Zawgyi & Unicode Changer

Tuesday, March 25, 2014

စမ်းချောင်းက တိုက်ခန်း

စမ်းချောင်းက တိုက်ခန်း

ကျွန်တော်သိတဲ့ သူငယ်ချင်းရဲ့ အဖြစ်အပျက်လေးက စမ်းချောင်းရပ်ကွက်ထဲက တိုက်ခန်းလေးတစ်ခု ထဲမှာ ဖြစ်ခဲ့တာပါ။ လမ်းနာမည်နဲ့ တိုက်နံပါတ် ကိုတော့ မပြောတော့ပါဘူးဗျာ။ ဧရာဝတီတိုင်း ထဲက မြို့ နာမည်တွေနဲ့ မှည့်ထားတဲ့ စမ်းချောင်းထဲ က လမ်းများထဲက တစ်ခုသော တိုက်ခန်းပေါ့ဗျာ။

သူတို့ က သင်းဘော သားလောင်းတွေပါ သံလွင်က ရေကြောင်းမှာတက်ပြီးတဲ့အခါမှာ ရန်ကုန်မှာ ဆက်ပြီးတော့ သင်တန်းတွေတက် သင်းဘောသားလက်မှတ်တွေဖြေရတဲ့ အခါ ရန်ကုန်မြို့ ထဲမှာ ကိုယ်နဲ့ နီးစပ်ရာ စီနီယာတွေ အခန်းမှာ ခဏတက်နေ ငှားဖို့ တိုက်ခန်းရှိရင်တော့ သူငယ်ချင်းတွေ စုစပ် ငှားကြပေါ့ဗျာ။ တစ်ခါ တစ်ခါ တိုက်ခန်းမှာ ကျောင်းသား ချည်းပဲ ၇ ယောက် လောက်စုနေကြတာ။ တစ်ခါ တစ်ခါ ဆို ၁၁ ယောက် လောက်ဖြစ်တဲ့ အခါ ဖြစ်သွားရော။ ကျောင်းသားတွေ ဆိုတော့ သူ့ ဘော်ဒါလည်း ခေါ်လာ သူ့ ဘော်ဒါလည်း ခေါ်လာရင်းနဲ့ များသွားတာကလား။ ဒီလိုနဲ့ ကျောင်းတွေပိတ်လို့ ကျောင်းသားတစ်ချို့ ကလည်း တချို့ စီနီယာတွေကလည်း သင်းဘောတက်နဲ့  နောက်ဆုံး တော့ အိမ်လည်းမပြန် ရန်ကုန်မှာပဲ ဆက်ပွေး ဖို့ ဆိုပြီးအေးချမ်းနဲ့  အောင်မင်း တို့ နှစ်ယောက်တည်း တိုက်ခန်းမှာကျန်တာပေါ့။

"ကွာ လူအများကြီးကနေ နှစ်ယောက်တည်းဆိုတော့ ပျင်းလိုက် ဟိုးအနောက်ဖက် စမ်းချောင်းက ကောင်တွေဆီသွားအိပ်ရအောင်လေ အောင်မင်း "

"ဟိုဖက်က ကောင်တွေလည်း တစ်ကောင်မှမကျန်တော့ဘူးဟ ငါ့ ဆီတောင် ဖိုစီက တိုက်ခန်းသော့ ပေးသွားတယ်ဒီကြားထဲ တစ်ကောင်ကောင် ပြန်လာရင် ပေးရအောင်လို့ မင်း သွားလို့ ကတော့ ဟိုမှာ သရဲ ပဲရှိမှာ ဟာဟ "

"သရဲ ရှိလည်းကောင်းတာပဲ အပျင်းပြေတာပေါ့ ဟဲဟဲ .....ခုတော့ကွာ .......ဟေ့ရောင် ဖဲရိုက်ရအောင်ကွာ အပျင်းပြေ"

"ဟာ့ အေးချမ်းရာ နှစ်ယောက်တည်း ဘာရိုက်မှာလဲကွာ ....."

"ကိုးမီးချရအောင်....နှစ်ယောက်တည်း ရှုံးတဲ့ ကောင် အရက်တိုက်ကြေး ဟဲဟဲ ဘယ်လိုလဲ "

"နှစ်ယောက်တည်းကွာ မင်းကလည်း............"

"နှစ်ယောက်တည်း လည်းဖြစ်တာပဲ ရိုက်ရအောင်ကွာ သုံးပွဲ ရိုက်မယ်ကွာ နစ်ပွဲနိုင်တဲ့ ကောင် အနိုင် "

အေးချမ်းက ပြောပြောဆိုဆို ဖဲ ကို ရွေးထုတ်ပြီး ကုလားဖန်တောင် ထိုးပြီး ချိုး ဆိုပြီး အေးချမ်းက ချပေးတော့ စိတ်မပါတပါနဲ့ ကောက်ချိုးပြီး အေးချမ်းဝေတဲ့ဖဲကောက်ကြည့်လိုက်တယ်။

"ဟေ့ရောင် အောင်မောင်း မင်းခုနားက သရဲ ပဲတွေ့ မယ်လို့ ပြောတော့ ဟိုဖက်က တိုက်ခန်းက ဟိုကောင်တွေ ပြောသလို တကယ်ပဲ ခြောက်လို့ လားဟ "

"ဟေ့ရောင် ဒီမှာ ဇ ဇင်နဲ့ ဒိုးလေး (ဖဲကာလာတူ ၈ ပေါက်) ကွ...ဘာမှအာရုံတွေလာမပြောင်းနဲ့  မင်းရှုံးပြီတစ်ခါ"

"ဟ နေပါဦးဟ ငါတောင် ဖဲ မပွတ်ရသေးဘူး.." အေးချမ်းက ဖဲကို ရည်းစားပါးပွတ်သလို ဖြည်းဖြည်းလေး ပွတ်နေ ရင်းနဲ့ မှ

"ဟေ့ရောင် ငါမေးတာ ဖြေပါဦးဟ ...ဟိုဖက်တိုက်က တကယ်ခြောက်လို့ လား "

"အား အေးချမ်းရာ နှစ်ယောက်တည်းရှိတာ ဖဲကို ပွတ်နေသေးတယ် အရေးထဲ ....လခွီး မင်းသိချင် မင်း သွားအိပ်ကြည့်ပေါ့ကွ ငါလည်း ဘယ်သိပါ့မလဲ ဒီကောင်တွေပြောတာတော့ ခြောက်တယ်လို့ တော့ ပြောတာပဲ့ ငါလည်းသေချာမသိဘူးဟ...ကဲ ပြ ဘာလဲမင်းဖဲက "

"ကုလားနှစ်ကောင် ဟေ့ တစ်ကောင်က အမ တစ်ကောင်က အထီး .....ပျင်းလို့ ဆော့ပါတယ်ဆိုမှ ဖဲက သေနေသေးတယ်"

အေးချမ်းက ပြောပြီး ကုလားဖန်တစ်ခါ ပြန်ထိုး ချိုးပြီး ဖဲဝေနေရင်းမှ

"ဟေ့ရောင် မင်းသရဲခြောက်တယ်ဆိုတာ ယုံလား"

"ဟေ့ရောင် အေးချမ်းရာ မင်းဘာဖြစ်နေတာလဲ ဒီသရဲ သရဲ ချည်းပဲ မေးနေတယ် ဖဲရိုက်စရာ ရှိမြန်မြန်ရိုက် ပြီးရင်သောက်စရာရှိတာ သောက်မယ်"

"ဟ ငါကပျင်းလို့ ပါဟ တကယ်တန်းသရဲရှိရင် လာစမ်းပါလို့ အပျင်းပြေခြောက်စမ်းပါလို့ အဟဲဟဲ ငါတော့ မယုံဘူးသရဲရှိတယ်ဆိုတာ ရှိတယ်ဆို ခြောက်စမ်းပါ လာစမ်းပါ ပျင်းလွန်းလို့  လာထား သရဲမ ချောချောလေးဆို အာဗွားဘာတွေ ပေးလွတ်လိုက်မယ်"

"ငါ++မ အေးချမ်း လျောက်အော်မနေနဲ့ မင်းဖဲပြ"

နှစ်ယောက်သား ပြောနေကြတုန်း စိမ့် ခနဲ လေအေး လေးတစ်ခုက ဖြတ်တိုက်သွားသည်။

"ဟေ့ရောင် အောင်မောင်း အေးခနဲ ဖြစ်သွားတယ် ဟုတ်တယ်မလား"

"အေးချမ်းရာ မင်းရှုံးတော့မှာမို့ သွေးရူးသွေးတန်း လျောက်ပြောမနေနဲ့ "

"ငါတကယ်ပြောတာ သားကြီးရ တကယ် အေးခနဲ ဖြစ်သွားတယ် မင်းဘာမှမဖြစ်လိုက်ဘူးလား တကယ်ပြောတာဟေ့ရောင်"

"အေး..အေးခနဲ ဖြစ်သွားရင်လည်း အဲမှာလဲသေလိုက် ...အဲတာမင်းကို သရဲမ လာနမ်းတာ ......ခွီးပဲကွာ ပျင်းပါတယ်ဆိုမှ မင်းက အာရုံလာပျက်နေတယ် သွားမယ်ကွာ ကိုယ့်ကိုပဲဆင်းသောက်မယ် မင်းမလိုက်လဲနေ" ပြောပြော ဆိုဆို အောင်မောင်းက ထရပ်တော့

"အား ငါလည်းလိုက်မှာပေါ့ ကွ" (နောက်ပိုင်းများတွင် ကျွန်တော်က အေးချမ်း နေရာမှဝင် ပြီး ရေးသားသွားပါမည်)

တိုက်ခန်းထဲ ပြန်ရောက်တော့ မြန်မာပြည်ထုံးစံအတိုင်း မီးကပျက်နေပြီ တိုက်လှေကား မှောင်မှောင်မဲမဲ ကိုမည်သို့ တက်ခဲ့သည်မသိတော့။ တံခါး သော့ဖွင့်ဖို့ စမ်းလိုက်တော့ သော့ ကတော်တော်နဲ့ ရှာမရ ဖြစ်နေသည်။ "ဟေ့ရောင် အောင်မောင်း သော့ပေးလေကွာ လခွီးတဲ့ မှ သော့ကိုင်ထားပြီး ငါ့လာ ဖွင့်ခိုင်းနေတယ်" အောင်မောင်းက အသံပင်မထွက်တော့ သူလှမ်းပေးတဲ့ သော့ကို ယူပြီး ဖွင့်ဝင်လိုက်တော့ အိမ်တံခါးဝနားတွင် ရိပ်ခနဲ လူရိပ်တစ်ခုတွေ့ လိုက်ရသည်။

"ဟေ့ရောင်အောင်မောင်း တွေ့ လိုက်လား လူတစ်ယောက်"

"အေးချမ်း မင်းမူးနေပြီ သိလား မင်းမူးပြီး မြင်ချင်ရာ မြင်နေတာ ...ကွ" ကျွန်တော်ကို မူးနေပြီဟုပြောသော အောင်မောင်းက ခေါင်းပင်မထောင်နိုင်တော့။

"အေးကွာ မင်းကမမူးသေးဘူး ဒါပေမယ့် ဘာမပြောနဲ့ အိပ်တော့"ဆက်ပြောလည်း လေကြော ကရှည်နေဦးမယ် အတွက် စကားဖြတ်ကာ ကိုယ်အိပ်ရာလေးဆီ မှန်းပြီး နေ့ ကတည်းက မသိမ်းထားသော ခြင်ထောင်ကို လှန်လိုက်သည် အရေးထဲ ရှုးက ပေါက်ချင်လာသည့် အတွက် နောက်ဖေး အိမ်သာ ကိုလျောက်သွားသည့် အခါ ရေချိုးခန်းအ၀ရှေ့ မှာ တလှုပ်လှုပ်နှင့် ကုန်းကွနေသည် အရာ တစ်ခု ကို တွေ့ လိုက်ရသည်။ အောင်မောင်းတစ်ယောက် ရေချိုးခန်းဝမှာ အန်ပြီထင်ပါ့

"ဟေ့ရောင် သားကြီးအောင်မောင်းရာ နင်းပိတ်ကန်သောက်ပြီး ခုတော့ အန်ပြီမလား နေဦး ငါ ရူးပေါက်ပြီးမှ မင်းကိုလာ နိပ်ပေးမယ်"

ကျွန်တော် ပြန်ထွက်လာတော့ ခုနားက ရေချိုးခန်းဝ မတွေ့ တော့ ......ထားပါတော့လည်း မူးလည်းမူးနေပြီဆိုတော့ ခြင်ထောင်ထဲဝင်ပြီး မျက်လုံးလေး အသာမှိတ်ထားလိုက်သည်။ ပက်လက်လန်ထားရင်း ခေါင်းထဲမှာ အယ်ကိုဟော ဓာတ်အရှိန်ကြောင့် တဒိတ်ဒိတ်တိုးနေတာကို သိနေရသည်။ ထို့ အပြင် အသံတစ်ခုကိုမသဲမကွဲကြားနေရသေးသည်။ တရှဲ ရှဲ နဲ့ ဘာမြည်သံပါလိမ့်။ မျက်လုံးကိုမှိတ်ပြီး ပြန်ဖွင့်ကြည့်သည့် အခါ အမှောင်ကို ကျင့်သားရလာသည်။ ဘေးသို့ စောင်းပြီး မျက်လုံးပြန်မှိတ်ပြီး အိပ်ဖို့ ကြိုးစားကြည်သည်။ တ ရှဲ ရှဲ မြည် သံ ကပိုထင်ရှားလာသည်။ ဘာလဲ ကွာ ဟိုကောင် အောင်မောင်း .ဘာလုပ်နေသေးတာလဲ ကွာ။ဒါပေမယ့် အသံ က အောင်မောင်း အိပ်နေကျဖက်မှ မဟုတ်.. အသံက မီးဖိုချောင်ဖက် ခု ကျွန်တော်စောင်းလိုက်သည့်ဖက်မှ ကြားရခြင်းဖြစ်သည်။် မျက်လုံးကို အသာလေးဖွင့်ပြီး အားစိုက်ပြီးကြည့်လိုက်သည့်အခါ အခါ် ဆံပင်များ ဖျားလျားကျလျက်ရှိသော ခန္ဒာကိုယ်တစ်ခုက ကျွန်တော်အိပ်နေသောအိပ်ရာ ဆီတို့ တရွတ်တိုက် လာနေလေသည။် တဖြည်းဖြည်းမြင်ရသော ထိုအရာကြီး၏ မျက်နှာသည် ရွံတွလျက်ရှိပြီး မျက်လုံးမှာ ဟောင်းလောင်းပေါက်ကြီးဖြင့် တဖြေးဖြေး ကျွန်တော်ရှိရာဆီသို့ .....

"အားးး.........သ..ရဲ..."ကျွန်တော် အသံမည်မျှကျယ်သွားသည်မသိ အသေကောင်ကဲသို့ ငုတ်တုတ် အိပ်ပျော်နေသော အောင်းမောင်းလည်း ရုတ်တရက်ထထိုင်ခါ ကျွန်တော်ကြည့်သည့် ဖက်ကိုကြည့်ပြီး.......ခဏမျှ ကြောင်ကာ........အား ခနဲ အော်ရင်းရှေ့ ဆုံးကနေ ပြေးဆင်းပါတော့သည်။

နှစ်ယောက်သား ကမူးရှုးထိုးပြေးဆင်း ပြီးမိုးလင်းသည့်အထိ လက်ဖက်ရည်ဆိုင်တွင် အချိန်ဖြုန်းလိုက်ရလေသည်။ သွေးအေးသွားသည့်အခါ အေးချမ်းနင့် အောင်မောင်း တစ်ယောက်နှင့် တစ်ယောက် ပြန်မေးကြည့်တော့ အဲနေ့ ညက အောင်မောင်းမှာ အေးချမ်းမှာ တံခါးဖွင့်ပြီးသည်နှင့် တစ်ခါတည်း အိပ်ရာထဲ ၀င်သွားကြောင်း ..........အောင်မောင်းမှာလုံးဝ မအန်ခဲ့ ကြောင်း၊ ရေချိုးခန်းဖက်သို့ လည်းလုံးဝမရောက်ခဲ့ ကြောင်းပြောလေသည်။ အေးချမ်း မူးမူးနှင့် တွေ့ ခဲ့သော ရေချိုးခန်းဝက ကုန်ကုန်းကွကွ မှာ.........

No comments:

Post a Comment