Zawgyi & Unicode Changer
Wednesday, April 23, 2014
သတ်ပုံမှားတဲ့ည
ပေတလောကခေါ် ဝိညည် များနဲ့ တစ်ခါမှတော့ ကိုယ်တွေ့ မကြုံခဲ့ရပါ။ သို့ပေမယ့် အရောင်ပြခြင်း အသံပေးခြင်းများကတော့ ခဏခဏ ကြုံခဲ့ရပါသည်။ ကိုယ်နဲ့ ပတ်သက်သူများကတော့ မကြားချင်မှ အဆုံး အထူးသဖြင့် သူငယ်ချင်းအရင်း သုံးယောက်ကိုတော့ စုပြီးသောက်ဖြစ်တိုင်း ပြောပြဖြစ်ပါသည်။ အဲ တစ်ခြားအချိန်တော့မပြောဖြစ်ဖူးခင်ဗျ။ မူးလာမှ နည်းနည်းကြောက်စိတ်ပြေလာသလိုလိုလည်းရှိတာကိုး။ အခုမှ သူများတွေ ရေးထားတာ ကိုဖတ်ရင်း အားကျပြီး ငါလည်းရေးဦးမယ်ဆိုပြီး မရေးတတ်ရေးတတ်နဲ့ ရေးလိုက်ရတာပါ။ အဆင်ပြေမယ်ဆိုရင် နောက် ပိုင်းလည်း ထပ်ထပ်ပြီး မိမိကြုံခဲ့ရသမျှကို ရေးပို့ပေးပါ့မယ်။ အချိန်ကာလကတော့ ၂၀၀၄-၂၀၀၅ ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ် ။ အတိအကျတော့ မမှတ်မိတော့ပါ။ ရွေတိဂုံဘုရားအရှေ့ဖက်မုဒ် အဆင်းနားက ကွန်ပြူတာသင်တန်း တစ်ခုမှာ သင်ကြားရေး နည်းပြ အဖြစ် မိမိ အလုပ်လုပ်နေတုန်းကပါ။အသက်ကလည်းအရမ်း ငယ်ပါသေးတယ်။ သင်တန်းကတော့ တစ်ခြားသင်တန်းတွေကို ၂လပြတ်၊ ၃လပြတ် မျိုးမဟုတ်ပဲ တစ်နှစ်သင်တန်း Level 123 အားလုံးကိုတစ်နှစ် တတ်ရတဲ့ သင်တန်းမျိုးပါ။ ကျွန်တော်တို့ ကျောင်းအနောက်ဖက်မှာ အရင် ဂျပန်ခေတ်က ကင်ပေတိုင် ရုံးလိုလို၊ စစ်ရုံးလိုလို အဆောက်အအုံဟောင်းတစ်ခု ရှိပါတယ်။ တော်လှန်ရေး သမားများ အရိုးအိုးတွေ ထားခဲ့တယ်လို့တော့ ရှေ့မှီနောက်မှီများဆီက ကြားသိခဲ့ရပါတယ်။ တစ်ခါတော့မိုးတွင်းအလယ်ပိုင်းလောက်မှာ လေတွေအပြင်းတိုက်ပြီး ကျွန်တော်တို့ ကျောင်းစာသင်ခန်းထဲကို မိုးယိုလို့ ကွန်ပြူတာတွေ ထားစရာမရှိဖြစ်နေတုန်း ကျောင်းအုပ်က အနောက်ဖက်က အဆောက်အအုံမှာ ထားလို့ရတယ်။ ပြောရဦးမယ် (အနောက်ဖက်ဆိုပေမယ့် သူက ကုန်းမြင့်တစ်ခုပေါ်တွင်ဆောက်ထားသော အဆောက်အအုံတစ်ခုပါ) အဲဒီ အိမ်နဲ့ ကျောင်းနဲ့ မှာ အုပ်နံရကာထား ပေမယ့် သွားလို့ရတဲ့ လမ်းတစ်ခုရှိပါတယ်။ ကျောင်းကနေ တိုက်ရိုက်သွားလို့ရပြီး နောက်တစ်လမ်းကတော့ မိန်းကားလမ်းမကနေ တိုက်ရိုက်သွားလို့ရတဲ့ လမ်း နှစ်လမ်းရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အလွယ်တကူကျောင်းကနေပဲတိုက်ရိုက်သွားပါတယ်။ တစ်လက်စတည်း အဲဒီအိမ် အကြောင်းအနည်းငယ် သိသလောက်ပြောပြပါ့မယ်။ နောက်ပိုင်းခေတ်တွေ မှာတော့ အဲဒီ အိမ်ကို ပန်းချီပန်းပုကျောင်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲဒီတုန်းက ညအိပ်ညနေ ကျောင်းသားများထားခဲ့ပါတယ်။ အင်းတစ်နေ့တော့ အဆောင်နေကျောင်းသားများထဲမှ ညဖက်ဆိုရင် အဝတ်တွေကို တစ်ယောက်ယောက်လာလာ ရုတ်ပြီးမြေပေါ်ပစ်ချသွားတယ်လို့ပြော ပါတယ်။ သူတို့လည်းကျောင်းသားတွေထဲက တစ်ယောက်ယောက်ထင်နေလို့ တစ်ည အမိဖမ်းမယ်လုပ်ရင်း လှန်းထားတဲ့ အဝတ်တွေဟာ သူ့အလိုလို အောက်ကိုပြုတ်ပြုတ်ကျသွားပြီး အားလုံး မသိုးမသန့်တွေဖြစ်လာလို့ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ရင်း ကျောင်းအုပ်က ခေါ်မေးတော့မှ အဲ ကျောင်းသားတွေထဲက တစ်ယောက်က ကျောင်းအုပ် တားမြစ်ထားတဲ့ အခန်းထဲက သေတ္တာလိုမျိုး ဗူးသေးသေးလေးတွေ တွေ့လို့ အဲဒီဗူးထဲက ဖြူဖြူအမှုန့်တွေကို ရှေ့က မြေကွပ်လပ် (အခု ကျွန်တော်တို့ကျောင်း) ထဲသို့ပစ်ပြီး အဲဒီဗူးတွေထဲ မြေကြီးတွေ ထည့်ကာ ပန်းပင်တွေ စိုက်ထားပါတယ်။ အဲဒါကြောင့် ရှေ့က မြေကွက်လပ်မှာ လှန်းထားတာတွေ အားလုံး အရုတ်ခံနေရတာလို့ကြားသိရပါတယ်။ နောက်ပိုင်းမှ ဘုန်းကြီးခေါ် ပရိတ်ရွတ်လိုက်တော့မှ ရှင်းသွားတယ်ကြားခဲ့ရပါတယ်။ ကြားသိခဲ့ရတာပါ ကိုယ်တွေ့တော့ မဟုတ် လောက်ပါဘူး။ နောက်ပိုင်းတော့ ပိတ်ထားတာ ကျွန်တော်တို့ရောက်တဲ့အထိပါပဲ။ ကျွန်တော့်ဇာတ်လမ်းကိုပဲပြန်ဆက်ပါရစေ။ ကျွန်တော်တို့လဲ ထားစရာနေရာမရှိတဲ့ ကွန်ပြူတာတွေကို ကုန်းပေါ်က အိမ်ပေါ်ကို ရွေ့ထားလိုက်ပါတယ်။ နေ့လည်ပိုင်းလောက်ကျတော့ မီးပါ အဆင်ပြေသလို ခေတ္တ သွယ်ပြီးသွားတော့ ကျွန်တော်တို့လဲ အပေါ်က တိုက်မှာ အလုပ်လုပ်ဖြစ်ပါတော့တယ်။ အဲဒီတိုက်က နှစ်ထပ်တိုက် ရှေးဟောင်းပုံစံမျိုးပါ။ တစ်နေ့တော့ကျောင်းသားတွေ စာမေးပွဲ project လုပ်မယ့်ရက်မှာမှ ပေါ်လာတာပါ။ Project ဆိုတာ ကျောင်းသားကျောင်းသူ ဆယ်ယောက်ဝန်းကျင်ပေါင်းလုပ်ရတဲ့ Project ပါ။ ကျောင်းသူတွေကတော့ နေ့လည်ကျောင်းချိန်လုပ်ပြီး။ စာလိုချင်(အဓိကက နည်းနည်းကဲချင်) တဲ့ကျောင်းသားများကတော့ ညဖက်ပါဆက်ပြီး ဆွဲကြပါတယ်။ ကျွန်တော်တို့ တစ်သိုက်( Hardware ဆရာသုံးယောက်၊ နှစ်ယောက်က ညီအကို ) လည်း ကူစောင့်(ကူစားသောက်) ပေးကြပါတယ်။ ဖြစ်ချင်တော့ ညနေ Hardware ဆရာနှစ်ယောက်ကို သူတို့အမလင်မယား ကထမင်းလာပို့ပါတယ်။ အဲဖြစ်ချင်တော့ သူလာရာ လမ်းမှာ သူတို့နောက်ကနေ ကောင်မလေး(ဆယ်ကျော်သက်အရွယ်) တစ်ယောက်လိုက်လာတယ်လို့မြင် တော့ သူတို့လည်း အပေါ်က တစ်ယောက်ယောက်ဆီကို သူတို့လိုပဲလာတယ်ထင်လိုက်တယ်ပေါ့။ အဲ ကျောင်းရှေ့(ဆင်ဝင်) ရောက်မှ နောက်လှည့်ကြည့်လိုက်တော့ လင်မယား နှစ်ယောက်စလုံး ဘာမှ မတွေ့တော့လို့ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ ကျောင်းပေါ်ရောက်တော့ ထမင်းစားတုန်း အစ်မဖြစ်သူကပြောတော့မှ ကျွန်တော်တို့လည်းတစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ဘာမှ မပြောဖြစ်ကြတော့ပါဘူး ။ ဒါပေမယ့် စိတ်ထဲက အလိုလိုတော့ တစ်ခုခုကိုသိလိုက်ကြပါတယ်။ ထမင်းစားပြီး မေ့မေ့ပျောက်ပျောက် Project လုပ်တဲ့ ကျောင်းသားကလုပ်၊ စက်ပြင်တဲ့သူကပြင်၊ ကျွန်တော်ကတော့ နောက်အတန်းအတွက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လို့ ည ၁၁ နာရီကျော်လာတာကို မသိလိုက်ဖြစ်သွားခဲ့ပါတယ်။ ၁၂ နာရီကျော်လောက်ကျတော့ ကျောင်းသားတွေလဲ အိမ်က ကားအသီးသီးလာခေါ်သွားကြလို့ ကျွန်တော်တို့အုပ်စုပဲ ကျန်တော့တဲ့အချိန် လူငယ်တွေလည်းဖြစ် အေးကလည်း အေးဆိုတော့ နည်းနည်းကနေ ၁နာရီကျော်လောက်တော့ များများဖြစ်ကုန်ကြပါတယ်။ အိမ်မပြန်ဖူးလား ဟုတ်ကဲ့ မပြန်ဖြစ် ပါဘူး ကျောင်းသားတွေ ထားခဲ့တဲ့ project render နဲ့ မနက်ဖြန်လက်တွေ့ဖြေမဲ့ ကျောင်းသားများအတွက် ဖိုင်တွေကို လုပ်ရမှာဖြစ်လို့ ကျောင်းအုပ်က အိပ်ခွင့်ပေးထားလို့ပါ။ လူလေးယောက်လည်း မူးမူးနဲ့ အိပ်ကလဲ မအိပ်ချင်ဖြစ်နေလို့ စွတ်သောက်ရင်း အားလုံး တော်တော်ကြီးကိုမူးလာတဲ့အခါ ညနေက လိုက်လာတဲ့ ကောင်မလေးအကြောင်း ရောက် သွားတော့ တစ်ယောက်က ထဆဲပါလေရော။ -ီးလား ကောင်မ မိုက်ရင်လာ ဖက်နမ်းမယ် ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် နဲ့ ထအော်ပလေရော။ ကျွန်တော်တို့ကျန်တဲ့သူတွေလည်း မူးနေတော့ တားဖို့နေနေသာသာ ယိုင်နေကြပြီလေ။ အဲဒီမှာဗျာ နှစ်မိနစ်လောက်တော့ကြာမယ်ထင်တယ် သိပ်တော့မကြာဘူး အပေါ်ထပ်ကနေ ဒုံးဒုံးဒုံးဆိုပြီး ခြေဆောင့်တဲ့ အသံ တွေ အဆက်မပြတ်ထွက်လာတာဗျာ ဘယ်လိုပြောမလဲ လူလုပ်ဖို့ မဖြစ်နိုင်တဲ့ ပုံစံလိုမျိုး ဘယ်ဖက်ထောင့်ကနေ ဒုံးဒုံးဒုံး အသံမြည်ပြီး ညာဖက်အစွန်မှာ ထပ်ပြီး ဒုံးဒုံးဒုံး ဆိုပြီးဗျာ လူတစ်ယောက်ခြေဆောင့်တဲ့အသံ တော်တော်ကိုကြာတာ။ အဲဒီမှာ စောနက အော်ထားတဲ့ တစ်ယောက်ကလဲ မူးမူးနဲ့ မိုက်ရင် ဆင်းလာကွ အပေါ်မှာ ပဲ အစွမ်းမပြနဲ့ ငါနဲ့တွေ့မယ် ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်ကောဗျာ။ အဲဒီလိုအော်ပြီး မကြာပါဘူး အသံတွေ ငြိမ်သွားပြီး လှေကားကနေ တစ်ခုခုဆင်းလာသလိုမျိုးခံစားရကော ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဖူး အားလုံးလိုလို ဖြစ်တာ အကုန်လုံး ဆံပင်တွေထောင်ပြီး ကြက်သိမ်းတွေ ထကုန်ရောဗျာ ။ အားလုံးကတော့ သိလိုက်ပြီ ငါတို့တော့သွားပြီပေါ့ ။ ထူးတော့ထူးဆန်းတယ် အားလုံးအဲဒီ အချိန် အမူးပြေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြပါလေကောဗျာ ။ ရယ်တာမှ ဟို ဆေးခြောက်ခပ်ထားတဲ့ ကြက်သားဟင်းစားမိသလို ရယ်ကြတာ ဘာမှလဲ မလုပ်နိုင် ခွပ်ထိုးခွပ်လန်ရယ်နေတုန်း တစ်ယောက်က ထပြီး -ီးပဲ -ီးပဲ ဆိုထဆဲတော့တာပဲ။ အဲဒီအချိန် သူဆဲပြီး ခနကြာတော့ ကျွန်တော်တို့ နေတဲ့ အပေါ်တိုက်က မီးပျက်သွားရော။ မီးပျက်တာ အားလုံးပျက်တာမဟုတ်ပဲ အောက်က ကျောင်းက မီးလင်းနေပြီး၊ ဘေးက ဟိုတယ်ကလဲ မီးလင်းနေတော့ အားလုံး နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုပြီး အောက်ကျောင်းကို ဆင်းပြေးကြတာ။ မိုးတွင်းမှာဗျာ လမ်းမှာ ရေညှိတွေ ဘာတွေရှိနေလို့ ချော်လဲပြီး တစ်ခုခုဖြစ်မှာ တောင် မသိတော့ပဲ ဆင်းပြေးကြတာ။ အောက်ရောက်တော့ အားလုံး အပေါ်ကိုပြန်မတတ်ရဲတော့ပဲ ကျောင်းစောင့်ကို ပြေပြရတော့တာပေါ့။ ကျောင်းစောင့်အဖိုးကြီးကတော့ ဆရာ တို့ကလဲ လုပ်ချလိုက်ပြန်ပြီ လာ လိုက်ခဲ့ ကျွန်တော် ပါလိုက်ခဲ့ပေးမယ် အပေါ်မှာ မီးတွေ မပိတ်ရသေးပဲ မီးပြန်လာလို့တစ်ခုခုဖြစ်မှဘယ်လိုလုပ်မတုန်း သွားမယ်ဆိုတာတောင် ဘယ်သူမှ မသွားရဲကြပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့လေးယောက်လဲ ရုံးအုပ် ရုံးခန်းထဲ( ကွန်တိန်နာကို အခန်းလုပ်ထားတာပါ) အားလုံးဝင် တံခါးပိတ်ပြီး ဝင်အိပ်ကြရော။ ကျောင်းစောင့်ကတော့ ရီပြီး အပြင်မှာစောင့်နေလေရဲ့။ သူ့အဖို့ကတော့ ရိုးနေပြီထင်တယ်။ ဒါပေမယ့်ဗျာ ရုံးခန်းထဲမှာ ဖွင့်ထားတဲ့ အဲယားကွန်းက တစ်ညလုံး ပိတ်လိုက်ပွင့်လိုက်နဲ့ ဖြစ်နေပြီး မီးကျတော့ လင်းနေတော့ဘယ်သူမှ အိပ်မရပဲ မိုးလင်းတဲ့အထိ ငုတ်တုတ်ထိုင်နေကြရပါတယ်။ အဲ မနက်ရောက်တော့မှ ကျောင်းစောင့်ကောင်းမှုနဲ့ ကျောင်းအုပ် အကြိမ်းကိုတော်တော်ခံလိုက်ရတာပါပဲဗျာ။ တကယ့်ကိုယ်တွေ့ပါ။ တစ်ခုရှိတာက ကျောင်းအုပ်ကကျွန်တော်တို့ကို အိမ်အောက်ထပ် သော့ပဲ ပေးထားတာပါ။ သူကိုယ်၍က အပေါ်ထပ်သော့မရှိပါဘူး။ အပေါ်ထပ်ကသော့ခတ် ထားတာ ဘယ်သူဝင်လို့ရမှာတုန်း။ ကျောင်းစောင့်လား သူကခြောက်ဖို့နေနေသာသာ ခြေတစ်ဖွက်ခွင်နေလို့ လမ်းလျှောက်ရင် သူများထက် သုံးဆလောက်နှေးနေတာပါ။ တစ်သတ်နဲ့ တစ်ကိုယ် ပထမဦးဆုံး အခြောက်ခံရတယ်ပဲပြောမလား၊ ကိုယ့်အပြစ်နဲ့ကိုယ်ပဲပြောမလား ပြန်ပြောတိုင်းကြက်သီး ထမိလောက် အောင် ဖြစ်ခဲ့ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment