Zawgyi & Unicode Changer
Tuesday, November 11, 2014
ကျနော်လဲအဖြစ်အပျက်လေးတစ်ခုရေးေ ပးလိုက်ပါတယ် ကျနော်ကအိမ်မှာတစ်ယောက်ထဲနေပါတယ် အိမ်ကရွာအစွန်ကျတယ်ဗျ အိမ်ခေါင်းရင်းလမ်းကိုကျော်လိုက်ရင်ရွာထိပ်ကဘုန်းကြီးကျောင်းရောက်ပြီဗျ ဘုန်းကြီးကျောင်ကျော်ရင်တောကြီး ဖြစ်သွားပြီဗျ ကျနော်ကညဆိုရင်တစ်နာရီလောက်မှအိ ပ်ပျော်တာပါစောစောအိပ်မပျော်ဘူး ဗျဒါတောင်ဘော်ဒါတွေနဲ့ ပုံမှန် ၈ ပတ်လောက်ကစ်ရတယ် မူးနေတော့ဘာမှမသိတော့ဘူးလေ ခေါင်းချရင်အိပ်ပျော်သွားတယ်
ကျနော်ကအဲ့နေ့က ဗိုက်အရမ်းပြည့်နေတာနဲ့ ၄ ပတ်လောက်ပဲကစ်ပြီး
အိမ်ကိုပြန်လာတာ ည၁၁နာရီလောက်ပေါ့ ပြီးတော့ခြံတခါးတွေလဲမပိတ်အိမ်တံခါးတွေလဲမပိတ်ပဲအိပ်ပျော်သွားတ ယ်
ခြံပေါက်နဲ့အိပ်ပေါက်ကလဲ တန်းတန်းကြီးဖေါက်ထားတာ ဒီလိုနဲ့အိပ်နေတုန်း
အိပ်မက်လိုလိုဘာလိုလို နဲ့ ခြံထဲကို လူလေးယောက်ဝင်လာတယ်
ဝင်လာတာလဲလေလိုမြန်တဲ့အရှိန်နဲ့ ပဲ
ပြီးတော့ကျနော်အိပ်တဲ့နံပေးမှာ ငုတ်တုတ်တွေထိုင်ပြီးကျနော့ကို
ကြည့်နေကြတယ်ဗျာ လေးယောက်ကမိသားစုလိုက်ဗျာ ယောက်ကျားကြီးတစ်ယောက်ရယ်
မိန်းမကြီးတစ်ယောက်ရယ် သူ့သမီးတွေလို့ထင်ရတဲ့ ကောင်မလေးနှစ်ယောက်ရယ်
ကျနော်အိပ်နေတဲ့ဘေးမှာ ဝိုင်းထိုင်ပြီး ဟက်ဟက်ပက်ပက်ကို ရီနေကြတာဗျာ
ကျနော်လဲ အသိစိတ်ဝင်လာပြီး စဉ်းစားတယ် ငါမျက်လုံးဖွင့်ကြည့်ရမလား
ဒါမှမဟုတ်ဒီတိုင်းနေရမလား တကယ်လို့ဖွင့်ကြည့်လို့ အပြင်မှာတကယ်ထိုင်နေရင်
ကျနော်အဲ့နေရာမှာတင်အသက်ထွက်သွားနိုင်တယ် ကျနော်လဲအားတင်းပြီးဖြစ်ချင်ရြာ ဖစ်ဆိုပြီး
ခြေထောက်တွေကိုအားအကုန်သုံးကန် ပြီးမျက်လုံးဖွင့်လိုက်တော့
တော်သေးတယ်တကယ်မရှိလို့ ဒါပေမဲ့လူကတော်တော်တုန်နေပြီ ရင်ဘတ်တွေကလဲ
ဖုတ်လိုက်ဖုတ်လိုက်ပဲ ဖြစ်ချင်တော့လူကကြောက်နေပါတယ်ဆို အိမ်သာအရမ်းတတ်ချင်လာတယ်ဗျာ ကျနော်လဲကြိုးစားထိန်းချုပ်တယ် နောက်ဆုံးမဖြစ်နိုင်တာနဲ့နောက်ေ ဖးသွားပြီးကိစ္စ မြန်မြန်ပြီးလိုက်ရတယ် နောက်တော့ရေသောက်ပြီး ဘုရားရှိခိုး ဘုရားစားဆို အိမ်တံခါးတွေပြန်ပိတ်ပြီးထပ်အိပ်လိုက်တယ် အဲ့ဒီမှာနောက်ဒုက္ခစလာပါလေရော အိပ်မပျော်တပျော်ရှိသေးတယ် ဖလူးစီပါလေရော လူကသိသိချင်း လှုပ်ရှားလိုက်ပေမဲ့အချိန်မမှီေ တာ့ဘူး သွားပြီနားတွေတစီစီမြည်ပြီးလှုပ်လို့မရတော့ဘူး ကျနော်ကလဲဆယ်တန်းလောက်ကအကြိမ်ကြိမ် ဖြစ်ဖူးတော့သိပ်တော့မထူးဆန်းတော့ ပါဘူး အရင်ဖြစ်တုန်းကဆိုရင် သံဗုဒ္ဓေ ဂါထာကို အများဆုံးအခါ၃၀လောက်ဆိုရင်ပျောက်သွားတတ်တယ်
ဒီတစ်ခါတော့မရဘူးဗျ အခါ၅၀လောက်ရွတ်လဲမထူးခြားဘူး ဒါနဲ့ကျနော်လဲစတင်
ရုန်းပါတော့တယ် နောက်ဆုံးဘယ်လိုမှရုန်းမရတော့ ခေါင်းရင်းကတိုင်ကိုဆွဲထတယ်
ကျနော်လဲကြောက်တော့ဘုရားစင်အောက်မှာအိပ်တာကို မရမကကုန်းထပြီး ရေအိုးစင်ကို အရောက်သွားပြီးရေသောက်လိုက်ရင်ေ ပျာက်မယ်ပေါ့ ကျနော်လဲရေအိုးစဉ်လဲရောက်ရော အောက်အိုးကကျနော့အရပ်ထက် ၅ စလောက်မြင့်နေတာဗျာ သွားပြီမျော်လင့်ချက်ကုန်နေပြီအဲ့ကျမှ
ကျနော့နာမည်ကိုခေါ်သံကြားရတာ ကျနော်လဲ ဗျာဆိုအကျယ်ကြီးထူးလိုက်တာ
ဒီတော့မှသတိပြန်ဝင်လာပြီး ထလို့ရတယ် ကျနော့ကိုခေါ်တာကအိမ်ချင်းကပ်က လူက
ညည်းသံကြားလို့လှမ်းခေါ်တာတဲ့ကျေးဇူးတင်လိုက်တာဗျာ ကျနော်လဲမအိပ်ရဲတော့ပါဘူးနာရီကြ ည့်တော့၃နာရီရှိပါပြီ အဲ့ဒီနေ့ကတော့ လုံးဝဒုက္ခအရောက်ဆုံးညအဖြစ်အမှတ် ရနေတယ်ဗျာ စာဖတ်ရတာပျင်းဖို့ကောင်းရင်ခွင့် လွတ်ပါ သူငယ်ချင်းတွေလဲကျနော့လိုဖြစ်ဖူးရင်မန့်ခဲ့ပါအုံး နောက်ကျမှတကယ်ခြောက်ခံရတဲ့အကြော င်းရေးတော့မယ်၃ခါတော့မြင်ဖူးတယ် သရဲကို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment