မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊ အောက်လမ်း
(ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်းလျှောက်စဉ်းစား
ရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲတော်စပ်သူ တစ်ယောက်ကို
သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့တကယ့် ဘကြီးအရင်းတော့ မဟုတ်ပါဘူး။
ကျနော့်အဖွားဖက်ကအကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊
ပြောဆိုပုံဟာ“ဂွ” ကျတယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း
သူ့ကိုအော်ကြောလန် ပါတယ်။
သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။နွေရာသီ
ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရောကြီးကြီး ဘက်ပါ
ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်တော်တော် ဖော်ရွေရှာပါတယ်။
ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရတဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ
မှန်တယ်လို့ ထင်ရင် လူရှေ့မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့
အကျင့်ပါ။ ဒီအကျင့်ဟာသူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။
နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းအိုး၊
ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊ဆေးလိပ်ခွက်၊
ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှကို ခြံထဲ
ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊ဆန်စက် (ရွာမှာ
“ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေက ဆင်းရဲသား လယ်သမားများအပေါ်
ခေါင်းပုံဖြတ် အမြတ်ကြီးစားကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။
ရွာမှာနေပြီး နေ့စဉ်ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို
သတင်းတွေကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့လူတွေ
အတော်များများ ရှိပါတယ်။
ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ၀မ်းကွဲဟာ ကျနော်
သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာကတောသူဋ္ဌေးသား တစ်ဦးနဲ့
အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျားကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။
ဒါကြောင့်မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး
အပူပင်မရှိလုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က
ဘကြီးတို့အိမ်နဲ့ ခြံချင်း ကပ်လျှက်ပါ။ ဘကြီးဟာ သူ့သမီးအိမ်မှာ
ထမင်းစားချိန်ရောက်မှ သွားစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ
သူ့အိမ်မှာသာနေလေ့ ရှိပါတယ်။
ဒီလိုနဲ့ တနေ့ကျတော့ ဆွေမျိုးတွေဆီကနေ သတင်းတစ်ခု ကြားရပါတယ်။ ဘကြီးတို့
အိမ်ကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုစားထားလို့ ညဖက်ဆိုရင် ဘယ်သူမျှ
နေလို့ မရဘူး၊ တအိမ်လုံး လှည်းစီး နေရသလို တဒုန်းဒုန်းနဲ့ လှုပ်ရမ်းနေတဲ့
ပုံစံ ခံစား နေရတယ်လို့ဆိုပါတယ်။ ဘကြီးကတော့ ပဲခူးတိုင်း၊
ဝေါမြို့နယ်အပိုင် ရွာတစ်ခုမှသူ့ သူငယ်ချင်းအလှူအိမ်ကို အလည်သွားနေခိုက်မှာ
ပြဿနာ စ’ဖြစ်တယ်လို့ ဆိုပါတယ်။ ဘကြီးမိန်းမ ကြီးကြီးကိုတော့
သမီးဖြစ်သူကသူတို့အိမ်မှာပဲ လာနေဖို့ ခေါ်ထားကြောင်းနဲ့ ရွာထဲရှိ
လူတွေကတော့နေ့စဉ် ဘကြီးတို့အိမ်ရှေ့မှာ တရုံးရုံးဖြင့် ပွဲလာကြည့်သလို
စည်းကားနေကြောင်း ပြောပြပါတယ်။ အခုလည်း မြို့ပေါ်ရှိ အသိမိတ်ဆွေ
“ရွှေရင်ကျော်ဂိုဏ်း” မှ ဆရာတစ်ဦးကို ပင့်ထားတယ်လို့ ကြားရပါတယ်။
ဒါနဲ့ပဲ ကျနော်တို့ တမိသားစုလုံး အထူးအဆန်းတွေ ဖြစ်နေတဲ့ အမေဖက်က
ဆွေမျိုးတွေရှိရာ ရွာသို့ ချီတက်ကြပါတယ်။ ကျနော်တို့ ရွာရောက်တဲ့ နေ့အထိ
ဘကြီးကတော့ ရွာကို ပြန်မရောက်သေးပါ။အဲသည့်ခေတ်က ရန်ကုန်မှာ
အဝေးပြေးကားဂိတ်ဟာ လမ်းမတော်မြို့နယ် လသာလမ်းမှာ ရှိပါတယ်၊ တနေ့ကုန်
ဘတ်စ်ကားကို တအိအိနဲ့ စီးရပါတယ်။ ရွာကို ရောက်တော့ ဘကြီးတို့အိမ်ရှေ့
အ၀င်အ၀မှာအုန်းပွဲ ဌက်ပျောပွဲတွေ လေး …. ငါးပွဲကို ဖယောင်းတိုင်တွေ၊
အမွှေးတိုင်းတွေ ထွန်းပြီး ပွဲပေးထားပါတယ်။ အညိုရောင်ဝတ်စုံ
ဝတ်ထားတဲ့လူကြီးတစ်ယောက်က ကြိမ်းလုံး တစ်ချောင်းကို လက်ထဲမှာ
ကိုင်ဆောင်ထားပြီး သူ့နံဘေးမှာ ကျနော်တို့ ဆွေမျိုးထဲမှ လူကြီး အတော်
များများ ရှိနေကြပါတယ်။ ထိုလူကြီးက ဘကြီးတို့ခြံထဲမှာ “ပုဏ္ဍက”စီးနင်း
တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောပါတယ်။
ဒါနဲ့ “ပုဏ္ဍက” ဆိုတာ ဘာလဲလို့ ရွာက အမေ့အကို ၀မ်းကွဲဘကြီးတစ်ယောက် နံဘေး
ကပ်ပြီး မေးကြည့်တော့ “သရဲ” ထက်ကြီးတဲ့ “သဘက်” ပုံစံ “ဘီးလူး” လို့
ပြောပါတယ်။ ထို အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့ လူကြီးဟာ အထက်လမ်းဆရာဖြစ်ကြောင်း
ပြောပြပါတယ်။ အဲဒီလူကြီးဟာ ပါးစပ်ကနေ ပွစိ ပွစိနဲ့ ဂါထာလားဘုရားစာလားဟု
ဘယ်သူမျှ အသေအချာ မသိနိုင်တဲ့ အရာတွေကိုမကြားတကြားရွတ်ပါတယ်။ အဲဒီနောက်
ဆန်တွေကို ဘကြီးခြံ
တစ်ခုလုံးကို ပက်ဖြန်းပါတော့တယ်။ သူ ဒီည ဒီအိမ်ထဲမှာ တညလုံးဘုရားစာရွတ်၊
အဓိဋ္ဌာန်ဝင်မှာ ဖြစ်ကြောင်း၊ အခု သူ ကြဲချထားတဲ့ဆန်စေ့တွေဟာ နောက်တနေ့မနက်
မိုးလင်းတာနဲ့ ခြံထဲရှိ တစ်နေရာမှာ သူအလိုအလျောက် စုပုံသွားမှာ ဖြစ်ကြောင်း
ပြောပါတယ်။ အဲလိုစုပုံရောက်ရှိသွားတဲ့ နေရာကို ပေါက်တူးနဲ့
တူးဖော်ကြည့်လိုက်ရင်ဘကြီးတို့ အိမ်ကို တိုက်ခိုက်ထားတဲ့ အစီအယဉ် “အင်း”
ပြားတွေထွက်လာမယ်လို့ ဆိုပါတယ်။
ဘကြီးတို့ ခြံနဲ့ ကပ်လျှက်မှာရှိတဲ့ ဘကြီးသမီး အိမ်ထောင်သည်အမတို့အိမ်မှာ
အိပ်ဖို့ ကျနော်တို့ ညီအကိုမောင်နှမတွေလည်းအမေကို ဇွတ်အတင်း တောင်းဆို
ရပါတယ်။ ရွာက ဆွေမျိုးတွေက သူတို့အိမ်တွေမှာ လိုက်ပြီး တည်းခိုဖို့
ကျနော်တို့ မိသားစုပြောပါတယ်။ ရွာရဲ့ သုံးပုံ တစ်ပုံဟာ အမေဖက်ကနေ
ဆွေမျိုးပ်ရင် ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့
ဆွေမျိုးအရင်းအခြာတွေဖြစ်ပါတယ်။ ပြောမရတဲ့ နောက်ဆုံးမှာ အမေလည်း ကျနော်တို့
ကလေးတသိုက်ကို လက်လျှော့ပြီး ဘကြီးသမီး အမတို့အိမ်မှာ ညအိပ် တည်းခိုဖို့
သဘောတူလိုက်ပါတယ်။ ဖယောင်းတိုင်မီးရောင်တွေ ထိန်းလင်းနေတဲ့ ဘကြီးအိမ်
အပေါ်ထပ်က ဘုရားခန်းကို အမတို့အိမ် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်နေရပါတယ်။
ဘယ်အချိန်မှာ ဘာတွေ ထူးလာမလဲ၊ ဘာတွေ ဖြစ်လာ မလဲလို့ ကျနော်တို့
စောင့်မျှော် နေခဲ့ကြပါတယ်။
ဘကြီးသမီး အိမ်ထောင်သည် လင်မယား ကျွေးမွေးဧည့်ခံတဲ့မုန့်တွေကို စားလိုက်၊
ရောက်တတ်ရာရာတွေ ပြောလိုက်ဖြင့်မအိပ်သေးပဲ ညဥ့်နက်ပိုင်းကို ရောက်လာပါတယ်။
ည(၁၀)နာရီဆိုတဲ့ အချိန်ဟာ ရွာက လူအများစု အိပ်ပျော်တဲ့အချိန်ဖြစ်ပေမဲ့
ကျနော်တို့ မြို့က လူတွေအတွက်တော့ မအိပ်သေးပဲနေလို့ ရပါသေးတယ်။ ရုတ်တရက်
ရွာလမ်းတလျှောက်ဆီမှခွေးအူသံတွေ ထွက်ပေါ်လာတော့ ကျနော်တို့လည်း ကြောက်ကြောက်
နဲ့ ဘကြီးအိမ်ဖက်ကို လှမ်းကြည့်လိုက်ပါတယ်။ ရေနံချေး ၀’နေတဲ့နံဘေး
နံရံတွေကြောင့် ညဖက်ကြည့်ရင် မဲမှောင်နေပါတယ်။ လရောင်အောက်ကနေ နှစ်ထပ်
ခြေတံရှည် ဘကြီးအိမ်ကို မြင်နေရတဲ့ ပုံစံဟာ
သရဲတစ်ကောင် ငုပ်တုပ် ထိုင်နေပုံနဲ့ တူနေပါတယ်။
ရုတ်တရက် လေတွေ တဝေါဝေါ တိုက်ခိုက်အပြီး ကျနော်တို့မျက်စိရှေ့ရှိ ဘကြီးအိမ်
ဘုရားခန်းက ဖယောင်းတိုင်းမီး အလင်းရောင်တွေ မမြင်ရတော့ပဲ
အမှောင်အတိကျသွားပါတယ်။ မျက်စိရှေ့မှာတင် ခြံထဲမှ လူနှစ်ယောက် အသံကုန်
အော်ဟစ်ပြီးပြေးထွက်လာပါတယ် …“အမလေးဗျ၊ ကယ်ကြပါအုံး … ကယ်ကြပါအုံး
…”“အမလေးဗျ၊ ကြောက်ပါပြီး ဗျ … ”
ကျနော်တို့ မောင်နှမတသိုက်လည်း ပြတင်းပေါက်နံဘေးကနေအမေအိပ်နေတဲ့
အိပ်ခန်းထဲကို ဘယ်လိုပြေးမိလို့ ဘယ်လို ရောက်သွားမှန်းမသိ
ပြေးဝင်ခဲ့ကြပါတယ်။ ဆယ့်ငါး မိနစ်လောက်ကြာတော့လူသံတွေ ဆူဆူညံညံကြားမှ
အပြင်ဖက်ရှိ ပြတင်းပေါက်နံဘေးကိုပြန်လာခြဲ့
ကပါတယ်။ ရွာထဲရှိ ဆွေမျိုးသားချင်း အကိုတွေရော၊ တခြားရွာသားတွေပါ
လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဓါး လှံတွေတ၀င်းဝင်းနဲ့ ဘကြီးတို့
အိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြပါပြီ။
ဘယ်သူမျှ မရှိတဲ့ ဘကြီးတို့ခြံနဲ့ အိမ်ထဲကို
လက်နှိပ်ဓါတ်မီးပေါင်းများစွာနဲ့ ထိုးကြည့်နေကြပြီး သူ အထဲကို အရင်ဝင်မယ်၊
ငါ အထဲကို အရင် ၀င်ကြည့်မယ်နဲ့ ပြောဆိုနေကြပါတယ်။ နောက်ထပ်ခဏလောက်အကြာမှာ
ရွာက ကောင်စီဥက္ကဋ္ဌ ရောက်လာပြီးခြံတံခါးကို ပိတ်လိုက်ဖို့နဲ့ ခြံထဲကို
ဘယ်သူမျှ ပေးမ၀င်ဖို့ ပြောပြီးတားမြစ်ကြပါတယ်။
မနက်မိုးလင်းချိန်မှာ ဘကြီးအိမ်ဝန်းထဲကို ရွာဦးကျောင်းက ဆရာတော်ကွလာပြီး
ပရိတ်တရားတွေ ရွတ်ဖတ် ပါတယ်။ အဲဒီနေ့ နေ့လည်မှာပဲ ကျနော်တို့ အချစ်တော်
ဘကြီးတစ်ယောက် ပဲခူးမှာနေထိုင်တဲ့ သူ့သူငယ်ချင်း အလှူကနေ ပြန်လည်
ရောက်ရှိလာပါတယ်။ ဘကြီးပြန်ရောက်တယ် ဆိုရင်ပဲ ဆွေမျိုးတွေ၊ ရွာက လူတွေက
သူ့အိမ်ရဲ့ အဖြစ်အပျက်ကို ၀ိုင်းပြောကြပါတယ်။ သူ့သမီးဖြစ်တဲ့
အမတို့လင်မယားက ဒီဖက်အိမ်မှာ လာနေဖို့ ပြောပါတယ်။ နေ့ခင်းဖက်
အမတို့အိမ်မှာ ဘကြီးနဲ့ ရွာက ဆွေမျိုးတွေ လူစုံတက်စုံ စကားဝိုင်း
ဖြစ်ခဲ့ကြပါတယ်။
ဘကြီးတို့ စကားဝိုင်းကနေ ညက အဖြစ်အပျက်ကို ပြန်ကြား ရပါတယ်။ လွန်ခဲ့တဲ့ည
ဘကြီးအိမ်မှာ အိပ်ခဲ့တဲ့ အထက်လမ်းဆရာဆိုသူနဲ့ ဆွေမျိုးတစ်ဦးတို့
ဖြစ်ပျက်ခဲ့ပုံက…ရွာလမ်းမကြီးတေ
လျှာက်က ခွေးအူသံတွေ ဆက်တိုက်ကြား
ရတယ်၊ ပြီးတော် လေတွေ တလဟော တိုက်လာပြီး ဘုရားစင်က မီးတွေ ငြိမ်းသွားပါတယ်၊
မီးငြိမ်းသွားလို့ မီးခြစ်လာရှာတဲ့အချိန်မှာ တအိမ်လုံး ရုတ်တရက်
လှုပ်ရမ်းလာပါတယ်၊ ဒါနဲ့ကြောက်ကြောက်နဲ့ အိမ်ပေါ်ကနေ အောက်ထပ်ကို
ပြေးအဆင်းအမှောင်ထဲကနေ နွားအော်သံ တစ်ခုကို ကြားလိုက်ရတယ်၊
လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အောက်ထပ်
မြေကြီးထဲကနေနွားတစ်ကောင်ရဲ့ ဦးခေါင်းတစ်ခု ထိုးထွက်လာတာကို
မြင်လိုက်ရပါတယ်၊ အဲဒီ နွားခေါင်းကနေ အသံတွေ ထွက်နေသလို အိမ်လည်း မြေငလျင်
လှုပ်သလို ရမ်းနေတယ်လို့ ပြောပါတယ်။
ဘကြီးလည်း မျက်မှောင်ကျုပ်နေအောင် အချိန်တော်တော်ကြာစဉ်းစားနေပါတယ်။
ဆွေမျိုးတွေက တစ်ယောက် တစ်မျိုးစီဖြင့်“အဘ၊ ရွာက ကောင်စီလူကြီးတွေ
လယ်မလုပ်ဘဲနဲ့ အမတော်ကြေး(ဘဏ်ချေးငွေ) ယူတဲ့ ကိစ္စအပေါ် မတရားဘူးလို့
ပြောတာတွေ၊ ငွေတိုးချေးတဲ့ သူဋ္ဌေးတွေ အကြောင်း နေ့စဉ်ပြောနေလို့အခုလို့
အောက်လမ်းနည်းနဲ့ အတိုက်(ပြုစား)ခံရတာ ဖြစ်နိုင်ကြောင်း”
ဝိုင်းပြောကြပါတယ်။
ညနေပိုင်းလောက်မှာ ကျနော်တို့ဘကြီး ရွာဦးကျောင်းဖက်ကိုထွက်သွားပါတယ်။
တစ်နာရီလောက်ကြာတော့ အထုပ်တချို့၊ရေပုလင်းတချို့နဲ့ ပြန်လည်
ရောက်ရှိလာပါတယ်။ သူ့သမက်ဖြစ်တဲ့အမ ယောက်ျား အပါအ၀င်
လယ်စာရင်းဌား(လယ်ယာအလုပ်သမား)
တချို့ကို ဦးဆောင်ပြီး သူ့ခြံထဲကို သွားကြပါတယ်။ အဲဒီနောက် သူ့အိမ်ရဲ့
အိမ်တိုင်းတွေ အားလုံးဘေးမှာ တရွင်းပြားတွေ ပေါက်တူးတွေနဲ့ တူးကြပါတော့တယ်။
အဲဒီနောက် ရွာဦးကျောင်း ယူဆောင်လာတဲ့ အထုပ်တွေ ရေပုလင်းတွေထဲကနေ
ပစ္စည်းတချို့ကို အိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ လောင်းချကြပါတယ်။
အဲဒီနောက်ကျနော်တို့ရှိရာ သူ့သမီးအိမ်ဖက်ကို ရောက်လာပြီး ဘော့ပန်တွေ၊
ခဲတံတွေ စာရွက်တွေနဲ့ ဘုရားစာအုပ်ထဲက ဘုရားစာတွေကို ကူးယူပြီး ရေးဖို့
ပြောပါတယ်။ ကျနော်တို့ မောင်နှမတသိုက်က ဘာလုပ်ဖို့လဲလို့ ၀ိုင်းမေးကြပါတယ်။
ဘကြီး အဖြေက ..“ဆေးနွားကို အဆိပ်ခတ်မလို့”
အဲဒီနေ့ ညဖက်က စ’ပြီး ဘကြီးခြံနဲ့ အိမ်တို့မှာ ထူးထူးခြားခြားဖြစ်စဉ်တွေ
ရပ်တန့်သွားပါတယ်။ နောက်တနေ့ မနက်rိးလင်းချိန်မှာ ရွာထဲရှိ ဘကြီးလယ်မှာ
အလုပ် လုပ်တဲ့ သီးခစားလယ်သမားတစ်ယောက် ရောက်လာပါတယ်။ ရွာက ကောင်စီဥက္ကဋ္ဌ
ပိုင်ဆိုင်တဲ့ နွားတစ်ကောင် ဒီမနက်မှာ သန်သန်မာမာကနေရုတ်တရက် ပျော့ခွေပြီး
လဲကျသေဆုံးသွားကြောင်း ပြောပြပါတယ်။ အဲဒီနောက် ဘကြီးနဲ့ သူ့လယ်သမားတို့ဟာ
ဘကြီးအိမ်ဝန်းဖက်ကို သွားရောက်ကြပါတယ်။ တော်တော်ကြာတော့ဘကြီးတစ်ယောက်
သူ့အိမ်ဝန်းထဲမှာ သစ်ရွက်ခြောက်တွေကိုစုပုံပြီး မီးရှို့နေပါတယ်။
ကျနော်တို့လည်း တဖက်ခြံဝန်းထဲကနေ ဘာလုပ်နေသလဲလို့ လှမ်းမေးလိုက်တော့ သူက
နွားရုပ်လေးတစ်ရုပ်ကို ထောင်ပြ ပါတယ်။ အဲဒီနောက် သူ့လက်ထဲက
အဲဒီနွားရုပ်လေးကို မီးပုံထဲကို ထည့်လိုက်ပါတယ်။
နေ့လည်ပိုင်း မရောက်ခင် ရွာဦးကျောင်းရဲ့ ဆွမ်းတန်းဟာ ဘကြီးတို့ ခြံရှေ့ကနေ
ကြွလာပါတယ်။ ဘကြီးက ဆရာတော်ကို သူ့ခြံထဲ ပင့်ဖိတ်သွားပြီး ခဏနေတော့
ဆရာတော် ပြန်ကြွ သွားပါတယ်။အဲဒီနောက် ခြံရှေ့ကနေ “ငါခြံမှာ ဘာကောင်မှ
မရှိတော့ဘူး၊ ဘယ်သူပြောလဲ “ပုဏ္ဍက” တိုက်တယ်လို့၊ မယုံရင်လာကြည့်ကြ ဒီညက
စပြီးဘာကောင်မှ မရှိတော့ဘူး” လို့ ခြံရှေ့ ဖြတ်သွားသူ မှန်သမျှကို
ပြောပြနေပါတယ်။ ညနေစောင်း သူ့ခြံထဲမှာ ရွာကလူတွေ တရုံးရုံးနဲ့
စည်းကားနေပါတယ်။ လူတွေ ၀င်လိုက် ထွက်လိုက် လာကြည့်နေကြလို့ကျနော်တို့
ကလေးတသိုက်လည်း ဘကြီးခြံဖက်ကို သွားကြည့်ကြပါတော့တယ်။ သူ့အိမ်အောက်ထပ်
မြေကြီး တနေရာမှာ တွင်းတူး
ထားသလို ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ မေးကြည့်တော့“ဆေးနွား” ကို
တူးဖော်လိုက်တဲ့ နေရာလို့ ဘကြီးက ပြောပြပါတယ်။ဒီလိုနဲ့ ညဖက် အမတို့အိမ်မှာ
တည်းခိုနေတဲ့ ကျနော်တို့ မိသားစုထံ
ကို ဘကြီး ရောက်လာပါတယ်။ အဲဒီတော့မှ ကျနော်တို့လည်း သိချင်တာတွေကို
မေးခွင့် ရခဲ့ပါတယ်။
သူ့ခြံကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုလုပ်တယ်လို့ သူလည်းယူဆ ခဲ့ကြောင်း၊
သူ့အိမ်မှာ လာအိပ်သွားတဲ့ ပရောဂ ကုတဲ့ဆရာတို့မြင်တွေ့ခဲ့ပုံကို သူ
စဉ်းစားကြည့်ပြီး “ဆေးနွား” လို့ ခေါ်တဲ့ ပရောဂနည်းနဲ့
လုပ်တာဖြစ်လိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါကြောင့်
ရွာဦးဘုန်းကြီးကျောင်းက ဆွမ်းဆန်အနည်းအကျဉ်းကို ဆရာတော်ထံမှ အလှူခံခဲ့သလို
ဘုန်းကြီးကျောင်း ဘုရားစင်မှ သောက်တော်ရေ အဟောင်းတွေ
ကို စွန့်ပြီး ပုလင်းထဲ ထည့်ယူလာခဲ့ကြောင်း၊ အဲဒီနောက်
အဲဒါတွေကိုအိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ မြေကြီးကို နည်းနည်းချင်စီ
တူးဆွပြီး လောင်းထည့်ခဲ့ကြောင်း၊ သူ့အိမ်အောက်ထပ် အလယ်တစ်နေရာ
မှာ ကောက်ရိုးတွေ စုပုံပြီး ကျနော်တို့ ကူးရေးပေးတဲ့ ဘုရားစာ စာရွက်တွေကို
ကောက်ရိုးပုံမှာ ထည့်ခဲ့ကြောင်း၊ မနက်မိုးလင်းချိန် အဲဒီကောက်ရိုးတွေ
ထားခဲ့တဲ့ နေရာကို ပေါက်တူးနဲ့ တူးကြည့်လိုက်တော့ နှီးနဲ့ ရက်လုပ်
ထားတဲ့ နွားအရုပ်လေး တစ်ခုကို တွေ့ရကြောင်း၊ ဒါနဲ့ မီးဖိုပြီး အဲဒီ
နွားရုပ်လေးကို မီးရှို့ပြစ်ခဲ့ကြောင်း သူက ပြောပြပါတယ်။
ဒါနဲ့ ကျနော်တို့က အဲဒီ ဆေးနွားအကြောင်းကို မေးကြည်တော့ …ရွာမှာ
မီးမဖွားနိုင်လို့ သေဆုံးပြီး အသုဘဖြစ်လာရင် မီးသင်္ဂြိုလ်လေ့ရှိကြောင်း၊
အဲလိုမီးသင်္ဂြိုလ်တဲ့ အခါ အသုဘရုပ်ကောင်ရဲ့ ခန္ဓာကိုယ်ကို မြန်မြန်
ပြာဖြစ်အောင် ပြုလုပ်ရကြောင်း၊ အဆီပြင်တွေကို ၀ါးနဲ့ထိုးဖောက်ရကြောင်း၊
အဲဒီ ၀ါးလုံးကို အောက်လမ်းဆရာတွေ အသုံးပြုလို့ မရအောင် ရွာဦးကျောင်းမှာ
သိမ်းဆည်းလေ့ရှိကြောင်း၊ အဆိုပါဝါးလုံးကို အောက်လမ်းဆရာတချို့က ခိုးယူပြီး
နှီး ဖြစ်အောင်အရင် ယက်ရကြောင်း၊ နှီး ဖြစ်လာတဲ့ အခါ အဲဒီ နှီးနဲ့
နွားရုပ်လေးတစ်ရုပ်ဖြစ်အောင် ပြုလုပ်ရကြောင်း၊ နွားရုပ်လေး
လုပ်ပြီးချိန်မှာအသက်သွင်းပေးရကြောင်း၊ တကယ့် နွားအစစ်နဲ့ အတူ
လ’ပေါင်းများစွာ အတူ ထားရကြောင်း၊ အဲဒီနောက် အောက်လမ်းဆရာတွေက သူတို့
ဒုက္ခပေးချင်တဲ့ အိမ်တစ်အိမ်ရဲ့ အပြင်ဖက်ကဖြစ်စေ … အတွင်းထဲ လာပြီး ဖြစ်စေ
အဲဒီ နွားရုပ်ကို ပို့ဆောင်ပေးရကြောင်း၊ ထို့နောက် သူနဲ့ အတူ ရှိခဲ့ဘူးတဲ့
နွားအစစ်ကို လှည်းတစ်ခုမှာဖြစ်စေ … ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်စေ
လုပ်ဆောင်ပေးပါက အလားတူ အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော ဆေးနွားလည်း
သောင်းကျန်းလေ့ရှိကြောင်း ရှင်းပြပါတယ်။
“ဒါဆို အခု ဒုက္ခပေးနေတဲ့ နွားရုပ်လေးကို မီးရှို့လိုက်ရင်ပြီးသွာပြီလား
….”လို့ ကျနော်တို့ မေးအကြည့်မှာ …ဘကြီးက …“အဲဒီ ဆေးနွားကို
မီးရှို့လိုက်တော့၊ သူနဲ့ အတူ အသက်သွင်းရာမှာ အသုံးပြုခံရတဲ့ တကယ့်နွားလည်း
သေသွားတယ်ကွ ..”ဟု ပြန်ဖြေပါတယ်။
ရုတ်တရက် ကျနော်တို့က …“ဒါဆို မနက်က ကောင်စီ ဥက္ကဋ္ဌအိမ်က နွား
သေသွားတယ်ဆိုတော့ ဥက္ကဋ္ဌက အောက်လမ်းဆရာ လား …”လို့ မ၀င့်မရဲနဲ့
မေးလိုက်ချိန်မှာ ဘကြီးပါးစပ်က ..“အင်း
Creadit by myanmarghoststory
No comments:
Post a Comment