ဖြစ်ရပ်မှန်ကို အခြေခံထားပါသည်။
ကျနော်၏ အိမ်သို့ မတွေ့ တာ လွန်စွာကြာပြီဖြစ်သော ကျနော်
့ငယ်ပေါ်င်းသငယ်ချင်းကြီး မင်းဆွေသည် ရေးကြီးသုတ်ပြာ စွာပေါ်က်ချလာပေ သည်။
`ဟာ မင်းဆွေ မင့်မလဲ ပေါ်လာသေးတယ်နော် မိန်းမရပြီးထဲက ပျောက်သွားလိုက်တာ '
` အေးကွာ ငါလဲ မအားဘူးဟ မင်းကိုတော့ သတိရပါတယ် ကွာ '
`အေးမင်းကလေးတွေရော ဘယ်အရွယ်တွေရောက်ကုန်တုန်းကွ'
`အကြီးမလေးက ၈ တန်း အငယ်ကောင်လေးက သူငယ်တန်းကွ'
`အော် မင်းခလေးတွေတောင် အဲ့လောက်ရှိကုန်ပြီပဲ ငါတို့ မတွေ့ ရတာ တော်တော်
ကြာပေါ့'
`အေးကွာ ဟုတ်ပါရဲ့  စကားကောင်းနေတာ လာရငိးကိစ္စပြောဖို့ မေ့ တယ် '
အေးဟုတ်သား မင်းဆွေ ရ မင့်လာရင်းကိစ္စဆိုပါဦးကွ အဲ့နေဦး
လဖက်ရည်သောက်ရင်းပြောကျတာပေါ့'
ဤသို့ ဖြင့် နှစ်ယောက်သား လမ်းထိတ် ရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး
လက်ဖက်ရည် မှာသောက်ရင်း
`ကဲမင်းဆွေ မင့်ကိစ္စကိုပြော '
`ဒီလိုကွ ငါ့မိန်းမရဲ့ အဖေ ငါ့ ယောက်္ခမ ပေါ့ကွာ သူမဆုံးခင် ငါတို့ ကို
အမွေခွဲပေးခဲ့တယ် ငါ့မိန်းမက မြောက်ဒဂုံမှာ တစ်ထပ်ပျဉ်ထောင်အိမ်နဲ့ 
ခြံဝန်းလေးသီးသန့် ရတယ် ဒီလိုနဲ့  ငါတို့ မိသားစုလဲ လက်ရှိ ငှားနေနေတဲ
့တိုက်ခမ်းကို ပြန်အပ်ပြီး အဲ့အိမ်လေးကိုပြောင်းလာရောကွ စစနေချင်း
တစ်ပတ်လောက်က အေးအေးဆေးဆေးပါပဲ နောက်ပိုင်းလဲကျရော ညညဆို အငယ်ကောင်လေးက
ထထငိုပါလေရော ဘာဖြစ်လို့ လဲ မေးရင် သူ့ ကို မျက်နှာဖြူဖြူကြီးက
လှမ်းလှမ်းပုတ်တယ်လို့ ပြောတယ် အစက ငါတို့ လဲ ကလေးကယောင်ကတမ်းပြောတယ်
ထင်တာပဲ လေ နောက်ကျတော့ အိမ်နောက်ဖွေးမှာလဲ လမ်းလျှောက်သံတွေ
ပတင်းပေါ်က်ဖွင့်သံတွေ ရော ကွာ ညဘက် ၉ နာရီလောက်ဆို စကြားရတော့တာပဲ။
တစ်ရက်ကျတော့ ငါ့မိန်းမ အိမ်နေခာက်ဖက်မှာ ရေချိုး အဝတ်လျှော်နေတုန်း
အိမ်ပေါ်ကနေ ဝုန်းဆိုတဲ့ အသံကြားလို့ သွားကြည့် တာ လားလား
ကြောင်အိမ်ကြီးပွင့် ပြီး ရှိသမျှဟင်းတွေ မှောက်ကျနေတာ ငါ့မိန်းမဆို
တော်တော် လန့် သွားရှာတာ။ဘေးပတ်ဝန်းကျင်ကို မေးတော့ လဲ အိမ်အကြောင်းကို
ဂဂနန မသိ ကြဘူးလေ။ ခုညပိုင်းတွေဆို ပိုပိုဆိုးလာတယ် ငါတို့ အခန်း
ကတခါးမရှိဘူးလေ လိုက်ကာနဲ့ ပဲဆိုတော့ ညဘက်ညဘက်ဆို
အိပ်မပျော်တစ်ပျော်ချိန်ဆို လိုက်ကာ ကို လှန်လှန်ပြီး လာကြည့်နေတယ် ကွ
ကူညီပါဦး သငယ်ချင်းရာ မင်းက ဒီလိုကစ္စ တွေဆို အတွေ့ အကြုံရှိတော့
မင်းအကူအညီလိုလို့ ပါကွာ'ဟုကျွနှုပ်အား မျက်နှာငယ်လေးဖြင့်  ပြောဆိုလာသော
မင်းဆွေအား ` အော်မင်းအိမ်မှာ အနှောက်အယှက်ရှိနေတာကိုး မပူပါနဲ့ 
ငါ့မှာအသိဆရာတစ်ယောက်ရှိတယ် မင်းကိုချိတ်ပေးမယ် ဟုတ်ပြီလား
စိတ်အေးအေးထားပါသငယ်ချင်းရာ '
`အေးပါကွာ ကျေးဇူးပါ ပဲကွာ'
သို့ ဖြင့် ကျနော့် အသိဗမာ ဆရာတစ်ယောက်နှင့် မင်းဆွေအား တွေ့ ဆုံပေးပြီး
ဆရာအား အကျိုးအကြောင်းပြောပြကာ မင်းဆွေ၏ အိမ်တွင်အစီအရင်များ
လုပ်လေတော့သည်။ သို့ သော် ထင်သလောက်မလွယ်ကူမှန်း
မကြာခင်တွင်သိလိုက်ရသည်။ထိုအစီအရင်များ လုပ်ပြီး သုံးရက်မြောက်နေ့ တွင်
မင်းဆွေ ပေါ်က်ချလာပြန်သည်။ ` ဟမင်းဆွေပါလား ဘလိုလဲ အဆင်ပြေသွားပြီမဟုတ်လား '
`ဟေ့ကောင်ရ မပြေတဲ့ ပြင်ပိုဆိုးလာသကွ ဒီတစ်ခါ အကောင်အထည်ပါ ပေါ်လာပြီ ငါတို
့မိသားစုကို ချိန်းချောက်လာပြီကွ။ခုဆို သရဲ က ညဘက်တင်မဟုတ်ဘူး ဟေ့ နေ
့ဘက်ပါသောင်းကျန်းတာ ဖြစ်ပုံက ဒီလိုကွ ငါတို့  ခြံက နဲနဲ ကျယ်တယ်လေ အဲ့တော့
ရေချိုး တဲ့ နေရာနဲ့ အိမ်သာက အိမ်အပြင်ထုတ်ထားတာပေါ့ အဲ့နေ့ တုန်းက ညနေ
သုံးနာရီပေါ့ ငါ့အလုပ်က နေ့တစ်ဝက်ဆင်းလို့ ပြန်လာတာ ဗိုက်က လဲ
သိပ်မကောင်းတာနဲ့  အိမ်သာတက်တာပေါ့ကွာ အိမ်သာရှေ့ က ခြေသံတစ်ဖတ်ဖတ် နဲ
့ကြားရတာပေါ့ ငါလဲ ငါ့မိန်းမထင်လို့  အိမ်သာ တက်မလို့ လား လို့ လှမ်းမေးတယ်
ဘာသံမှမကြားရဘူး အဲ့တာ နဲ့ ငါလဲ ကိစ္စ ဖြတ်ပြီး ထွက်လာတော့ ဘယ်သူမှမရှိဘူး
ငါနဲနဲတော့ ရှိန်သွားတယ်ကွ ပြီးတော့ ငါ့နောက်က ခြေသံကြားလို့ လှည့် ကြည်
့တော့ လူတစ်ယောက်ကွ မှတ်မှတ် ရရ ကတုန်းစံတောက်နဲ့  ရှမ်းဘောင်းဘီလို အပွ နဲ
့ အသားဖြူဖြူ မျက်လုန်းမှေးမှေး ငါကလဲ မင်းဘသူလဲ လို့ မေးတော့ ဘာမှ
ပြန်မဖြေဘဲ သူ့ ခေါ်င်းကြီးကို ဖြုတ်ပြီး လှမ်းပေါ်က်တယ်ဟ အမငီး ပြောရင်း
ကျက်သီးတောင်ထသကွား ငါလဲ လှန့်  ဖြန့် ပြီး ခုန်ရှောင် လိုက်တာပေါ့
ဘလောက်ထိခုန်မိလဲတော့ မသိဘူး ခွေးကျကျပြီး သတိလစ်သွားတယ်လေ ငါ့မိန်းမ က
အသံတွေကြားလို့ ထွက်လာကြည့် တော့မှ အိမ် နောက်ဖေး အပြင် တေထာင့်မှာ ဆန်
့ဆန့် ကြီးလဲ နေတဲ့ ငါ့ကို တွေ့ တာပဲ
ငါလဲ မင်းမိတ်ဆက်ပေးတဲ့ဆရာကို ထက်ခေါ်ပြီး လုပ်ပါသေးတယ် ဒါပေမယ်
့နှစ်ရက်သုံးရက်လောက်ပဲ ငြိမ်သွားပြီး နောက်ပိုင်း ပိုပို ဆိုးလာတယ် မနေ
့ညက ငါ့ကို အိမ်မက်ပေးတယ် ငါ့ကို ခေါ်င်းဖြုတ်ပြီးပေါ်က်တဲ့ တရုတ်ကောင်ပဲ ဟေ့
သူက ငါ့ကို ဘလို ပြောလဲ ဆိုတော့ မင်းတို့ က ငါ့ကိုများ နှင်ချင်သေးတာလား
မင်းတို့ ဗမာ ဆရာအစီအရင် လုပ်နေတဲ့ ချိန်ငါက ရှောင်နေလိုက်ယုံပဲ ပြီးတော့မှ
ပြန်ဝင်တာ ပေါ့ ငါက ဒီတိုင်းထွက်သွားမှာ မယုတ်ဘူး
မင်းတို့ မိသားစု ကို သတ်ပြီး မှ ထွက်သွားမှာ လို့ ပြောတယ်ကွာ ငါလဲ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ဘူး ကွာ ကယ်ပါဦး'
မင်းပြောပုံအရဆို မင့်အိမ်မှာ သောင်းကျန်းနေတဲ့ ကောင်က
တရုတ်တစ္ဆေပေါ့။ဒါကြောင့်ဗမာနည်းနဲ့ လုပ်လို့ မရတာကိုး ကိုင်း မင်းဆွေ
စိတ်မပူနဲ့  ငါ့မှာ အကြံရှိတယ် မနက်ဖြန် မင်းစီကို ငါလာခဲ့မယ်။ဟု
မင်းဆွေကို ချော့မော့ကာ ပြန်လွှတ်လိုက်သည်။ ထို့ နောက် ကျုပ် လဲ
တရုတ်ဘုံကျောင်းသို့ ထွက်လာခဲ့ လေသည် ဘုံကျောင်းသို့ ရောက်သည် နှင့်
ကွိုင်ရင်မယ်တော် ကျောင်းဆောင်သို့ သွားကာ တရုတ် အင်းချပ် နှစ်ချပ်နှင့်
အမွှေးတိုင် များတောင်းခံလာခဲ့ လေသည် ။ နောက် နေ့ ရောက်သောအခါ ကျနှုပ် လဲ
မင်းဆွေ ၏ အိမ်သို့ ထွက်ခွာ လာခဲ့လေသည် ။ ထို့ နောက် မင်းဆွေ အိမ်သို
့ရောက်သောအခါ တွင် ဘုံကျောင်းမှယူလာသော အင်းချပ် ကို အိမ်ရှေ့  တခါးမ ကြီး
နှင့် အိမ် နောက်တခါး တွင်ကပ်ခါ ဤအိမ်သည် ကွိုင်ရင်မယ်တော် ၏
ဆောင့်ရှောက်မှုတွင် ရှိနေပါသောကြောင့် မကောင်းဆိုး ဝါးအနှောက် အယှက်များ
အဝေးသို့  ထွက်ခွာသွားပါလေ ဟုရွတ်ဆိုကာ အမွှေးတိုင်ထွန်းပြီးအိမ်ကို
သုံးပတ်ပတ် ကာ ရွတ်ဆို သည်။ထို့ နောက် မင်းဆွေ အား သငယ်ချင်း
စိတ်ချပြီးနေတော့ သူ့ နည်းနဲ့ သူ ရှိတယ်ကွ မင်းအိမ်က ကောင်က
တရုတ်တစ္ဆေဆိုတော့လဲ တရုတ် နည်းနဲ့  ကွိုင်ရင်မယ်တော် အကူအညီ ယူပြီး
နှိမ်နင်းရတာပေါ့ကွာ။
မင်းဆွေတို့ မိသားစုလဲ ကျနှုပ်ကိုကျေးဇူးတင်မဆုံး ရှိနေတော့သည်။ နောက်
တစ်ပတ်လောက်နေတော့ မင်းဆွေ လက်ထဲမှာ လဲ စားစရာထုတ်တွေ နဲ့ ပေါ်က်ချလာပြီး `
သငယ်ချင်းရာ မင်းကို ကျေးဇူးအရမ်းတင်တယိကွာ ခုဆို ငါတို့ အိမ် မှာ အပ်ကျသံက
အစကြားရလောက်အောင် တိတ်စိတ် သွားပြီ အငယ်ကောင်လဲ လန့် လန့် မအော် တော့ဘူး
ကွ မင်းကို ကျေးဇူး အရမ်းတင် ပါတယ် သငယ်ချင်း ရာ ' ` အေးပါ မင်းတို
့အဆင်ပြေသွားရင်လဲ ငါဝမ်းသာပါတယ် ကွာ ' ထို့ နောက် ကျနော် အတန်တန်
ငြင်းနေသည့် ကြားမှ လက်ဆောင်များ အတင်းပေးကာ ပြန်သွားသော ကျနော့် သငယ်ချင်း
မင်းဆွေ၏ ကျောပြင်ကို ငေးကြည့် ခါ ပြုးရင် ကျန်ခဲ့လေ တော့သည် ။
ပထမဦးဆုံးအကျိန်စရေးခြင်းဖြစ်သောကြောင့် အဆင်မပြေတာ များစွာရှိ နေလျှင်
သည်းခံပြီး ဖတ်ပေးကြပါခင်ဗျာ အားပေးလျှင် ထက်ရေးပေးပါဦးမယ် ခင်ဗျ
ကျေးဇူးတင်ပါတယ်
။။http://www.ghost.myanmartv.info
No comments:
Post a Comment