Zawgyi & Unicode Changer

Tuesday, November 11, 2014

ကျုံပျော်က သရဲ

ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုပါ။သရဲဟုတ်မဟုတ်တော့ မသေချာဘူး....ပြန်တွေးတိုင်း ရင်တော့ခုန်သား...။

ကျွန်တော်က ကျုံပျော်ဆိုတဲ့ မြို့လေးတစ်မြို့မှာ နေပါတယ်... ဧရာဝတီတိုင်းထဲမှာရှိပါတယ်.။ မကြီးပေမယ့် စည်ကားတဲ့ မြို့လေးပေါ့။ ဘုန်းကြီးကျောင်းတွေလည်း တော်တော်ပေါပါတယ်....။ နာမည်တော့ ထည့်မပြောတော့ဘူးနော်...။ အားနာလို့....။

ဇာတ်လမ်းပြန်စရရင် အဲအချိန်တုန်းက ကျွန်တော် ၆တန်းပါ။ ညနေတ...ိုင်း ကျွန်တော်တို့ကလေးတွေ ဘောကန်ကြပါတယ်...။ ကျွန်တော်တို့ က မြို့ထဲလမ်းမှာ နေတာဆိုတော့ လွတ်လွတ်လပ်လပ် ဘောမကန်ရဘူးလေ။အဲဒီတော့ ညနေပိုင်း ပိတ်တဲ့ဆိုင်တွေ ရှေ့မှာ ကန်ကြတယ်..။သမန်တလင်းနဲ့ဆိုတော့ အပီပေါ့...။
အဲဒီနေ့ကမှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၆ရက်ပါ။ အဲနေ့က ကန်ရင်းကန်ရင်းနဲ့ အရှိန်လွန်ပြီး နဲနဲ မှောင်သွားတယ်... ။ ဆောင်းရာသီ ဖြစ်တာလဲပါမှာပေါ့။ ဒါနဲ့ ပြန်ကြမယ်ဟေ့လို့ ပြောရုံရှိသေး
အဒေါ်ကြီးတစ်ယောက်ေ၇ာက်လာတယ်။ ကလေးလေးလည်း ခါးထစ်ခွင်ချီထားတယ်...။ ပြန်မလို့ ဘောလုံးသိမ်းနေတဲ့ ကျွန်တော့်လက်ကို လှမ်းဆွဲပြီး..." ကလေး အဒေါ့်ကို ....ဘုန်းကြီးကျောင်းလိုက်ပို့ ပါလား။ အဲဒီမှာ တည်းတာပါ။အဒေါ်က ငါးပိငါးခြောက် ကုန်သည်ပါ။လမ်းမမှတ်မိတော့လို့ပါ.။အဖော်လိုလို့ပါ။ ပိုက်ဆံငါးဆယ်ပေးပါမယ် "လို့ပြောရော..။ ကျွန်တော်က လူသာခပ်ပေါပေါ.... ဟိုကူညီဒီကူညီနဲ့ လုပ်တတ်တယ်...။ အဲဒါနဲ့..ကျွန်တော်က ရပါတယ် အဒေါ်ရယ် ဆိုပြီး သူငယ်ချင်း ကလေး( သူက အလွန်ဆုံး ၄တန်းပေါ့) ဇေယျာ....ကို
ခေါ်ပြီးလိုက်ခဲ့ရော....။

တစ်လှမ်းနှစ်လှမ်း ...စ စသွားချင်းတုန်းက သတိမထားမိဘူး။ ဘုန်းကြီးကျောင်းလမ်းနားကို ရောက်တော့ ဇေယျာက လက်လှမ်းကုပ်တယ်...။ဟေ့ရောင် သူခြေလှမ်းက မြန်လိုက်တာတဲ့....။ ဟုတ်သားပဲ အဲတော့မှ သတိထားမိတယ်...။သူက လမ်းမမှတ်မိလို့ အဖော်ခေါ်တာလဲပြောသေး...။
သူက ရှေ့ကလျှောက်နေတာ...။ ရုတ်တရက် လေကလည်း စိမ့်ခနဲဖြတ်တိုက်သွားတယ်...။ အဲဒီအဒေါ်ကြီးကို လှမ်းကြည့်မိတော့ ဆံပင်ရှည်တွေကလည်း လေထဲဝဲလို့ ။ အရေးထဲ ခွေးတွေက ထအူသေး....။ကျွန်တော်တို့ နှစ်ယောက်သား တိုင်ပင်မထားပဲ ပူးကပ်ပြီးလက်တွေ တွဲလိုက်တယ်...။သတ္တိကောင်းပုံများ ....:P/ အဲဒီအဒေါ်ကြီးကလည်း လွန်ပါတယ်ဗျာ.... နည်းနည်းတောင် စကားလှည့်မပြောဘူး...။ ကလေးချီလမ်းကို မဲပြီးလျှောက်နေတာ....။ပတ်ဝန်းကျင်ကြည့်မိတော့ လူကလည်း ပြတ်နေတယ်......။ အစက ပြန်ပြေးကြမလို့...။ကျွန်တော်က ကုသိုလ်၇ပါတယ်ကွာ.....ရောက်ပဲရောက်တော့မယ်ဆိုပြီး..ပြောလိုက်တယ်။ဒါနဲ့ နှစ်ယောက်သား တုန်တုန် တုန်တုန်နဲ့ သူ့နောက်ကလိုက်ခဲ့တာ. ...ကျောင်းရှေ့ရောက်ရော....ဆံပင်ရှည်နဲ့ အစ်မကြီးတစ်ယောက် မတ်တပ်ရပ်နေတယ်....။ ရှေ့က အမကြီးကို တွေ့တော့ ပြုံးပြပြီး စကားပြောနေတယ်...။သူတို့အနားရောက်တော့ မေးနေတဲ့စကားက အမ.....ဘုန်းကြီးကျောင်းက ဘယ်နားမှာတုန်း ညီမရှာနေတာတဲ့...။သူ့ရှေ့မှာက ဒီလောက်ကြီးတဲ့ ဆိုင်းဘုတ်ကြီး........ကျောင်းဆိုပြီးကပ်ထားတာ... အဲဒါလာမေးနေတယ်...။ ကျွန်တော် ကြောင်သွားတယ်...။ ဘေးက အဒေါ်ကြီးဖြေတာလည်းကြည့်ဦး....။ "ဟဲဟဲဟဲ...ဒီမှာလေ"တဲ့...။ ဘာမှ ရယ်စရာမပါတဲ့ မေးခွန်းကို ရယ်နေတာ...။ အဲလိုလည်း ဖြေလိုက်ရော..စောစောက အမကြီးက နောက်တွေ့မယ်နော် မောင်လေးတို့.. ဟင်းဟင်းဟင်း ဆိုပြီး ရယ်ပြပြီး ပြန်လှည့်သွားတယ်..။သူက လှပါတယ်..။ဒါပေမယ့် သူရယ်တာ ကြားလိုက်ရတာ ရင်ထဲမှာ ပြည့်အင့်တင်းကြပ်သွားတယ်...။ ရင်ထဲကို လက်ကြီး ၀င်မွှေနေသလိုပဲ....။ အားပြန်တင်းပြီး အဒေါ်ကြီးကို ပြောလိုက်တယ်...အဒေါ်ရောက်ပြီ....သားတို့ပြန်တော့မယ် ဆိုပြီးတော့။ အဒေါ်ကြိးက နေပါဦးသားတို့ ရယ် မုန့်ဖိုးပေးချင်လို့ပါ...ကျောင်းထဲကို လိုက်ခဲ့ပါဦးဆိုပြီး ခေါ်တယ်..။ဘာလို့လဲ မသိဘူး မသွားချင်ပေမယ့် မငြင်းနိုင်ဘူး..။ရင်ထဲမှာ အားနည်းနေသလိုပဲ.။ဟိုကောင်တော့ ဘယ်လိုနေမယ်မသိဘူး။ဒါနဲ့ သုံးယောက်သား စကားမပြောပဲ ကျောင်းလမ်းထဲကို ၀င်လိုက်ကြတယ်...။ကျောင်းတွေက တိတ်ဆိတ်ခြင်း ကြီးစိုးနေတယ် ။ကျောင်းထဲက ခွေးအူသံတောင်မကြားရဘူး ။ လမ်းကေ၇ညှိတွေနဲ့ချော နေတယ်.။ ချော်လဲမိသလို လဲ ဖြစ်သွားရော ကျွန်တော့်ပါးစပ်က ယောင်ပြီး ဘုရားလို့ ထွက်သွားတယ်...။ အသိလည်း ၀င်သွားသလိုပဲ...။ အဲအချိန် ဗြုန်းဆို သစ်ကိုင်းကျိုးကျတယ်....အဒေါ်ကြိးကို ကြည့်လိုက်တော့လည်း သူမရှိတော့ဘူး။ ဘာမှဆောက်တည်လို့ မရတော့ဘူး ။ ဘုရင့်နောင်သွေးပါတဲ့ ကျွန်တော်တို့ နှစ်ယောက်အောင်မလေးဗျလို့အော်ပြီး ပြေးတာ အိမ်ဘယ်လို ရောက်မှန်းမသိတော့ဘူး။ လူကြီးတွေ ပြောပြတော့ ဆူလိုက်တာ...။ (အဲအချိန်တုန်းက ကလေးရောင်းစားတာဆိုတာတွေ ခေတ်စားခဲ့သေးတယ်) နင်တို့ကို ခေါ်သွားဘယ်လိုလုပ်မလဲဆိုပြီး ဆူတာ...။ကလေးစိတ်ဆိုတော့ ကျွန်တော် မခံချင်ဖြစ်ပြီး ပြန်ပြောမိတယ်...။သားက ကူညီတာ ဘာညာ...။ဒါပေမယ့် စိတ်ထဲကို အတွေးတစ်ခု ၀င်လာတယ်....။ အဲဒီအဒေါ်ကြီး တကယ်ရှိသလားပေါ့.....။စိတ်ထဲမျာ မချင့်မရဲနဲ့....။အစကတော့ ကြောက်လို့ အဲဒီကျောင်း ခြေဦးမလှည့်ရဲဘူး။ ဒါပေမယ့် သိချင်တဲ့စိတ် ကြီးစိုးလာတာနဲ့ နေ့ခင်းဘက် ကျွန်တော်တို့ လူစုပြီး အဲဒီဘုန်းကြီးကျောင်းသွားကြတယ်....။ ဘုန်းကြီးတွေနဲ့ တွေ့တော့ ဘာပြောသလဲဆိုတော့ ရှိတယ်တဲ့...တောက ကုန်သည်တွေ ဒီမှာတည်းလေ့ရှိတယ်တဲ့...။ သိချင် ကျောင်းနောက်နားကို သွားကြည့်ဆိုတာနဲ့...သွားကြတယ်....။သကောင့်သား ခွေးတွေ အဲ့ညကတော့ မအူပဲ အဲနားရောက်တော့ အူရော...။ ကုန်သည်တွေတည်းတဲ့နားမှာ ဦးလေးကြီးတစ်ယောက်တွေ့တော့
" ဦးလေး ငါးပိကုန်သည် အဒေါ်ကြီး ရှိလား။တနေ့က တည်းတဲ့ သူလေ။
ဆိုတော့ ဒီအတောအတွင်းတည်းတာ ယောက်ကျားကြီးတွေပဲ၇ှိတယ်တဲ့ ဘယ်သူ့ကိုတွေ့ချင်လို့လဲ...တဲ့။လိုက်ရှာတော့လည်း မတွေ့ဘူး။ တကယ်ဦးလေးကြီးတွေပဲရှိတယ်။ ဒါနဲ့ ပြန်ခဲ့တယ်။ အဖြေမပေါ်ဘူး။ နော်ကတစ်ရက်မြို့ထဲမှာ အသုဘချတယ်...။မေးကြည့်တော့ တောကအဒေါ်ကြီးတစ်ယောက် သူ့ယောက်ကျားဆီကို လိုက်လာတာ လမ်းမှာ မြွှေကိုက်လို့တဲ့..။ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။ ခုချိန်ထိလဲ တွေးနေတုန်း.....။ အဲဒီအဒေါ်ကြီးဟုတ်ချင်မှ ဟုတ်မယ်။စပ်ဆက်မှုရှိချင်မှလည်း ရှိမယ်....။ဒါပေမယ့်....စဉ်းစားမိတာ....အဲဒီညက ကျွန်တော်တို့ လိုက်ပို့တဲ့ အဒေါ်ကြီး ဘယ်ရောက်သွားတုန်း....။ အဲဒီညကတွေ့ခဲ့တဲ့ အမကရော ဘာတုန်း "....သိရင်အဖြေထုတ်ပေးကြပါဗျာ....။

Credit : ပရလောကမှ ရှားပါးမှတ်တမ်းများ

No comments:

Post a Comment