Zawgyi & Unicode Changer
Tuesday, November 11, 2014
၂၀၀၆ခုနှစ်လောက်က ပေါ့ ကျွန်တော် ၁၀တန်းဖြေထား တာလေ,ဗိုလ်သင် တန်းတက်မယ်
ဆိုပြီးဗိုလ်ရွေးဆိုတဲ့ သင် တန်းဖြေထားပြီးချိန်ပေါ့
ဝိတ်ကနည်းနည်းများနေလို့ သထုံလမ်းထဲက အားကစားရုံမှာ GYM ဆော့ ရတယ်,အဲဒီနေ့က
GYM မ ဆော့ချင် လို့လှည်းတန်းကMOON မှာကော်ဖီသွားသောက်ပြီး
အချိန်ဖြုန်းနေလိုက်တယ် ၆:၀၀လောက်ကြ တော့ ပြန်မယ်ဆိုပြီး
GYMမှာအပ်ထားခဲ့တဲ့ အဝတ်အစားတွေသွားယူပြီး
စိုက်ပျိုးရေးဘက်ကိုပြန်လာခဲ့တယ်အဲဒီနေ့ကသထုံလမ်းမှာလမ်းမီးတွေကလည်းပျက်နေတယ်
ဒါပေမယ့်ကိုကလည်းကိုယ့်အာရုံနဲ့ကိုဆိုတော့ ကြောက် ရ
ကောင်းမှန်းလည်းမသိပါဘူးဒီအတိုင်းပဲ လျှောက်လာတာပေါ့ဆေးတက္ကသိုလ်နဲ့အ
ဝေးသင်တက္ကသိုလ်ကြားမှာ ဝင်းတံခါးပေါက်ကြီးတစ်ခုရှိတယ်လေ
အဲဒီနားလည်းရောက်ရော အရိပ်လိုလို ဘာလိုလိုတစ်ခုကိုတွေ့တယ်
အဲဒီအထိကိုဘာမှမစဉ်းစားမိသေးဘူး ဘာလဲဟ ပေါ့အနီးရောက်မှကြည့်လိုက်တော့ အ
ဒေါ်ကြီးတစ်ယောက်ဖြစ်နေတယ် ပခုံးပေါ်မှာလည်းက လေးလိုလိုဘာလိုလိုလေးနဲ့
သြော်ဟုတ်ပြီ က လေးသိပ်နေတာပေါ့ ဆိုပြီးတွေးလိုက်သေးတယ် အဲဒီ့အချိန်မှာဘဲ
TTCဘက်က နေ Supersaloon တစ်စီးက
မီးကြီးထိုးပြီးမျက်နှာချင်းဆိုင်မောင်းလာတာ
အနီးရောက်တော့မျက်လုံးအလင်းစူးသွားလို့ခဏမှိတ်လိုက်ပြီးပြန်ဖွင့်တော့
ဟိုသားအမိက မရှိတော့ဘူး ရှင်းရော ဟိုကားကလည်းမောင်းသွားတော့ အ မှောင်
ထဲမှာတစ်ယောက်ထဲ အဲဒီ့တော့်မှသုတ်တာပေါ့ တော်သေးတယ်TTC
ကျောင်းဘောလုံးကွင်းနားမှာ မီးတိုင်လေးတစ်တိုင်တွေ့တော့်
အဲဒီ့အောက်မှာသွားရပ်နေရတယ် ဘယ်ကြည့်ကြည့်မှောင် မဲနေတာဆိုတော့
အဲဒီ့အချိန်မှာ ကံကောင်းတော့စိုက်ပျိုးရေးမှတ်တိုင် ဘက် က နေ
လူအုပ်လိုက်ကြီး ဓာတ်မီးတွေနဲ့လျှောက်လာတာမြင်တော့မှ
သူတို့ရှိတဲ့ဘက်ကိုပြေးရတယ် အိမ်ကိုရောက်တော့ Father ကြီးက ရေချိုး
ဘုရားရှိခိုးပုတီးစိပ်ခိုင်းပြီးမှအိပ်ခိုင်းတယ် ကြည့်ရတာသူကသူ့ဘာသာနေတာ
ကိုယ်ကကံနိမ့်နေတဲ့အချိန်နဲ့သွားတိုးတာထင် ပါရဲ့ဗျာ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment