သရဲတစ္ဆေ၊ နာနာဘာဝတွေနဲ့ ပတ်သက်တဲ့ ပရလောကဖြစ်ရပ်မှန်တွေက
ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲက ကုလားမကွင်းထဲမှာ အများကြီးရှိခဲ့ဖူးတယ်။
ကျွန်တော်ငယ်ငယ်လေးကတည်းကနေ ခုချိန်ထိ ဟိုတစ သည်တစနဲ့ ခဏခဏကြားရတဲ့
သရဲတစ္ဆေအကြောင်းတွေထဲမှာ ကုလားမကွင်းက တော်တော့်ကို နာမည်ကြီးတာ။ အဲ.....
ပြောချင်ဇောကပ်နေတာနဲ့ ကုလားမကွင်းဆိုတာ ဘယ်နေရာမှာလဲဆိုတာ
ထည့်ပြောဖို့တောင် မေ့သွားတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက
မြို့နယ်တခုထဲမှာပါပဲ။ အတိအကျတော့ မသိချင်ပါနဲ့ဗျာ။
ကျွန်တော်နေတဲ့ရပ်ကွက်ကို ကျွန်တော်ပြောလိုက်တဲ့အကြောင်းတခုကြောင့်
မကောင်းသတင်းနဲ့ မကျော်စောစေချင်တဲ့စိတ်ကို နားလည်ပေးကြနော်။
ဆက်ပြောပြမယ်။ ကျွန်တော်တို့ရပ်ကွက်မှာ အထင်ကရဖြစ်တဲ့ ကွင်းကြီးသုံးကွင်းရှိသဗျ။
ပထမတကွင်းကတော့ အားကစားကွင်း။ အားကစားလို့သာ မြို့နယ်က
သတ်မှတ်ထားပေးထားပေမယ့် တကယ်တော့ မီးလောင်ကွင်းတခုပါ။ ညနေစောင်းပြီဆိုရင်
ရပ်ကွက်ထဲကရော၊ အနီးအနားရပ်ကွက်တွေက လူကြီးလူငယ်တွေ လာရောက်
ဆော့ကစားကြတဲ့ နေရာတခုပေါ့။ ဒီကွင်းကတော့ ခြောက်တယ်လှန့်တယ်ဆိုတဲ့အသံ တခါမှ မကြားမိပါဘူး။
ဒုတိယမြောက်ကွင်းကတော့ ဂျမ်ဘိုကွင်းလို့ အမည်တွင်တယ်။ ဘယ်တုန်းက ဘယ်လိုတွင်ခဲ့တဲ့ အမည်နာမမှန်းတော့
ကျွန်တော်လည်း ခုချိန်ထိမသိသေးဘူး။ ဒီကွင်းကတော့ အလယ်တန်းကျောင်းသားတွေနဲ့ လူလတ်ပိုင်းလောက်အရွယ်တွေပဲ
အများဆုံးလာပြီး ဘောလုံးကန်တဲ့ နေရာတခုပါ။ ဒီကွင်းမှာတော့ သွေးထွက်သံယို၊ ထိပ်ပေါက်ခေါင်းကွဲဖြစ်တာတွေ ခဏခဏ
ကြားရတတ်တယ်။
ဘောလုံးကန်ရင်း ရန်ဖြစ်တဲ့အခါလည်းဖြစ်ကြ၊ ကိုယ့်အန္တရာယ်ကိုမမြင်ပဲ
နင်းကန်ကစားလို့ ကျိုးပဲ့ထိခိုက်ရှနာတာမျိုးက သဘာဝဆိုတော့
ဒီလိုကြားရတာကအဆန်းတော့ မဟုတ်ဘူးပေါ့လေ။ တကယ်ဆန်းဆန်းပြားပြား
ဖြစ်တတ်တာက တတိယမြောက်ကွင်းဖြစ်တဲ့ ကုလားမကွင်း။
တတိယမြောက်ကွင်းဖြစ်တဲ့ ကုလားမကွင်းမှာတော့ ဝိသေသထူးတရပ်အနေနဲ့
ရေကန်တကန်ရှိတယ်။ အဲ့ဒီကန်ကို အရပ်ထဲက ကလေးတွေ ရေသွားကစားတတ်ကြတယ်ခင်ဗျ။
လူကြီးသူမတွေကတော့ အဲဒီကုလားမကွင်းထဲကရေကန်မှာ
ကလေးတွေ
ရေသွားဆော့တာကို လုံးဝမကြိုက်ကြဘူး။ ရေကန်မှာရေသွားမဆော့ဖို့
မိဘတိုင်းလိုလို ကလေးတွေကို ဆူပူကြိမ်းမောင်းပြီး တားမြစ်လေ့ရှိပါတယ်။
ကလေးတွေဆိုတော့လည်း လူကြီးမိဘတွေဘယ်လောက်တားနေ တားနေ၊
အိမ်ကအုပ်ထိန်းသူတွေမသိအောင် ရေကန်မှာ ရေသွားဆော့တတ်ကြတယ်။ အခြောက်အလှန့်တွေ ဘယ်လောက်ရှိပါတယ်လို့
ပြောနေပစေ၊
ကလေးဆိုတော့ ကိုယ်တိုင်မကြုံရမချင်း သွားကမြင်းတာ သဘာဝပဲမဟုတ်လား။
ကျွန်တော်ကလေးအရွယ်ကတည်းက အဲ့ဒီကုလားမကွင်းမှာ ဘီလူးရှိတယ်၊ လူစားတယ်၊
အခြောက်အလှန့်များတယ်လို့ မကြာမကြာ ကြားခဲ့ရတာ။ ဘယ်လိုကနေဘယ်လို
ကုလားမကွင်းဆိုတဲ့နာမည်တွင်တယ်ဆိုတာ ကျွန်တော်လည်းသေချာမသိပါဘူး။
လူကြီးတွေဆီကနေသိရသလောက်ကတော့ဖြင့် ကျွန်တော်တို့နေတဲ့ရပ်ကွက်ကြီးက ဟိုး
အင်္ဂလိပ်ကိုလိုနီများ အုပ်စိုးစဉ်ကာလတုန်းက အိန္ဒိယမာမူကြီးတွေ
ပိုင်ဆိုင်ခဲ့တဲ့မြေတဲ့ဗျ။ လွန်ခဲ့တဲ့ ခုနှစ်လောက်တုန်းက
ရပ်ကွက်မှာမီးလောင်မှုဖြစ်သေးတယ်။ မီးလောင်ပြီးကျန်ရစ်တဲ့ မီးလောင်မြေနဲ့
ရပ်ကွက်ကျူးကျော်နေရာတွေကို အရင်နယ်ချဲ့ခေတ်တုန်းက
ဒီရပ်ကွက်မှာကြီးစိုးခဲ့ကြတဲ့ မာမူကြီးတွေရဲ့ ဆွေတော်မျိုးတော်တွေ
မျက်စိကျလို့ ဒီရပ်ကွက်ထဲက မြေအားလုံးကို ပိုင်ဆိုင်ပါတယ်ဆိုပြီးတော့
ပိုင်ဆိုင်မှုလုယက်တာတွေတောင် ဖြစ်ဖူးသေး။ ကျွန်တော့်စိတ်ထင်တော့
ကုလားမတယောက် အသက်ဆုံးထိနေခဲ့တဲ့ကွင်းမို့ ကုလားမကွင်းလို့
ခေါ်ကြတယ်ထင်တာပဲ။
ကုလားမကွင်းသမိုင်းကို နောက်ကြောင်းပြန်နေရတာနဲ့တင် လိုရင်းကိုမရောက်တော့ဘူး။ ဆက်ဦးစို့ရဲ့ .......။
အရင့်အရင်တုန်းကတော့ ကုလားမကွင်းထဲက ရေကန်က တနှစ်ကိုတခါ လူစားတယ်လို့
လူပြောများသဗျ။ ဟုတ်မဟုတ်ဆိုတာတော့ ကျွန်တော်လူမှန်းသိတတ်စကတည်းက တခါမှ
မျက်မြင်ကိုယ်တွေ့မကြုံသေးတော့ တိတိကျကျပြောဖို့ ခက်သား။
အစ်ကိုဝမ်းကွဲတယောက်ကတော့ ခရစ်စမတ်နေ့အထိမ်းအမှတ်အနေနဲ့ အရူးထပြီး
ကုလားမကွင်းနားမှာသွားပြီး
ညအချိန်မတော် တနာရီ၊ နှစ်နာရီလောက်မှာ သူ့အပေါင်းအသင်းတွေနဲ့အတူတူ ဓါတ်ပုံရိုက်တုန်းက ဓါတ်ပုံထဲမှာ ကုလားမကြီး
တယောက်သူတို့နောက်နားမှာ
ရပ်နေတဲ့ပုံ ဝိုးတိုးဝါးတားပေါ်လာတယ်လို့ပြောဖူးတယ်။(ညီအစ်ကိုတွေဆိုတော့
ဆေးထိုးတတ်တဲ့ သဘာဝလေးကရှိပြန်တော့ သူပြောတာ ယုံရခက်၊ မယုံရခက်ရယ်)။
နောက်ထပ်ကြားဖူးတာတခု ကျန်နေသေးတယ်။ မိဘတွေမသိအောင် ကန်ထဲရေသွားကူးတဲ့
ရပ်ကွက်ထဲက ဥမမည်၊ စာမမြောက်လေးတွေ ရေအောက်ကနေ ခြေထောက်လှမ်းဆွဲတာ
ခံရတယ်တဲ့ခင်ဗျ။ ကလေးစကားဆိုတော့လည်း ဘယ်လိုလုပ် အတည်ပြုလို့
ရလိမ့်မတုန်းနော့။ ကလေးအချင်းချင်း စချင်၊ နောက်ကျလို့ တယောက်ယောက်က
ရေထဲဆင်းငုပ်ပြီး ခြေထောက်ကိုဆွဲတာလည်း မဖြစ်နိုင်ပေဘူးလား။
ကျွန်တော့်အသိတယောက်ကတော့ သူငယ်ငယ်တုန်းက ကြုံဖူးတာလေးပြောပြဖူးတယ်။ သူနဲ့
သူ့သူငယ်ချင်းနှစ်ယောက် ကုလားမကွင်းနားမှာရပ်ပြီး စကားပြောနေတုန်းမှာ
အသားအရည်ဖြူဖွေးဆွတ်နေတဲ့လူတယောက် ကုလားမကွင်းထဲကိုဝင်သွားပြီး ကွင်းထဲက
ကန်ရေပြင်ပေါ်မှာ လမ်းလျှောက်နေတာကို အမှတ်မထင်တွေ့လိုက်ရဖူးတယ် ဆိုပဲ။
ကုလားမဆိုတာမျိုးက မီးသွေးခဲနဲ့ အမျိုးတော်၊ ကတ္တရာစေးနဲ့ အိမ်နီးချင်း၊
ကပ္ပလီနဲ့ ကျောင်းနေဘက်လို မဲနက်နေတာက ခပ်များများရယ်။ ခုဟာက
ဖွေးဆွတ်အောင်ဖြူနေတယ်ဆိုတော့ စဉ်းတော့ စဉ်းစားစရာမကောင်းပေဘူးလား။
သူကိုယ်တိုင်တကယ်မြင်ပါတယ်လို့
အတည်ပေါက်နဲ့ပြောနေပြန်တော့ ဒီကွင်းမှာရှိရင်လည်း ရှိပေလိမ့်မပေါ့လို့ပဲ စိတ်ထဲတွေးလိုက်ပါတယ်။
အရင့်အရင်တုန်းက အခြောက်အလှန့်ကြမ်းပြီးလူခဏခဏစားပါတယ်ဆိုတဲ့
ကုလားမကွင်းမှာ ခုနောက်ပိုင်းဘာကြောင့် ဒီကိစ္စတွေမကြားရတော့တာပါလဲလို့
လာမေးရင်တော့ ကျွန်တော်လည်း ဖြေမတတ်တာအမှန်ပဲ။ အဲ့ဒီလို
ပဟေဠိတွေနဲ့ပုစ္ဆာဆန်ဆန် နာမည်မလှတဲ့ ကုလားမကွင်းထဲကို
လွန်ခဲ့တဲ့နှစ်ပတ်လောက်ရဲ့ ညတညမှာ လူသုံးယောက် ရောက်လို့လာပါတော့တယ်။
ဇာတ်လမ်းစပါပြီ................။
မနေ့တနေ့ကမှ
မိုးရွာတာဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်အချိန်ကာလမှာ ရန်ကုန်ရဲ့ညတွေက
နွေအရှိန်အောက်မှာ လူးလှိမ့်နေအောင်ပူတာပေါ့ဗျာ။ တန်ခူးကဆုန်
စွေ့စွေ့ခုန်ရယ်လို့တောင် စာချိုးရှိသေးမဟုတ်လား။ နေ့ရော၊ ညရော
ပက်ပက်စက်စက်ပူနေချိန်မှာ မီးကလည်းမလာရင် ပန်ကာလည်း ဖွင့်မရပြုမရနဲ့ ဒုက္ခက
တယ်မသေးလှဘူး။ ပြောနေရင်းနဲ့ ဆင်ဆာငြိမယ့်ဟာတွေက ပါလာပြီ။ ကိုယ့်လက်ကို
ဆင်ခြင်မှ။ မီးကိစ္စကိုအသာထားလို့ ဟိုလူသုံးယောက် ကုလားမကွင်းထဲ
ဘာလာလုပ်ကြတယ်ထင်တုန်း။ အပူဒဏ်ကိုအံတုရင်းနဲ့ ပုလင်းထောင်ဖို့အတွက်
ကွင်းထဲကို ချီတက်လာကြတာ။ တယောက်ရဲ့ နာမည်က အောင်သူ၊ နောက်တယောက်က အေးမင်း၊
အရပ်မောင်းကောင်းကောင်းနဲ့ ဗလတောင့်တောင့် အသားမည်းမည်းတယောက်ကတော့
မဲကြီး။ သူတို့သုံးယောက်ထဲက အေးမင်းဆိုတဲ့လူက အရင်ဆုံးစကားစလာတယ်။
ဟေ့ကောင် အောင်သူ..။ ငါတို့ ဘယ်မှာသွားသောက်ကြမှာလဲ
အေးမင်းအမေးကို အောင်သူက “ မင်းကလည်း ဒီကောင့်စက်ရုံရှေ.မှာ သောက်မှာပေါ့ ဒီလောက်ပူနေတာ.. ” လို့ ခပ်ပေါ့ပေါ့လေး ပြန်ဖြေလိုက်တယ်။ သူပြောတဲ့ ဒီကောင်ဆိုတာက မဲကြီးကိုပြောတာ။ မဲကြီးအလုပ်လုပ်တဲ့ စက်ရုံရှေ့မှာဆိုရင်
ကုလားမကွင်းလေ။
ခါတိုင်းလည်း ဒီကွင်းထဲမှာ ပုလင်းထောင်နေကျ။ သောက်ထားတဲ့အရှိန်နဲ့ဆိုတော့
ဘေးဘီမှာ ဘာဖြစ်လို့ ဖြစ်မှန်းမသိတာပဲလားဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာ။ ခုတခေါက်လည်း
နေ့ခင်းဘက်နေပူရှိန်ကြောင့် နွေခေါင်ခေါင်မှာ ကွင်းပြောင်ပြောင်ထဲ
အေးအေးဆေးဆေး ဆက်ရက်မင်းစည်းစိမ်ခံစားရမယ့်အရသာကိုတွေးရင်းအူမြူးနေကြတာ။
ကွင်းအလယ်မှာ ပုလင်းတည်၊ နေရာအခင်းအကျင်းလေးနဲ့ အမှန်အကန်တွယ်မယ်ဆိုပြီး
ယူလာတဲ့အမြည်းက အမဲသားကြော်။ ဒီလောက်နာမည်ကြီးလှပါရဲ့ဆိုတဲ့ ကုလားမကွင်းမှာ
အမဲသားနဲ့ အရက်ကို သတိလက်လွတ်၊ ပျော်ပျော်ကြီးသုံးဆောင်မှီဝဲရင်း
ပေါက်ကရတွေ ပြောချင်တိုင်းပြောနေလိုက်ကြတာ ရပ်ကွက်ကင်းတဲက ညတနာရီသံချောင်း “ ဒေါင် ” ခနဲ ထိုးသံကြားမှပဲ “သားကြီးတို.ရေ တစ်ချက်လည်းထိုးပြီ အဲ့လောက်နောက်ကျနေရင် အိမ်ကလည်း သိပ်မကြည်ဘူးဟ ပြန်ကြရအောင် ” ဆိုတဲ့ အသံထွက်လာတော့တယ်။ သူ့စကားကို
“ အေ့... မင်းကလည်းကွာ ဒီမှာကျန်တာလေးတွေ အကုန်လတ်စသတ်ပြီး တို.တူတူပြန်မှာပေါ့ဟ အေးဆေးပေါ့ ” လို့
အောင်သူက
ယမကာလုလင်လေသံလေးနဲ့ ပြန်ဖြေတယ်။ ဟိုတကောင် မဲကြီးလား။ ဒင်းကိုတော့
စကားထဲတောင်ထည့်မပြောချင်ဘူး။ နောက်ဆုံးလက်ကျန်လေးကို ရေမပါ၊ အမြည်းဗလာနဲ့
ဂလု ဆိုပြီးမော့ချလိုက်တာ ရေသောက်နေသလိုပဲ။ သူသောက်နေတာကိုကြည့်ပြီးတော့
အေးမင်းက “ အားပါးပါး ဒီကောင်တော့ ကြာကြာမခံတော့ဘူး အလွန်ဆုံး ခြောက်လပဲ အသည်းကင်ဆာနဲ. ရှောမယ့်ကောင် ” ဆိုပြီးတော့တောင် နောက်လိုက်သေး။ မဲကြီးဆိုတဲ့ကောင်က စကားနည်းပေမယ့် ပေါင်းလို့သင်းလို့တော့ အကောင်းသား။
ဒါပေမယ့်
ဒီကောင်က မဟုတ်ရင်မခံတတ်တဲ့လူစား။ သူ့ကိုသွားစရင်လည်း လက်က
ဘာသွက်သလဲတော့မမေးနဲ့။ ဟိုဖက်က ဘာမှတောင် မလုပ်ရသေးခင် သူ့လက်သီးက
ရောက်နှင့်ပြီ။ မဲကြီးတို့က အဲ့လိုကောင်စား။
အေးမင်းက “ ဟေ့ကောင်တွေ ကုန်ရင်တော့ ပြန်ကြမယ်ကွာ ပုလင်းခွံတွေထားခဲ့လိုက်တော့ ”
ဆိုပြီး ထိုင်ရာက ထလိုက်တယ်…။ မဲကြီးလည်း အိမ်ပြန်ချင်နေပုံရပါတယ်။ သူလည်း
သူတို့သောက်ထားစားထားကြတဲ့ အမှိုက်တွေကိုတစ်နေရာမှာ စုထားပြီး
ပြန်တော့မယ့်ပုံပေါ်နေတော့ထိုင်နေလို.မကောင်းတော့ဘူးလို့ အောင်သူ
တွေးမိတယ်ထင်ပါရဲ့။ထိုင်ရာကထမယ်အလုပ်မှာ မဲမဲအတုံးလေး တစ်ခုကို
မူးနေတဲ့ကြားက တွေ့ဖြစ်အောင်ကို တွေ.လိုက်တယ်..။“ အမယ်… ဒီနေ.တယ်ဟုတ်ပါလား အရည်သာကုန်သွားတယ် ဒီမှာ အမြည်းလေးတစ်တုံး ကျန်နေသေးတယ် ” ဆိုပြီး အမဲသားတုံးလေးကို ကောက်ကိုင်လိုက်တယ်…။ “ အောင်သူ အဲ့ဒါကို ထားခဲ့လိုက်စမ်းပါကွာ ” လို. မဲကြီးက ပြောတယ်။ “ "မင်းကလည်းကွာ တစ်တုံးလည်းတစ်တုံးပဲ မထားခဲ့ပါဘူး ” လို. ပြောပြီး အမဲသားတုံးလေးကို ကိုင်ပြီးအထမှာ သူ့လက်က ဘယ်လိုမှကို လှုပ်လို့မရတော့ဘူး။ “ ဟေ့…. ဟေ့ကောင်တွေ င့ါလက်လှုပ်လို. မရတော့ဘူး။ ငါ့လက်လှုပ်လို.မရတော့ဘူး ။ လုပ်ကြပါဦးဟ" ဆိုပြီးတော့ လိပ်ခေါင်းထွက်မတတ် လည်ချောင်းသံနဲ့ အော်တော့တာပဲ။
“ အောင်သူ မနောက်နဲ.ကွာ ပြန်ပါမယ်ဆိုကွာ အမေငါ့ကို စိတ်ဆိုးတော့မယ် ” အေးမင်းကပြန်ပြောတယ်….။
“ ငါ… ငါတကယ်ပြောတာပါကွာ ငါ့လက်တွေ တကယ်လှုပ်လို. မရတော့ဘူး… ” အောင်သူ. အပြောက ကြောက်သံလေးတွေ ပါလာပြီ။ ပြောနေတဲ့ပုံစံကိုက ငိုမဲ့မဲ့နဲ့။ “ ငါ့လက်ကို တယောက်ယောက် ဆွဲထားတယ်ကွ။" ပြောနေရင်းနဲ့ အောင်သူ့ခမျာ သူ့လက်ကိုတောင် သူပြန်မကြည့်ရဲတဲ့ပုံစံမျိုးဖြစ်နေပြီ။
“ အား… ငါ့လက်ကိုဆွဲထားတာ အားပြင်းလာပြီ ငါရွေ.နေပြီ လုပ် လုပ်ပါအုံးကွာ ” လို့ ထပ်ပြောပြန်ရော။
ခြေထောက်ကို အတင်းရုန်းပြီး ဟိုနှစ်ကောင်ရှိတဲ့ဆီကို လျှောက်နေပေမယ့် ကွင်းထဲကိုပဲ တရွေ့ရွေ့နဲ့ တရွတ်တိုက်ပါနေတာ။
သူအရက်မူးနေတယ်ဆိုပေမယ့်
လမ်းကောင်းကောင်းလျှောက်နိုင်မှန်းတော့ သူ့ကိုသူသိတယ်။ ဒါပေမယ့်
ဘာမှန်းမသိ ညာမှန်းမသိနဲ့ မမြင်ရတဲ့ အရာတခုက သူ့လက်ကိုဆွဲပြီး ကွင်းထဲကို
ဆွဲသွင်းတာခံနေရတာ။ မျက်စိရှေ့တည့်တည့်မှာ မြင်နေရတဲ့ မြင်ကွင်းကို
မှင်သက်ကြည့်နေကြရင်းနဲ့ အရင်ဆုံးသတိဝင်လာတာကတော့ မဲကြီး။ အောင်သူ့ဘေးနားက
လေထုထဲကို သူ့လက်သီးတချက် ပစ်သွင်းထည့်လိုက်တယ်။ ဘာမှမရှိတဲ့ လေထဲကနေ
တခုခုကို ထိုးမိလိုက်တဲ့ “ ခွပ် ” ဆိုတဲ့ အသံတခုကို သူတို့အားလုံး သေချာကြားလိုက်ရတယ်။ အဲ့ဒီအသံထွက်လာပြီးတာနဲ့
ချက်ချင်းဆိုသလိုပဲ အောင်သူ့လက်လည်း လှုပ်လို့ရသွားတယ်။ သူ့ခမျာ
ကြောက်အားလန့်အားနဲ့ သူ့လက်ထဲဆုပ်ထားတဲ့ အမဲကြော်တုံးကို ကွင်းထဲဘက်ကို
လွှင့်ပစ်လိုက်တယ်။ အဲ့ဒီအချိန်မှာ အေးမင်းက “ ဟေ့ကောင်မဲကြီး.... ဟို.... ဟိုမှာကြည်.စမ်း ကုလားမကွင်းရေကန်ထဲကနေ မီးလုံးကြီးနှစ်လုံး တတ်လာပြီ… ” အော်သံကြားလို့
ကန်ဘက်ကိုလည်းကြည့်လိုက်ရော ဘာတွေ့တယ်မှတ်တုန်း။ ကန်ထဲကနေ
မီးလုံးကြီးနှစ်လုံးတက်လာပြီးတော့ သူတို့သုံးယောက်ရှိနေတဲ့ဘက်ကို
ဦးတည်ပြီးလာနေတာ။ ကျန်တဲ့နှစ်ကောင်က ပါးစပ်လေးတွေ ဟပြီး
ငေးကောင်းတုန်းရှိသေးတယ်။ မဲကြီးတို့ မြန်ချက်က အဲ့မီးလုံးနှစ်လုံးထဲက
တစ်လုံးကို ပြေးထိုးတော့တာပဲ။ ပါးစပ်ကလည်း အယုတ္တ၊ အနတ္တ တွေ့ကရာဆဲနည်းပေါင်း
အသင်္ချေနဲ့ ဆဲရင်း ထိုးနေလိုက်တာ။ တအောင့်လောက်ကြာတော့
မီးလုံးနှစ်လုံးစလုံး ရေကန်ဘက်ကို ရွေ့သွားပြီး ပျောက်သွားတယ်။ ဟို
မီးလုံးနှစ်လုံးသာပျောက်သွားတယ်။ မဲကြီးပါးစပ်ကတော့ အဆဲမရပ်သွားဘူး။
ငါဟိုးဒင်းမ ..ကုလားမ၊ အဝှာသည် မ.... အို စုံနေရော။ ဘေးနားမှာများ
ကုလားမစစ်စစ်တယောက်ရှိနေရင် အဲ့ဒီအချိန်မှာ မောင်းတောအရေးအခင်းလိုမျိုး
နောက်တကြိမ်ပြန်ဖြစ်လောက်အောင် ကုလားမကို ပျစ်ပျစ်နှစ်နှစ်ဆဲတာ။
Creadit By(အက်ဒမင်-ရွာတော်ရှင်)
No comments:
Post a Comment