတည်းလေ့ရှိတယ်တဲ့...။ သိချင် ကျောင်းနောက်နားကို သွားကြည့်ဆိုတာနဲ့...သွားကြတယ်....။သကောင့်သား ခွေးတွေ အဲ့ညကတော့ မအူပဲ အဲနားရောက်တော့ အူရော...။ ကုန်သည်တွေတည်းတဲ့နားမှာ ဦးလေးကြီးတစ်ယောက်တွေ့တော့
" ဦးလေး ငါးပိကုန်သည် အဒေါ်ကြီး ရှိလား။တနေ့က တည်းတဲ့ သူလေ။
ဆိုတော့ ဒီအတောအတွင်းတည်းတာ ယောက်ကျားကြီးတွေပဲ၇ှိတယ်တဲ့ ဘယ်သူ့ကိုတွေ့ချင်လို့လဲ...တဲ့။လိုက်ရှာတော့လည်း မတွေ့ဘူး။ တကယ်ဦးလေးကြီးတွေပဲရှိတယ်။ ဒါနဲ့ ပြန်ခဲ့တယ်။ အဖြေမပေါ်ဘူး။ နော်ကတစ်ရက်မြို့ထဲမှာ အသုဘချတယ်...။မေးကြည့်တော့ တောကအဒေါ်ကြီးတစ်ယောက် သူ့ယောက်ကျားဆီကို လိုက်လာတာ လမ်းမှာ မြွှေကိုက်လို့တဲ့..။ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။ ခုချိန်ထိလဲ တွေးနေတုန်း.....။ အဲဒီအဒေါ်ကြီးဟုတ်ချင်မှ ဟုတ်မယ်။စပ်ဆက်မှုရှိချင်မှလည်း ရှိမယ်....။ဒါပေမယ့်....စဉ်းစားမိတာ....အဲဒီညက ကျွန်တော်တို့ လိုက်ပို့တဲ့ အဒေါ်ကြီး ဘယ်ရောက်သွားတုန်း....။ အဲဒီညကတွေ့ခဲ့တဲ့ အမကရော ဘာတုန်း "....သိရင်အဖြေထုတ်ပေးကြပါဗျာ....။

Credit : ပရလောကမှ ရှားပါးမှတ်တမ်းများ