မန္တလေးကနေ ပြင်ဦးလွင်ကို သွားမယ်ဆိုရင် (၁၉) မိုင် ဆိုတာရှိပါတယ်။
မန်းလေးနဲ
့ ပြင်ဦးလွင် အလယ်လောက်မှာ ရှိတာပါ။ အဲဒီနားမှာ ကားလမ်းက
ဆင်ခြေလျှောဇောက်ကြီး ဖြစ်နေပြီး အဲဒီ လျှောဇောက်ပြီးတော့မှ အကွေ
့ပြန်ဖြစ်သွားပြီး တောင်ကိုပတ်တဲ့ လမ်းပြန်ဖြစ်သွားတာပေါ့ ။ အကွေ
့လမ်းတစ်ဖက်မှာလည်း ချောက်ကမ်းပါးကြီးရှိနေပြန်ပါသေးတယ်။
အဲဒီနေရာမှာ ကားတွေ ခဏ ခဏ မှောက်၊ လူတွေသေခဲ့ ကြ။ ဒဏ်ရာတွေ ရကြနဲ့ မနည်းပါဘူး။
အဲဒါကြောင့်မို့လည်း တာဝန်ရှိသူတွေက ယာဉ်မောင်းတွေ သတိနဲ့ မောင်းနိုင်အောင် ကားမှောက်မှုတွေမှာ
သေဆုံး
ဘယ်နှစ်ယောက် ၊ ဒဏ်ရာရ ဘယ်နှစ်ယောက်ဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့ ကို
ရေးထားပေးပါတယ်။ ဒါပေမဲ့ ခဏခဏ ဖြစ်တုန်း မှောက်တုန်း၊ သေတုန်းပါပဲ။
ဟိုးအရင်တုန်းကတည်းက ဖြစ်နေတာပါ ..။
(၁၉၈၀) ခုနှစ်ဝန်းကျင်ကာလအချိန်တုန်းက ပြင်ဦးလွင်မြို့၊ ဆေးတပ်မှာ
တာဝန်ကျနေတဲ့ ကျွန်တော့် ဦးလေးတစ်ယောက် တပ်ရဲ့တာဝန်ကိစ္စတခုအတွက်
မန်းလေးကို ညကြီးမိုးချုပ် ဆင်းဖို့ အကြောင်းပေါ်လာပါလေရော။ ဦးလေးလည်း
သူ့ရဲ့ယာဉ်မောင်းရဲဘော် တယောက်နဲ့အတူ တပ်ပိုင် ဂျစ်ကားလေးနဲ့
ထွက်လာခဲ့ကြတယ်။
ညကြီးမိုးချုပ် အရေးပေါ်တာဝန်နဲ့ သွားရမယ့်
ခရီးဆိုတော့ တပ်ထောက်မော်တော်ယာဉ်ဌာနကနေ ယာဉ်ကြံ့ခိုင်မှု
အကောင်းဆုံးဖြစ်တဲ့ ဂျစ်ကားလေးကို ယူလာခဲ့ကြတယ်လေ။ ကားလေးကလည်း
အတော်ကောင်းပါတယ်။
အခုပြောပြမယ့် ကုန်းဆင်းမရောက်ခင် အချိန်အထိ ခရီးလမ်းက ချောချောမွေ့မွေ့နဲ့ပါပဲ။
အဲဒီကုန်းဆင်းလည်းရောက်ရော ပြဿ နာက စဝင်လာတော့တာပါပဲ။ ယာဉ်မောင်းရဲဘော်က ဒီလမ်း၊ ဒီခရီးရဲ့ အထာကို
သိတန်သလောက် သိထားသူမို့ ဂီယာကြီးကို ပြောင်းလိုက်ပြီးသတိနဲ့ မောင်းလာခဲ့ပေမယ့်
ရုတ်တရက်
ဂီယာက ပြုတ်ထွက်ပြီးတော့ ဖရီးမှာဖြစ်သွားတယ်။ စဉ်းစားကြည့်လေ
ကုန်းဆင်းမှာ ဖရီးဝင်နေမှတော့ ဒီကားရဲ့ အရှိန် ဘယ်လို ဖြစ်နေမလဲဆိုတာ
စိတ်ကူးကြည့်တာနဲ့တင် ရင်ခုန်လောက်တယ်။ ဘေးမှာကလည်း ချောက်ကမ်းပါးက
ရှိနေသေးတာ။ ဒါနဲ့ ကလပ်ကို နင်းပြီးတော့ ဂီယာ
ပြန်ထိုးတော့လည်း
မရပြန်ဘူးတဲ့ဗျာ။ ကားမောင်းတဲ့ ရဲဘော်ခမျာမလည်း တောင်ပေါ်ခရီး၊
ချမ်းချမ်းစီးစီးပေမယ့် တကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီ။ ဂီယာဘယ်လိုမှ
သွင်းမရတော့လို ဘရိတ်ကိုနင်းလိုက်ပြန်တော့ ဘရိတ်က မာမသွားပဲပျော့နေတယ် ။
သိလိုက်ပါပြီ ဒီလိုဖြစ်တယ်ဆိုရင် ဘရိတ်ပေါက်တာပဲပေါ့။
အဲ့ဒီခေတ်တုန်းကသုံးတဲ့ ဂျစ်ကားတွေက ကလပ် နဲ့ ဘရိတ် အုံက တစ်ခုတည်းဆိုတော့
ဘရိတ်ပေါက်တာနဲ့ ကလပ်လည်း မရတော့ဘူးလေ။
ဒီတော့ ကားက အရှိန်ရ လာတယ်
..။ ရိုလာကိုစတာကြီး အပေါ်ကနေ ဝုန်းဆို လျှောဆင်းလာတဲ့ အရှိန်မျိုးနဲ့
ကုန်းဆင်းလမ်းအတိုင်း လိမ့်ဆင်းလာတာ။ ဘေးနားမှာ ထိုင်လိုက်လာတဲ့ ဦးလေးကို
ယာဉ်မောင်းရဲဘော်ကကြည့်၊ ဦးလေးကလည်း သူ့ရဲဘော်ကို ပြန်ကြည့်နဲ့
ဖြစ်နေကြပြီ။ အခြေအနေက သူတို့နှစ်ယောက်လုံးကို "သွားလိုရာ သွားနိုင်ပြီ"
လို့ အမိန့်ပြန်ခံရတော့မယ့် အနေအထားကို ရောက်တော့မယ်လေ...။
အဲဒီအချိန်မှာပဲ လမ်းဘေးတောအုပ်တွေထဲ က လက်ခုပ်တီးပြီး
ဝေး...ဝေး...ဝေး..ဆိုပြီး အော်တဲ့အသံတွေကို နှစ်ယေက်လုံးကြားလိုက်ကြရတယ်ဆို ပဲ။
ဘောလုံးပွဲမှာ လူတွေ အားပေးသလိုမျိုး သောင်းသောင်းဖြဖြနဲ့ အော်နေကြတဲ့ အသံမျိုးတဲ့ဗျာ။
ဒါနဲ့ ကားဆရာက လက်ကိုင်ကို ဘယ်ဘက်ကို ကွေ့ ချပြီး ဘေးက တောင်ကမူပေါ်ကို မောင်းတင်ဖို့ 
လုပ်တယ်။
ဒါပေမယ့် ကားကဘယ်လိုမှကွေ့ လို့ မရဘူးတဲ့ ။ စဉ်းစားသာကြည့်ကြပါတော့။
ကားတစီး မောင်းလာရင်းနဲ့ ဘရိတ်ပေါက်တယ်။ ဒါမျိုးက ဖြစ်တတ်ပါတယ်။
တချိန်တည်းမှာ ဂီယာကလည်း ဂျမ်းဖြစ်သွားတယ်ဆိုဦးတော့။ ဒီလောက်အထိ
လက်ခံလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘရိတ်လည်းပေါက်၊ ဂီယာလည်းဂျမ်းဖြစ်တဲ့အပြင်
စတီယာရင်ပါ လှည့်မရတော့တဲ့ အဖြစ်မျိုးက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ပဲ
ကြုံတောင့်ကြုံခဲလို့တောင် ပြောရတော့မှာပဲလေ။
စတီယာရင်လှည့်မရတော့တဲ့အကြောင်းကို ယာဉ်မောင်းရဲဘော်က
ဦးလေးကိုသတင်းပို့တော့ ဦးလေးကလည်း သူ့ ကိုဝိုင်းကူပြီးလက်ကိုင်ကို
လှည့်ပေးရှာပါသေးတယ်။ ဒါပေမယ့် မရဘူး။ လက်ကိုင်က အသေကြီးလိုဖြစ်နေတာတဲ့ ။
ဦးလေးလည်း
ဒါ..သွေးရိုးသားရိုးတော့မဟုတ်ဘူးဆိုပြီး သံဗုဒ္ဒေ ဂါထာကိုရွတ်လိုက်တော့ မှ
ကားက တောင်ဂမူပေါ်ကိုမောင်းတင်လို့ ရသွားတော့တာတဲ့ ဗျာ..။
ကားရှေ့ဘီးလည်း ပေါက်ပြီးတော့ ကားလေးကိုင်းရယ်၊ ဘီးဒရမ်ရယ်က တောင်ဂမူလေးပေါ်မှာ သွားတင်နေပြီး ကားလည်းရပ်သွားတော့ တာတဲ့ ..။
ဒါနဲ့သူတို့ လည်း ကားပေါ်ကဆင်းပြီးကားကို ကြည့်နေတုန်းမှာပဲ ...ဟင်း.......တောက်...ဆိုပြီး
သက်ပြင်းချပြီးတောက်ခေါက်သံ အကျယ်ကြီးကို သူတို့ နှစ်ယောက်လုံးကြားလိုက်ကြတယ်ဆိုပဲ။
ဒါက ဦးလေးကြုံခဲ့ရတာပါ..ကျွန်တော့်သူငယ်ချင်းတွေကြုံရတာတော့ နောက်မှပဲ တင်လိုက်ပါမယ်။
နောက်ပြီး
အဲဒီ ပြင်ဦးလွင် မန်းလေး လမ်းမှာ တဝက်လောက်မှာ ဟိုတယ်လား
ဧည့်ရိပ်သာလားမသိဘူး ရှိတယ်... ကားမောင်းတဲ့ ဦးလေး ပြောတာကတော့
သရဲခြောက်လွန်းလို့ ဘယ်သူမှမနေရဲလို့ ဒီတိုင်းပစ်ထားလိုက်ရတာတဲ့...။ ။:)
တောင်ကုန်းလေးပေါ်မှာပါ..လပခရဲ့  ရိပ်သာလို့ ပြောတာပဲ..ကျွန်တော်လဲ အသေးစိပ်
တော့မသိပါဘူး အဲဒါ သိတဲ့သူများရှိရင်... ပြောပြပါဦး... ခြောက်ထပ်ကွေ့နဲ့လားမသိဘူး.. နီးတယ်..
Creadit By သရဲအကြောင်းပြောကြမယ်
No comments:
Post a Comment