ဒါကဧရာဝတီတိုင်းကဖြစ်ရပ်မှန်ဇာတ
Zawgyi & Unicode Changer
Tuesday, March 25, 2014
ငါးလောင်းပြိုင်ပေမို့ 
"ငါးလောင်းပြိုင်ပေမို့ လက်မှိုင်ချရတော့မယောင်ယောင်"
ဒါကဧရာဝတီတိုင်းကဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ...။
ဒီအဖြစ်ပျက်ကြောင့်လည်း အဲ့ဒီမြို့ ကို (..)မြို့ လို့  သမုတ်ထားတာလို
့လည်း ပြောကြပါတယ်......။ ဖြစ်ပုံကဒီလိုပါ...။ လွန်ခဲ့တဲ့ နှစ် တစ်ရာကျော်
နှစ်ရာလောက်တုန်းက အဲ့မြို့ မှာ တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့
အိမ်ကြီးတစ်လုံးရှိပါတယ်တဲ့...။ သူဌေးအိမ်ပေါ့နော့..။ ရှေးခေတ်သူဌေးအိမ်တွေပီပီ အဲ့အိမ်ကြီးက အနက်ရောင်သုတ်ထားတာပေါ့..............။
သာမန့် ပြောရရင်အိမ်မဲကြီးပေါ့...။ အဲ့အိမ်မှာ မိသားစု ၅
ယောက်နေကြတယ်တဲ့...။ အဖိုးကြီးရယ် အဖိုးကြီးရဲ့ သား ၂ ယောက်ရယ်...
သားအကြီးရဲ့ မိန်းမနဲ့ လသားအရွယ် ကလေးလေးရယ်..။ အဖိုးကြီးက နည်းနည်း
ဂေါက်နေတယ် ဆိုပါတော့...။ ယဉ်ယဉ်လေးရူးနေတယ်ပြောရမှာပေါ့. ..။ ပြီးတော့ ချွေးမဖြစ်သူကို မြေးယောင်္ကျားလေးမမွေးဘဲနဲ့  မိန်းကလေးမွေးရကောင်းလားဆိုပြီး
အမြဲတမ်း ပြဿနာလုပ်ပါတယ်တဲ့...။ တစ်ရက် သားအငယ်ဖြစ်သူက အလုပ်ကိစ္စနဲ
့ခရီးထွက်သွားတယ်...။ နောက် ၂ ပတ်လောက်လည်းနေကော သားအကြီးကလည်း တာဝန်နဲ့ 
ခရီးထွက်သွားတယ်..။ အိမ်မှာ အဖိုးကြီးရယ် သူ့ ချွေးမနဲ့ မြေးလေးရယ် ၃
ယောက်တည်းကျန်ခဲ့တယ်..။ တစ်ခုသောညနေချမ်းမှာပေါ့......။
မိုးကလည်းသဲသဲမဲမဲရွာနေလေရဲ့ ........။ ကလေးက တ၀ါးဝါးတဗြဲဗြဲနန်
့အော်ငိုနေတယ်...။ အမေလုပ်တဲ့လူက ချော့နေတယ်..။ အဖိုးကြီးကလည်း
မြေးမလေးအသံက သူ့ နားထဲမှာ ဒေါသတွေကိုဆွပေးလာသလိုပေါ့..... .။
မြေးယောင်္ကျားလေးမမွေးရတာကို ဒေါသထွက်နေတာကတမျိုး စိတ်ကလည်း မမှန်တော့....
ပုဆိန်ဆွဲပြီး နောက်ကနေ ချွေးမကိုရော လသားအရွယ်မြေးလေးကိုရော
ခုတ်သတ်ပစ်ပြီး အိမ်နောက်ဖေးခြံကွက်လပ်မှာ မြေတူးပြီး
သွားမြှုပ်ထားလိုက်လေသတဲ့...။ မိုးသည်းကြီးမည်းကြီးရွာနေပြီး
ညနေလည်းညနေဆိုတော့ ပတ်ဝန်းကျင်က အသံလည်းမကြားရ မြင်လည်းမမြင်ရပေါ့...။
ရက်အနည်းငယ်ကြာတော့ သားအငယ်ပြန်ရောက်လာတယ်...။ ပြန်ရောက်တာနန်
့အဖေဖြစ်သူကိုနှုတ်ဆက်ပြီး မရီးနဲ့ တူမလေးကိုရှာတာပေါ့.......။ ရှာမတွေ့ လို
့သွားမေးတော့ အဖိုးကြီးက အမျိုးအိမ်သွားတယ်ဘာညာနဲ
့လျှောက်ဖြီးလွှတ်လိုက်လေရဲ့ ...။ အဲ့ဒါနဲ့  သားအငယ်ကလည်း
ခရီးကပြန်ရောက်စဆိုတော့ ရေမိုးချိုးဖို့  နောက်ကိုသွားတာပေါ့.....။
အမှတ်မထင် နောက်ဖေးပြူတင်းပေါက်ကနေ အိမ်နောက်က မြေကွက်လပ်ကို
လှမ်းကြည့်မိတော့ မိုးရွာပြီးခါစဆိုပေမယ့် တနေရာမှာ မြေကြီးက
နည်းနည်းဖောင်ပြီးမြင့်တက်နေတာကို
သတိထားမိသတဲ့......။ အဲ့ဒါကို သူက စိုက်ပြီးကြည့်နေမိတယ် ခဏလောက်....။
အဲ့မြင်ကွင်းကို အဖိုးကြီးကမြင်သွားပြီ သတိထားမိတယ်.............။
သူလုပ်တာသိသွားလောက်ပြီဆိုပြီးေ တာ့ ပြသနာမများခင် အခန်းထဲက ပုဆိန်ကိုယူပြီး သားအငယ်ကိုပါပွဲချင်းပြီးခုတ်သတ်လိုက်ပြီး နေ၀င်တာနဲ့ တပြိုင်နက် ချွေးမနဲ့ မြေးကိုမြှုပ်ထားတဲ့နားမှာဘဲ တွင်းတူးပြီးမြှုပ်လိုက်ပါလေသတဲ့ ...။
ဒီလိုနဲ့ နောက်ရက်နည်းနည်းထပ်ကြာတော့ သားအကြီးဖြစ်သူ တာဝန်တွေပြီးပြီး
ပြန်ရောက်လာပါသတဲ့.....။ အိမ်ရောက်တော့ အရင်ဆုံးမိန်းမနဲ
့ကလေးကိုရှာတာပေါ့......။ ညီဖြစ်တဲ့သူကိုလည်း မတွေ့ ဘူး...။
တအိမ်လုံးဗြောင်းဆန်အောင်ရှာလို့ မတွေ့ တော့ အဖိုးကြီးကိုသွားမေးတော့တာပေါ့. .။
အဖိုးကြီးကလည်း သားအငယ်ကို လှိမ့်သလိုဘဲ လှိမ့်လိုက်ပါသတဲ့.........။
ဒါပေမယ့် သားအကြီးက မယုံဘူး...။ အဖိုးကြီးကလည်းကိုယ့်အပြစ်နဲ့ ကိုယ်
ရင်တဒိတ်ဒိတ်ဖြစ်ပြီး စိတ်မရရတဲ့အထဲ စိတ်ကလွတ်လာသတဲ့........။ သားအကြီးက
အိမ်ထဲမတွေ့ တော့ အိမ်ပြင် ခြံဝင်းထဲလိုက်ရှာတော့တာပေါ့... ။ အဖိုးကြီးကလည်း နောက်ကနေ ပုဆိန်ဆွဲပြီး ခြေသံလုံအောင်ခိုးလိုက်သွားတယ်. ...။
ဒါနဲ့  ခြံဝင်းနောက်လည်းရောက်ကော မြေတွေမို့ နေပြီး မသင်္ကာစရာတွေ့ တော့
သားကြီးဖြစ်တဲ့လူက အဲ့မို့ နေတဲ့နေရာကို သွားတူးကြည့်တော့တာပေါ့........ .။
တွင်းသာတဖြည်းဖြည်းနက်လာတယ် ဘာမှမတွေ့ သေးဘူး...။ ဘေးကိုနည်းနည်း နေရာရွှေ
့ပြီး ထပ်တူးကြည့်တော့မှ အလောင်းရဲ့ ခန္ဓာတစတစပီပြင်လာတယ်..........
ဒါနဲ့  သူလည်းသွေးရူးသွေးတန်းနန့်  အလောင်းတစ်ကိုယ်လုံးမပေါ်မချင်း
အသည်းအသန်တူးနေရှာတယ်...။ အဲ့ချိန်မှာဘဲ နောက်မှာအဖိုးကြီးကရောက်နေပြီ.. ......။
သားအကြီးခမျာမှာတော့ သူ့ ဇောနဲ့ သူမို့ သတိမထားမိဘူး...။
ဘယ်သူများလဲ........... ငါ့မိန်းမလား ငါ့ကလေးလား ငါ့ညီလား ဘယ်သူလဲ
ဘာကြောင့်လဲ ဘယ်လိုဖြစ်ရတာလဲ မဟုတ်ပါစေနန့် ... စတဲ့
မေးခွန်းတွေအတွေးပေါင်းများစွာေ တွနန့်  ပတ်ချာရိုက်နေရှာတယ်........... ...။
အဲ့ချိန်မှာဘဲ အဖိုးကြီးကထုံးစံတိုင်း သားအကြီးရဲ့ ကျောကုန်းကို ပုဆိန်နဲ
့ပေါက်သတ်လိုက်သတဲ့.........။ သားအကြီးရဲ့ ခန္ဓာဟာ ၀ုန်းဆို
သူပထမဆုံးတူးလိုက်တဲ့ဘေးကတွင်းထဲကို
ကျောမှာပုဆိန်တန်းလန်းနဲ့ ပြုတ်ကျသွားပါသတဲ့........။ တချိန်တည်းမှာဘဲ သူက
သတိမြဲစွာနန့်  နောက်က အဖိုးကြိးရဲ့ လက်ကိုပါ
တခါတည်းလှမ်းဆွဲလိုက်တယ်....... ....။ ၀ုန်း ဆို သူကော အဖိုးကြီးကော ၂ ယောက်လုံးတွင်းထဲပြုတ်ကျပြီး မြေတွေလည်းမိုးရွာပြီးခါစပျော့ေ နတဲ့အချိန်ဆိုတော့ မြောတွေပါ တွင်းထဲပြိုကျပြီး တခါတည်း ၂ ယောက်လုံးကိုမြေမြှုပ်ပြီးသားဖြ စ်သွားပါတော့တယ်...။
( ပြန်ထလို့ မရဘူးလားဆိုတော့ မရပါဘူး... သားဖြစ်သူက
အောက်ကပုဆိန်တန်းလန်းနဲ့  ပိနေပြီး ဒဏ်ရာနန့်  တင် အသက်ထွက်သွားတယ်...
အဖိုးကြီးကတော့ အသက်လည်းကြီးနေပြီ ... ပြီးတော့
စိတ်လှုပ်ရှားမှုတွေတအားများနေတယ်ဆိုတော့
တခါတည်း အဲ့မှာတင် ဆုံးသွားတယ် သားအဖနှစ်ယောက်..။ ငါးယောက်စလုံး
အစိမ်းသေသွားတာဆိုတော့ အဲ့အိမ်မှာဘဲ ထုံးစံအတိုင်း
ခြောက်ပါလေတော့တယ်.........။ ညဘက်တွေဆို အဲ့အိမ်က ကလေးငိုသံတွေ....
တ၀ုန်းဝုန်းနဲ့  တံခါးတွေဆောင့်ပိတ်သလို တခုခုပြုတ်ကျသလိုအသံဗလံတွေ
စကားများသံရန်ဖြစ်သံလိုလိုတွေ ကြားရလေ့ရှိပါတယ်တဲ့........... ..။
ဒါနဲ့ တစထက်တစဆိုးရွားလာတော့ မြို့ ခံဘုန်းကြီးကျောင်းကဆရာတော်က
မဖြစ်တော့ဘူးဆိုပြီး သူတို့ ကိုချွတ်ဖို့ ကြိုးစားတာ
ဘယ်လိုမှမရပါဘူးတဲ့........။ အဲ့ဒီ အိမ်ကိုသွားပြီးတရားဟော ပရိတ်ရွက်ဖို
့သွားတိုင်း ကားဘီးပေါက်တာတို့  စသလို အနှောင့်အယှက်တွေကြုံရတယ်...။
အဲ့ဒါနဲ့ မသွားတော့ဘဲ ကျောင်းကနေ အဲ့အိမ်ဘက်ကို လော်စပီကာလှည့်ပြီး
တရားဟောဖို့  ကြိုးစားပြန်တော့လည်း မီးပျက်တာတို့ ... စက်ချို့ ယွင်းတာတို
့အမျိုးမျိုး အနှောင့်အယှက်တွေကြုံရတယ်တဲ့..။ ဘယ်လိုမှ နာယူဖို့ လမ်းမမြင်တော့ ဆရာတော်လည်းလက်မှိုင်ချလိုက်ပါတ ယ်တဲ့...။ ဒီအိမ်ကြီးကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်လာက်က ghost haunting ၀ါသနာပါသူ လူ ၁၀ ယောက်လောက်စုကာ ညအိပ်ပြီးလေ့လာဖူးပါတယ်တဲ့..... .။ တကယ်လည်းခြောက်ပါတယ်....။ သူတို့ ကိုခြောက်တာတော့မဟုတ်ဘူးးး... ဒါပေမယ့် အဲ့သရဲတွေဟာသူ့ ဟာသူအချိန်တန်ရင်လှူပ်ရှားကြပါ တယ်တဲ့......။ လှေကားတက်သံတွေကြားရပြီးနောက် သွားကြည့်ကြတော့ လူပုံစံအငွေ့ တစ်ခု လက်ထဲမှာတခုခုကို ကိုင်ဆွဲပြီးလျှောက်လာသလိုလိုကိုကြည့်ပြီး
ဒါအဖိုးကြီးဘဲဖြစ်ရမယ်လို့ သူတို့ သုံးသပ်ခဲ့ကြပါတယ်..။ အဲ့အငွေ
့ပုံသဏ္ဍန်ကြီးဟာ ဘယ်သူ့ ကိုမှမမြင်တဲ့အတိုင်းဘဲ သူသွားရာလမ်းကို
တည့်တည့်ကြီးသွားပြီး အပေါ်ထပ်က အခန်းကိုတက်သွားတဲ့အသံနှင့်တကွ
ဝုန်းကနဲတံခါးပိတ်လိုက်သံကို ကြားလိုက်ရပါတယ်တဲ့...။ သရဲဆိုတာ
ရုပ်လုံးရယ်လို့ ပီပီပြင်ပြင်မဟုတ်ဘဲ အခိုးအငွေ့ တွေလိုလို ဘာလိုလိုနဲ
့လှုပ်ရှားနေကြတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ်ကြားခဲ့ရပါတယ်..။
ဗီဒီယိုမှတ်တမ်းတင်ထားတာလည်းရှိ ပါတယ်တဲ့...။ ဒါပေမယ့် သူတို့ က နိုင်ငံခြားမှာပြန့် ပြီးရောက်နေကြတော့... ဘယ်လိုဆက်သွယ်ရမှန်းလည်းမသိ...။
သူတို့ ရဲ့ မိတ်ဆွေ ဖြစ်တဲ့ လင်းပိုင်တို့  တည်းဖြတ်သင်တန်းက ဆရာမက
ပြောပြတာပါ...။ ဗီဒီယိုဖိုင်ကို ၇အောင်တော့ တောင်းထားပါတယ်..။ သူတို့ လည်း
အဆက်အသွယ်ပြန်ရဖို့ ကြိုးစားနေပါတယ်..။ ကံကောင်းလို့ ရခဲ့ရင်
လာပေးပါမယ်...။ မရခဲ့ရင်လည်း အဲ့ကို ကိုယ်တိုင်သွားလေ့လာကြတာပေါ့... ။ ** ဒါနဲ့ အဲ့အိမ်ရဲ့ ထူးခြားချက်တွေက နှစ်ပေါင်းများစွာကြာမြင်ပြီဖြစ်သော်လည်း
အိမ်ထဲက ပရိဘောဂတွေက ပျက်စီးယိုယွင်းခြင်း...
ဖုန်တက်ခြင်းမရှိဘူးတဲ့......။ ပြီးတော့ တအိမ်လုံးကအခန်းတွေကိုဖွင့်လို
့ရသော်လည်း အဖိုးကြီးအခန်းကိုတော့ ဘယ်လိုဖွင့်ဖွင့်ခုချိန်ထိမပွင့် တာပါဘဲ...။
ဒါကဧရာဝတီတိုင်းကဖြစ်ရပ်မှန်ဇာတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment