Zawgyi & Unicode Changer
Saturday, December 13, 2014
သရဲမွေးမိသူ မိခင်
"ကဲ… သားရေ…လာစားလှည့်တော့… ဒီမှာ သားဖို့ အမဲသားတစ်ဆွဲ.. အမေ၀ယ်လာတယ်.."
ပြောပြောဆိုဆို သူမ လက်ထဲက အမဲသားဆွဲကို သစ်ပင်ခြေရင်းအောက် ချလိုက်သည်။
ပြီးတော့ ဘေးဘီ တစ်ချက်ဝှေ့ကြည့်လိုက်သည်။ သေချာသည်။ ဘယ်သူမှ ရှိမနေ..။
တစ်အောင့်အကြာမှာ သစ်ပင်ထက်မှ အရိပ်မဲတစ်ခု အောက်ကိုထိုးဆင်းလာသည်။
အပုပ်နံ့နှင့်အတူ ဆိုးရွားလှသော အနံ့ပေါင်းစုံ နှာခေါင်းထဲ အလုအယက်
တိုးဝင်လာသည်။ ထိုအရိပ်မဲမှ ထိုးထွက်လာသော အမွှေးအမျှင်များ နှင့်
ရှည်လျားသော လက်တစ်စုံမှာ အမဲသားဆွဲကို သစ်ပင်ထက်သို့
ဆွဲယူသွားခဲ့လေတော့သည်။ သူမမှာတော့… ထိုမြင်ကွင်းကို ပီတိဖြစ်စွာ..
ငေးကြည့်လျက်……။
မနက်ဖြန်ဆို သူမ၏ တစ်ဦးတည်းသော သား၊ အသုဘချမည့်နေ့ဖြစ်သည်။ သူမ ထိုနေ့ကို
ဘယ်လိုဖြတ်သန်း ရမှန်းမသိ..။ ဖတဆိုးသားလေးမို့ အချစ်တွေ အကုန်ပေးအပ်ပြီး
အလိုလိုက်ချစ်ခဲ့သော်လည်း ကံကြမ္မာက သူတို့ သားအမိကို
ရက်ရက်စက်စက်ခွဲခဲ့လေပြီ..။ သူမသားကို နောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်က
ချောင်းထဲမှာ ရေသွားကူးမည်ဆိုပြီး ပျော်ရွှင်စွာ ထွက်သွားခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် အိမ်ကို တော့ သားလေးရဲ့ ရေစိုဖောင်းကားနေတဲ့ ခန္ဓာကိုယ်သာ
ပြန်ရောက်လာခဲ့သည်။ အသက် ပြန် ပါမလာခဲ့တော့..။ သူမ သားလေးကိုချစ်သည်။
သားလေးသည် သူမရဲ့ တစ်ခုတည်းသော မျှော်လင့် ချက်ဖြစ်သည်။ သူမ သားလေးကို
ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်။ သူမ အလွန်ကြောက်မက်ဖွယ် ကောင်းသော
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
သူမ ခပ်မြန်မြန်ပဲ အိမ်နောက်ရှိ သစ်ပင်ကြီးအောက်မှာ တွင်းတစ်တွင်း
အမြန်တူးလိုက်သည်။ ထို့နောက် ဘယ်သူမှ မရိပ်မိခင် အခေါင်းထဲမှ သားအလောင်းကို
ထုတ်ပြီး အခေါင်းထဲတွင် စောင်တွေ ခေါင်းအုံးတွင် ထည့်ထားလိုက်သည်။
သားအလောင်းကိုတော့ သူမ ကျွင်းတူးထားတဲ့ အိမ်နောက်က သစ်ပင်ကြီးရှိရာသို့
မချီသွားခဲ့ကာ ထိုကျွင်းထဲတွင် မြှပ်လိုက်သည်။ သူမ ကျေနပ်စွာ
တစ်ချက်ပြုံးလိုက်သည်။
ည ၁၂း၀၀…၊ တစ်လောကလုံး မှောင်မည်းတိတ်ဆိတ်နေသည်။ သူမ အိပ်ယာထဲမှ ရုတ်တရက်
ထထိုင်လိုက်သည်။ သူမ ချက်ချင်းပဲ အိမ်ပြင်ကို ထွက်လိုက်သည်။ သူမရဲ့
ဦးတည်ရာကား သားလေး ကို မြှပ်ထားတဲ့ အိမ်နောက်မှ သစ်ပင်ကြီး။ သားလေး
ဒီအချိန်ဆို တစ်ယောက်တည်း ပျင်းနေလောက်ပြီ.။ သူမ သားလေးနဲ့သွားတွေ့မည်။ သူမ
နဲ့ သားလေး စကားတွေ တ၀ကြီး ပြောကြမည်။
"သားလေး…"
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်မှောင်မည်းနေပြီး တိရစ္ဆာန်အချို့၏
အော်သံကိုပင် မကြားရ လောက်အောင် တိတ်ဆိတ်နေသည်။
"သားလေး..၊ မေမေပါ…၊ မေမေတို့ စကားပြောရအောင်လေကွယ်…"
"သားလေး…၊ လာပါကွယ်…၊ မေမေ့ကို သနားပါအုံး..၊ မေမေ့ကို ဆင်းတွေ့ပါအုံး
သားလေးရယ်…"
သစ်ပင်ပေါ်မှ အရွက်တစ်ချို့ လှုပ်ခါသွားကြသည်။ ဆိုးဝါးလှတဲ့ အပုပ်နံ့နဲ့အတူ
မီးခိုးလား လူလား မကွဲပြားသော တစ်စုံတစ်ခု သစ်ပင်မှ လျောဆင်းလာသည်။
သစ်ပင်အောက်ရောက်မှ သူမ သေချာ ကြည့်မိသည်။ ထိုအရာသည် သူမ၏ ချစ်လှစွာသောသား
တစ်ဖြစ်လဲ သူမ ကိုယ်တိုင် ဖန်ဆင်းလိုက်သော သရဲတစ်ကောင် ဖြစ်နေလေတော့သည်။
ယခင်က ချစ်စရာကောင်းလှသော သူမ၏သားသည် မျက်နှာတစ်ခုလုံး ရေများဖြင့်
ဖောရောင်နေပြီး အပြာရောင်သန်းနေသည်။ ခေါင်းပေါ်မှာ ရှိသော ဆံပင်များကလည်း
ရေတွေ စိုရွှဲနေသည်။ ဘောလုံး တစ်လုံးပိုက်ထားသကဲ့သို့ ရေများကြောင့်
ဗိုက်ပူလျက်ရှိပြီး ခန္ဓာကိုယ်ရှိ အချို့နေရာများတွင် အရေခွံ များ
ပြဲလှန်ထွက်နေကာ အသားအရောင်မှာလည်း ဖြူဖတ် ဖြူရော် ဖြစ်နေလေသည်။ သူမ သား၏
ရုပ်ကို သူမ အတော်ပြန်ဖမ်းယူရသည်။ ကိစ္စတော့ မရှိ။ သူမ ဒီကိစ္စကို ကြိုတင်
မျှော်လင့်ထားပြီးဖြစ် သည်။
သူမ ၀မ်းသာစွာ ပြုံးလိုက်သည်။ သူမ ရည်ရွယ်ထားတာ အထမြောက်သွားပြီ။ သူမနဲ့
သားလေး မခွဲရတော့ဘူး..။ ကဲ..ဘာတတ်နိုင်သေးလဲ..။ သူမ မသေသေးသရွှေ့ ဒီလိုမျိုး
သားလေးကို နေ့တိုင်း အစာကျွေးမယ်..၊ စကားပြောမယ်..။
"သားလေး…၊ မေမေ..နဲ့ သားလေး မခွဲရအောင် …မေမေ စီစဉ်ထားတာလေ…
မကောင်းဘူးလား.."
"ကျွန်တော့်ကို သွားခွင့်ပေးပါမေမေ..၊ ကျွန်တော် ဒီလိုဘ၀နဲ့ မနေချင်ဘူး.."
"မသွားပါနဲ့ သားရယ်..၊ မေမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား.."
"ကျွန်တော် ဒီလိုဘ၀နဲ့ မနေရပါစေနဲ့၊ ဒီလိုဘ၀မှာ ကျွန်တော်ခန္ဓာကိုယ်ဟာ
စက္ကန့်တိုင်း ဝေဒနာတွေ အပြင်းအထန် ခံစားရပါတယ်..၊ သားကို သွားခွင့်ပြုပါ…"
"သားကို မေမေ မခွဲနိုင်ဘူး…၊ အဲ့ဒီတော့..၊ မေမေ
သွားခွင့်မပြုနိုင်ဘူးသား.."
"သားကို သွားခွင့်ပြုပါ…"
"မနက်ဖြန် ဒီလိုအချိန် အမေ အစာ လာကျွေးမယ်.."
သူမ လှည့်ထွက်လာခဲ့သည်။ သူမထံမှ ထွက်သွားဖို့တောင်းဆိုနေသည့် သား အသံကို
သူမ နားမထောင်ချင်တော့…။ အရာအားလုံးသည် နဂိုအခြေအနေအတိုင်း ပြန်လည်
တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။
အချိန်ကာလတို့သည် တစ်ခုပြီးတစ်ခု အစီအစဉ်တကျ ကျော်ဖြတ်လာခဲ့သလို သူမ၏
အိမ်နောက်ဖေး မှ သစ်ပင်သည်လည်း အတော်အတန်ပင် ကြီးထွားလာပြီး ၄င်း၏
အကိုင်းအခက်များမှာ လမ်းပေါ်သို့ ပင် အုပ်ဆိုင်းလျက်ရှိနေတော့သည်။
သူမ လုပ်နေကျ ၀တ္တရားအတိုင်း ၁၂း၀၀ ထိုးသည်နဲ့ အမဲသားဆွဲကို ဆွဲပြီး
သစ်ပင်ကြီးဆီသို့ ထွက်ခဲ့ သည်။ ထို့နောက် သစ်ပင်ခြေရင်းတွင် အမဲသားထုပ်ကို
ချထားလိုက်သည်။ တအောင့်အကြာ လေပြင်းတွေ တ၀ှီးဝှီးတိုက်ခတ်လာသည်။ သူမ
ပတ်ဝန်းကျင်တစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်သွားသလို ခံစားရသည်။ သူမ
ပြုံးလိုက်သည်။ သြော်.. သူမ သားလေးတောင်မှ အတော် အကောင်ကြီးလာ
နေပြီပဲလေ...။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်စိရှေ့မှ အမဲသားဆွဲ
ပျောက်သွားခဲ့သည်။ သို့သော် ယခင်လို တိမ်မည်းများ မပျောက်သွား..။
လေပြင်းများ ပိုမို တိုက်လာသလို… တိမ်မည်းတို့သည်လည်း
ပိုမိုများပြားလာသည်ဟုထင်မိသည်။ တစ်ခုခုတော့ မှားနေ ပြီထင်သည်။ ယခင်ကဆို
အမဲသားထုပ်ယူ ပြီး သည်နှင့် သားလေး အပင်ပေါ် ပြန်တက်သွားနေကြ..။ ဒီနေ့
သူဘာကို စိတ်အလိုမကျသည် မသိ..။
"သားရေ…..သား…"
လေပြင်းများ ပိုမိုတိုက်ခတ်လာသလို တိမ်မဲများကြောင့် သူမ ပတ်ဝန်းကျင်
တစ်ခုလည်း မှောင်မည်း သွားသလို သူမသည်လည်း မီးမရှိတဲ့ အလုံပိတ် အခန်းထဲ
ရောက်နေသလို ခံစားလာရသည်။ သူမ ကြောက်စိတ်ဝင်လေပြီ..။ သူမကို သား
ရန်ပြုတော့မည်။ အချိန်လွန်မှ ရတဲ့နောင်တတို့ ခေါင်းထဲ ရောက်လာချိန်
နောက်ကျသွားခဲ့လေပြီ..။ သူမ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ အိပ်မက်ထဲမှာ
ပြေးနေရသလို ပြေးရတာ အားမပါလှပဲ ဒီ တိမ်တိုက်မဲထဲကနေ မထွက်နိုင်ဖြစ်နေသည်။
ထိုစဉ် တိမ်တိုက်မဲ တစ်နေရာမှ ကြောက်မက်ဖွယ်အသွင်ဆောင်နေသော သားရဲ့
မျက်နှာကို မြင်တွေ့လိုက် ရသည်။
သူမအော်ဖို့ကြိုးစားသော်လည်း အသံမှာ လည်ပင်းဝတွင်သာ ပျောက်သွားခဲ့သည်။
ချွန်ထက် နေသော သွားများ စီတန်းနေသော သား၏ပါးစပ်မှာ
တဖြည်းဖြည်းကျယ်လာခဲ့ပြီး သူမခန္ဓာကိုယ်ကို ၀ါးမြိုရန် တစ်ဖြည်းဖြည်း
အုံ့မိုးလာခဲ့တော့သည်။ သူမ စိတ်လျော့လိုက်သည်။ ဒီကိစ္စတို့သည် သူမကြောင့်
ဖြစ်လာရသည်ပဲလေ..။ သူမ မျက်လုံးမှိတ်ထားလိုက်တော့သည်။
နောက်တစ်နေ့နံနက်…၊ ခြံနောက်က သစ်ပင်ကြီးအောက်တွင် ကြောက်ရွှံ့ထိတ်လန့်စွာ
မျက်လုံးပြူးပြီး အသက်ကင်းမဲ့နေသော သူမခန္ဓာကိုယ်ကို လူအများ
ထူးဆန်းအံ့သြစွာ ၀ိုင်းအုံ ကြည့်နေကြလေတော့သည်။
နတ်ဆိုးတွေဖွက်တဲ့ကျွန်း
ဒီတခါပြောပြမှာကတော့ကျွန်တော်
ကမ်းရိုးတန်းတိုင်းမှာတာဝန်ကျတုန်းကကျားငါးမန်းဆိုတဲ့စစ်ဆင်ရေးတစ်ခုကို
ရေတပ်နဲ့ပေါင်းပြီးဝင်ခဲ့ဖူးတယ်ဗျ။ရည်ရွယ်ချက်ကတော့ရခိုင်ကမ်းရိုးတန်းကနေခိုးထွက်လာတဲ့ဘင်္ဂလီတွေကိုတားဆီးဖို့နဲ့ထိုင်းငါးဖမ်းသင်္ဘောတွေခိုးဝင်လာမှုကိုဟန့်တားနိုင်ဖို့ပါ။ထားလိုက်ပါ။ဒါတွေကိုfriတို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။ကျွန်တော်ပြောပြချင်တာကတော့
.....
နတ်ဆိုးတွေဖွက်တဲ့..ကျွန်း....
ဒီတခေါက်စစ်ဆင်ရေးကပျင်းစရာအလွန်ကောင်းလှသည်။ခါတိုင်းအခေါက်များလိုပင်လယ်ပြင်မှာလိုက်တမ်းပြေးတမ်းကစားရတာကပျော်စရာကောင်းပေမယ့်မိမိတို့လိုကုန်းပေါ်ကကြည်းတပ်သားများအဖို့ကတော့လှိုင်းမူးတဲ့ဒဏ်သည်ငရဲကျနေသည့်အလားပင်။မိမိတို့သည်ကုန်းပေါ်မှာစွာနိုင်ပေသိရေထဲမှာတော့အသံတောင်မထွက်နိုင်ချေ။ယခင်အခေါက်များသည်ကမ်းမှမိုင်၈၀မကျော်သောရေပြင်တွင်စစ်ကစားခဲ့ရသော်လည်းဒီတစ်ခေါက်တွင်မြန်မာရေပိုင်နက်အဆုံးထိသွားရမည်ဖြစ်သည်။ရည်မှန်းချက်သည်မြောက်လတ္တီကျု၁၂.၇နှင့်အရှေ့လောင်ဂျီကျု၉၃.၇ဆုံရာတွင်တည်ရှိသည့်ကျွန်းစုငယ်လေးတဝိုက်ဖြစ်သည်။ထိုနေရာအားရေတပ်မှ7Conerဟုခေါ်ကြပြီးထိုနေရာမှကျော်လျှင်မြန်မာ့ရေပိုင်နက်မဟုတ်တော့ဘဲအပြည်ပြည်ဆိုင်ရာရေပိုင်နက်ဖြစ်တော့သည်။အဓိကပစ်မှတ်မှာမလ္လကာရေလက်ကြားနှင့်ပီနန်ကျွန်းတစ်လျှောက်တွင်သောင်းကျန်းနေသည့်ပင်လယ်ဓါးမြရာမို့စ်ဆိုဒါနှင့်အဖွဲ့သည်ထိုကျွန်းစုငယ်လေးမှအသေးဆုံးကျွန်းလေးဖြစ်သည့်ပလို့စေကူကျွန်းပေါ်တွင်ခိုအောင်းနေကြောင်းမိမိတို့အမာခံသတင်းရထား၍ဖြစ်သည်။
ရာမို့စ်ဆိုဒါသည်မကာအိုမှပေါ်တူဂီနွယ်ဖွားတစ်ဦးဖြစ်ပြီးအသက်မှာ၇၀ခန့်ရှိသော်လည်းသန်မြန်ဖြတ်လတ်စွာလှုပ်ရှားနိုင်သေးသည်ဟုသိရသည်။ကမာပေါ်ရှိရေပြင်များတွင်သူမရောက်ဖူးသည့်နေရာမရှိဟုပြောစမှတ်တွင်သည်။သူသည်ဒုတိယကမာစစ်လက်ကျန်ရေတပ်သင်္ဘောတစ်စီးအားပြုပြင်ပြီးအိန္ဒိယသမုဒ္ဒရာထဲတွင်လှုပ်ရှားနေသည်မှာနှစ်၂၀ခန့်ကြာမြင့်ပြီဖြစ်သော်လည်းသူ့လှုပ်ရှားမှုမကြားရသည်မှာ၃နှစ်ခန့်ရှိနေသည်ဖြစ်သည်။သေဆုံးသွားပြီဟုလည်းပြောဆိုနေကြသည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကတော့သူ့သင်္ဘောကိုဒီကျွန်းစု၏လေကွယ်တွင်ရပ်ထားကြောင်းမလေးငါးဖမ်းသင်္ဘောတစ်စီးမှသတင်းပေးသွားသဖြင့်မိမိတို့လိုက်နေခြင်းဖြစ်သည်။
မိမိထိန်းချုပ်ခန်းထဲရောက်သွားသောအခါရေယာဉ်မှူးမှ''ကိုမျိုးရေ။ခင်ဗျားလူတွေကိုအသင့်လုပ်ခိုင်းလိုက်တော့။နောက်၁နာရီဆိုကျွန်းနားရောက်ပြီ။''ဟုပြောလာသဖြင့်အောက်ထပ်သို့ပြန်ဆင်းလာပြီးမိမိ၏ကမ်းတက်အဖွဲ့သားများအားမှာကြားပြီးနောက်ကိုယ်ကိုတိုင်လည်းပြင်ဆင်စရာရှိသည်ကိုပြင်ဆင်နေလိုက်သည်။ထိုအခိုက်တွင်ရေတပ်သားမဟုတ်သော်လည်းသင်္ဘောပေါ်တွင်အနေကြာလာသဖြင့်သင်္ဘောအရှိန်လျှော့ချလိုက်ကြောင်းသတိထားမိသည်။မရှေးမနှောင်းပင်အချက်ပေးသံများဆူညံလာပြီးရေတပ်မှအဖွဲ့များသည်တိုက်ပွဲဝင်ရန်အသင့်အနေအထားပြင်ဆင်နေကြသည်ကိုတွေ့လိုက်ရသဖြင့်အပေါ်ထပ်မှထိန်းချုပ်ခန်းသို့ပြေးတက်ခဲ့သည်။အခန်းထဲရောက်သောအခါရေယာဉ်မှူးမှမှန်ပြောင်းတစ်လက်ဖြင့်အလုပ်ရှုပ်နေပြီးနံဘေးတွင်XOမှမြေပုံထောက်ပေးနေသည်။ရေယာဉ်မှူးမှမိမိဘက်လှည့်ကြည့်ပြီး''ကိုမျိုးရေအခြေအနေကထိတွေ့မှုဖြစ်မယ့်ပုံဘဲ။အဓိကပစ်မှတ်ကိုတွေ့နေရပြီ။သူတို့ဘက်ကနေရာအပီအပြင်ယူထားတယ်။ကိုယ်ဒီကနေ180အသင့်လုပ်ပြီးစောင့်နေမယ်။ကိုမျိုးနဲ့အဖွဲ့အထဲကိုRaftနဲ့ဝင်ပါ။သတိတော့ထားဗျ။စစ်သဘောင်္ကဟောင်းနေပြီဆိုပေမယ့်Operationalဖြစ်နေတုန်းဘဲ။''ဟုအမိန့်ပေးလိုက်လေသည်။
မိမိလည်းအောက်ထပ်မှအဖွဲ့သားများအားရှင်းပြနေစဉ်XOရောက်လာပြီးစာရွက်တစ်ရွက်ဖြန်းပြပြီး''အကိုကြီး။ဒါကဒီကောင်တွေရဲ့သင်္ဘောအမျိုးအစားတည်ဆောက်ပုံဘဲ။ဖွဲ့စည်းထားပုံကရှင်းတယ်။သေချာမှတ်မိအောင်ကြည့်သွားပါ။''ဟုပြောသဖြင့်မိမိလည်းသေချာစွာကြည့်ရှုမှတ်သားရတော့သည်။ထိုစဉ်အပေါ်ထပ်မှရေယာဉ်မှူး၏အသံချဲ့စက်မှအင်္ဂလိပ်ဘာသာဖြင့်သတိပေးပြောကြားသံကိုကြားလိုက်ရသည်။သတိပေးချက်မှာမိမိတို့သည်မြန်မာ့တပ်မတော်ရေမှဖြစ်ပြီးသင်တို့သင်္ဘောပေါ်သို့တက်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊စစ်ဆေးမှုအားအသာတကြည်ခံယူစေလိုကြောင်း၊ငြင်းဆန်ပါကနိုင်ငံတကာရေကြောင်းဥပဒေအရပစ်ခတ်မည်ဖြစ်ကြောင်းဖြစ်သည်။ရေယာဉ်မှူးသတိပေးသံဆုံးပြီးနောက်ရေယာဉ်Chiefမှရာဘာစက်လှေအသင့်ဖြစ်ကြောင်းလာရောက်သတင်းပို့သဖြင့်မိမိတို့အဖွဲ့လည်းစက်လှေပေါ်သို့တက်ခဲ့လိုက်တော့သည်။
စက်လှေပေါ်တွင်တပ်ဖွဲ့ဝင်စုစုပေါင်း၁၂ယောက်ပါဝင်ပြီးရေတပ်မှ၂ဦးပါပါဝင်သည်။စက်လှေလေးသည်ရေထဲတွင်မောင်းနှင်လာစဉ်စက်လှေမောင်းထံမှ''ETA၁မိနစ်''ဟုပြောသံကြားရသဖြင့်မိမိတို့အဖွဲ့သည်သေနတ်မောင်းချိန်ပြီးပစ်မှတ်သင်္ဘောသို့ချိန်ထားရင်းအသင့်လုပ်ထားလိုက်သည်။ပစ်မှတ်သင်္ဘောမှာကမ်းခြေနှင့်ကိုက်၁၀၀ခန့်အကွာတွင်ကျောက်ချထားခြင်းဖြစ်ပြီးကမ်းခြေဘက်သင်္ဘောနံဘေးတွင်အသက်ကယ်လှေတစ်စီးချိတ်ထားသည်ကိုတွေ့ရသည်။မိမိတို့အဖွဲ့လည်းသင်္ဘောနံဘေးGangWayအတိုင်းသင်္ဘောပေါ်သို့တက်လာခဲ့သည်။
သင်္ဘောပေါ်အရောက်တွင်မိမိတို့အဖွဲ့သည်အံ့သြစရာကောင်းသောမြင်ကွင်းကိုစတင်တွေ့ရှိရလေသည်။သင်္ဘောဦးပိုင်းတွင်လူ၁၄ဦးသည်မချိမဆန့်အနေအထားဖြင့်သေဆုံးနေကြပြီးအလောင်းများအားလုံးသည်မီးသွေးတုံးများကဲ့သို့မည်းနက်နေကြသည်။မိမိတို့လည်းမြင်တွေ့နေရသည်ကိုတုန်လှုပ်နေရင်းစကားပြောစက်ဖြင့်မိမိသင်္ဘောသို့သတင်းပို့လိုက်သည်။ထိန်းချုပ်ခန်းထဲသို့အရောက်တွင်စစ်တိုက်လာသည့်မိမိပင်သွေးပျက်စရာမြင်ကွင်းကိုထပ်မံတွေ့ရှိလိုက်ရသည်။
ထိန်းချုပ်ခန်းပန်ကာတွင်နိုင်လွန်ကြိုးဖြင့်ကြိုးဆွဲချသေနေသောအလောင်းတစ်လောင်းကိုတွေ့လိုက်ရခြင်းပေ။သေဆုံးသူမှာအသက်၇၀ခန့်ဖြစ်ပြီးရင်ဘတ်မှကျောက်ဆူးပုံဆေးမင်ကြောင်အရရာမို့စ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်။ကြမိးပြင်ပေါ်တွင်ကျည်ဆံခွံများပြန့်ကြဲနေပြီးAK47တစ်လက်လည်းတွေ့ရသည်။
ထိုအခိုက်တွင်တပ်ကြပ်ဇော်မြင့်မှအရက်ကြောင်ကြောင်ပြီးသေနတ်အားအတွဲလိုက်ပစ်ခတ်ပြီးမှမိမိကိုယ်မိမိအဆုံးစီရင်ခြင်းဖြစ်နိုင်သည်ဟုမှတ်ချက်ပြောကြားရာရေတပ်မှလိုက်ပါလာသောXOဗိုလ်ခိုင်မြဲဦးမှ''ဆရာဇော်မြင့်အရက်ကြောင်ကြောင်ပြီးမှသေနတ်ပစ်တယ်ဆိုရင်နေရာအနှံ့ပစ်ထားမှာပေါ့။ဒီမှာကြည့်ဦး။သူကဝင်ပေါက်ကိုဘဲပစ်ခဲ့တာ။ကျည်ကုန်တဲ့အထိဘဲ။ကျွန်တော်ကျည်ဆံပေါက်တွေရေကြည့်ပြီးပြီ။ကျည်ခွံနဲ့ကွက်တိဘဲ။သူရန်သူကိုမြင်လို့ပစ်ထားတာသေချာတယ်။''ဟုဝင်ပြောရာမိမိမှ''ဟုတ်ပြီလေ။ဒါဆိုသူ့ကိုဘယ်လိုရန်သူကဝင်ဆော်သွားသလဲကြည့်ကြတာပေါ့''ဟုပြောလိုက်ရာဗိုလ်ခိုင်မြဲက''အကိုကြီးသူပစ်တဲ့အနေအထားနဲ့ဆိုရင်ဝင်လာတဲ့ကောင်ကပြန်မပစ်ဘဲဝင်လာလို့မရဘူး။သူ့နောက်ကျောကနံရံကိုကြည့်လိုက်ဘာကျည်ရာမှမတွေ့ရဘူး။သေနတ်ပြန်မပစ်ဘဲဝင်လာတဲ့သဘောမှာရှိတယ်''ဟုပြောသဖြင့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားစဉ်မိမိ၏တပည့်ကျော်ထွန်းကိုမှ''ဗိုလ်ကြီးသူ့ရန်သူကသေနတ်ကျည်ကုန်မှဝင်လာပြီးသူ့ကိုခြိမ်းခြောက်ပြီးမှကြိုးဆွဲချသေအောင်လုပ်သွားတာထင်တယ်''ဟုပြောသဖြင့်XOမှ''ဖိုးထွန်းရာမင်းစဉ်းစားကြည့်ဦး။ရာမို့စ်လိုပင်လယ်ဓါးမြကဒီအတိုင်းငြိမ်ငြိမ်လေးအသေခံမှာတဲ့လား။အနည်းဆုံးတော့လုံးထွေးသတ်ပုတ်မှာဘဲဟ။ဒီမှာဘာမှရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာမရှိဘူး။''ဟုပြောရာမိမိလည်းစိတ်ရှုပ်လာသဖြင့်''တော်တော့ကွာ။ငါတို့ကဒီပစ်မှတ်ကိုရှင်းဖို့ဘဲ။ပစ်မှတ်ပျောက်ပြီဆိုတော့ငါတို့နဲ့မဆိုင်တော့ဘူး။ငါတို့အထဲမှာအမှုလိုက်ရမယ့်ညွှန်ကြားချက်အမိန့်မပါဘူ''ဟုခပ်ငေါက်ငေါက်ပြောလိုက်မှငြိမ်သွားကြသည်။
အခြေအနေအရပ်ရပ်အားရေယာဉ်မှူးထံသတင်းပို့ပြီးနောက်ရေယာဉ်မှူးမှကျွန်းပေါ်တက်ရှင်းရန်ဌာနချုပ်မှညွှန်ကြားလာကြောင်းပြန်ပြောလေသည်။ထိုအကြောင်းပြောရန်အောက်သို့ဆင်းလာစဉ်ဆေးတပ်သားလေးမှမိမိအားမျက်နှာရိပ်ဖြင့်လှမ်းခေါ်သဖြင့်သူ့အနားသွားပြီး''ဘာတုန်းကွာ။မင်းကလည်းတမျိုး''ဟုမေးလိုက်ရာ''ဗိုလ်မှူးကျွန်တော်အလောင်းတွေအကုန်စစ်ပြီးပြီ။ဘာဒဏ်ရာမှမတွေ့ဘူး။အဆိပ်မိတဲ့လက္ခဏာလည်းမတွေ့ဘူး။သေတာကတော့၅ရက်လောက်ဘဲကြာဦးပေမယ့်အလောင်းတွေကခြောက်ကပ်နေတယ်။သွေးရိုးသားရိုးသေတာတော့မဟုတ်နိုင်ဘူးထင်တယ်''ဟုသတင်းပို့ရာအပေါ်ထပ်မှစိတ်ရှုပ်လာသောအရှိန်ဖြင့်''အေးဟုတ်တယ်ဟေ့ဟုတ်တယ်ဟ။လူဝင်သတ်တာမဟုတ်ဘူး။မကောင်းဆိုးဝါးတွေတက်သတ်သွားတာ''ဟုအော်ပြောလိုက်ရာသင်္ဘောပေါ်မှမတစ်ထောင်ဘွားစစ်သားကြီးများမှာအပြေးအလွှားဖြင့်အောက်သို့ပြေးဆင်းလာကြသည်။
မိမိလည်းဒေါသထွက်လာသဖြင့်''မအေပေးတွေ။စစ်သားတွေဖြစ်ပြီးဒီလောက်ကြောက်တတ်ကြသလားကွ''ဟုအော်လိုက်မှငြိမ်သွားကြသည်။ထိုအခိုက်တွင်XOမှ''အကိုကြီးကမ်းခြေကိုကြည့်စမ်းပါဦး။လူတွေဗျ။''ဟုပြောသဖြင့်မိမိတို့လည်းလှမ်းကြည့်ရာ။ဟုတ်ပေသည်။လူ၅၀ခန့်ရှိမည်။မိမိတို့သင်္ဘောဘက်သို့ကြည့်နေကြခြင်းဖြစ်သည်။''မှန်ပြောင်းနဲ့ကြည့်ကွာ။ဘာလူမျိုးတွေဖြစ်နိုင်သလဲလို့။ကိုယ်COဆီသတင်းလှမ်းပို့ပြီးညွှန်ကြားချက်တောင်းလိုက်ဦးမယ်။''ဟုပြောပြီးသတင်းပို့လိုက်ရာရေယာဉ်မှူးမှဒီနားကကျွန်းတွေမှာလူမနေဘူး။ခိုးဝင်လာတဲ့ဘင်္ဂလီတွေဖြစ်နိုင်ကြောင်းသုံးသပ်ပြီးကမ်းပေါ်သို့တက်၍ကွက်စိပ်နင်းရှင်းရန်အမိန့်ပေးလိုက်သည်။
COထံမှကမ်းတက်ရှင်းရန်အမိန့်အားရကြောင်းမိမိအဖွဲ့သားများအားရှင်းပြပြီးကမ်းပေါ်တက်ရန်ပြင်ဆင်စေလိုက်သည်။ထိုစဉ်XOရောက်လာပြီး''အကိုကြီးကျွန်တော်မှန်ပြောင်းနဲ့ကြည့်နေတုန်းလူတွေတောထဲပြန်ဝင်သွားတယ်ဗျ။ပုံစံတွေကဘင်္ဂလီတွေတော့မဟုတ်ဘူး။မော်ကင်း(ဆလုံ)ပုံစံတွေ။ဒါပေမယ့်ဒီနားမှာလုနေတဲ့ကျွန်းရှိတယ်လည်းမကြားဖူးဘူးဗျ။ထူးဆန်းတယ်''ဟုလာပြောရာမိမိမှ''ညီရေ။ကျွန်းပေါ်တောင်တက်တော့မှာ။အဖြေသိရတော့မှာဘဲ။ပူမနေနဲ့။''ဟုပြန်ပြောလိုက်သည်။
ပြောသာပြောလိုက်ရသည်။အမှန်တော့မိမိလည်းစိတ်ထဲတွင်တမျိုးကြီးဖြစ်နေသည်။
ရာဘာစက်လှေလေးသည်ကမ်းခြေနှင့်နီးလာသောအခါစက်သတ်၍တက်များဖြင့်သာပြောင်းလှော်ကြစဉ်မိမိလည်းနာရီကြည့်လိုက်ရာညနေ၃နာရီထိုးလုပြီကိုသိလိုက်သည်။ဒီအတိုင်းဆိုရင်နောက်ထပ်၁နာရီဆိုလျှင်ရေတက်တော့မည်ဖြစ်သည်။ကမ်းခြေသို့ရောက်သောအခါမိမိမှစက်လှေမောင်းအားစကားပြောစက်တစ်လုံးပေးထားပြီးအစောင့်အဖြစ်ချန်ထားခဲ့လိုက်သည်။ရေယာဉ်မှူးထံကမ်းကပ်ပြီးကြောင်းသတင်းပို့လိုက်စဉ်ရေယာဉ်မှူးမှ၁၅မိနစ်တကြိမ်ဆက်သွယ်ရန်နှင့်ရေတက်ချိန်နီးပြီဖြစ်ကြောင်းမှာကြားလေသည်။
ကမ်းခြေမှာသဲအဖြူများဖြစ်ပြီးအလွန်လှပလေသည်။သို့သော်သဲများကြားတွင်နွံအိုင်ငယ်လေးများလည်းလွန်စွာပေါလေသည်။တောစပ်သို့အရောက်တွင်XOမှခြေလှမ်းတန့်သွားသဖြင့်လှမ်းကြည့်လိုက်ရာXOသည်မိမိအားလက်ယပ်ခေါ်ပြီးအုန်းပင်တစ်ပင်အားလက်ညိုးထိုးပြသဖြင့်ကြည့်ရာဘာမှမတွေ့သဖြင့်ဘာတုန်းဟုမေးရာ''ဒီမှာလေအကိုကြီးဒီအရစ်တွေ့လား။ဒါဒီရေတက်ထားတဲ့အမှတ်ဘဲ''ဟုပြောသဖြင့်မိမိလည်းကြည့်ရာ။အမှန်ပင်ရေတက်ထားသည့်အရစ်ပင်။မိမိမှစိတ်ပေါက်ပေါက်ဖြင့်''အေးလေဒါဘာဖြစ်တုန်း။ပင်လယ်ကမ်းခြေဒီရေတက်တာအဆန်းလား''ဟုပြောလိုက်ရာXOမှမျက်လုံးပြူးပြီး''အဲဒီရေတက်ထားတဲ့အမှတ်ကိုသေသေချောချာကြည့်ပါဦး။ဘယ်လောက်မြင့်တုန်းလို့''ပြောသဖြင့်စိတ်မှန်းဖြင့်တိုင်းကြည့်ရာ။ဘုရားဘုရား၁၆ပေခန့်မြင့်နေသည်။ဒီအတိုင်းဆိုဒီရေတက်ချိန်ဆိုကျွန်းသည်ရေမြုပ်သွားသည်ပေါ့။ဒါဆိုခုနကတွေ့လိုက်ရသောလုတွေသည်ဘယ်လိုများနေကြပါလိမ့်။တွေးရင်းနှင့်ရှေ့ဆက်တက်ရာတော၏အောက်ခြေသည်နွံများကြောင့်ခရီးမတွင်လှပေ။မကြာပါ။တဲအိမ်လေးများကိုတွေ့ရတော့သည်။လူများသည်မိမိတို့အားမျက်လုံးအကြောင်သားဖြင့်ကြည့်နေသဖြင့်XOမှဆလုံစကားဖြင့်မကြောက်ရန်ပြောလိုက်သည်။တယ်တော်တဲ့XOဘဲ။သူပြောတာကိုနားမလည်သညိ့အလားမည်သူမျှတုတ်တုတ်မျှမလှုပ်ကြချေ။ထိုအခိုက်တွင်မိမိသည်ရှေ့မှတလင်းပြင်တွင်ဆော့နေသောကလေးငယ်လေးအားအမှတ်တမဲ့ကြည့်မိလိုက်စဉ်၊ထိုကလေးငယ်လေးကလည်းပြန်လှည့်အကြည့်။အဲဒီမှာစတွေ့တာပါဘဲခင်ဗျာ။
ကလေးငယ်လေးကမိမိအားပြန်လှည့်ကြည့်ခြင်းသည်မိမိတို့လှည့်ကြည့်သကဲ့သို့လည်ပြန်လှည့်ကြည့်ခြင်းမဟုတ်ဘဲခေါင်းတစ်ခုလုံးနောက်ဘက်သို့လှည့်ကြည့်ခြင်းဖြစ်သည်။မိမိလည်းကြောင်ပြီးကြည့်နေစဉ်တပ်ကြပ်ဇော်မြင့်ထံမှ''အမေရေကယ်ပါဦးဗျ''ဟုအော်သံကြား၍လှမ်းကြည့်ရာမိမိလည်းလိုက်မအော်မိရန်စိတ်ထိန်းထားလိုက်ရသည်။ဟုတ်ကဲ့။ဇော်မြင့်အော်ပေမပေါ့။သူ့နောက်မှာကအုန်းသီးလုံးများ၆လုံးခန့်လိမ့်လာတာကိုး။သေသေချာချာကြည့်မှအုန်းသီးလုံးများမဟုတ်ဘဲခေါင်းပြတ်များဖြစ်နေသည်။ဗုဒ္ဓေါဘာတွေများဖြစ်ကုန်ပါလိမ့်။တောခြောက်နေခြင်းလား။XOမှမိမိအနားလာပြီး''အကိုကြီးတခုခုဘဲဗျ။ဘာဆက်လုပ်ကြမလဲ''ဟုမေးရာသူ့စိတ်ဘယ်လောက်ကြောက်နေသည်မသိ။အသံက၅ပင်မပြည့်ချေ။မိမိလည်း''COကိုကိုယ်သတင်းပို့''မိမိစကားဆုံးအောင်မပြောနိုင်တော့ပေ။XOလေးခိုင်မြဲဦးလည်းမျက်လုံးအပြူးသားဖြင့်မိမိငေးနေရာလိုက်ကြည့်မိတော့။အလို၊အစောကမိမိတို့ကိုနောက်ပြန်လှည့်ကြည့်နေသောကလေးငယ်သည်မိမိတို့ထံလာနေခြင်းပေ။လာသည်မှမျက်နှာကမိမိတို့ဘက်လှည့်ပြီးကိုယ်လုံးကအရှေ့တွင်နောက်ပြန်ကြီးကိုလာနေခြငိးဖြစ်သည်။
ဆေးတပ်သားလဗျန်နော်ထံမှသေနတ်သံကြားသဖြင့်ကြညိ့လိုက်ရာ''ဗိုလ်မှူးဘာငှက်မှန်းမသိဘူး။လုံးလုံးဝိုင်းဝိုင်းကြီးမို့ပစ်လိုက်တာထိရဲ့သားနဲ့ဆက်ပျံသွားတယ်ဗျ။''ဟုပြောသဖြင့်မိုးပေါ်မော့ကြည့်လိုက်ရာ။နည်းတာမဟုတ်။ငှက်များတော့ဟုတ်ဟန်မတူ။သေသေချာချာကြည့်မှလူခေါင်းပြတ်ကြီးများပျံနေခြင်းဖြစ်သည်။မိမိလည်းအဖွဲ့ကိုတစ်နေရာတည်းစုနေရန်အော်ပြောလိုက်ပြီးအိမ်တလုံးမှအသံကြားသဖြင့်သတိနှင့်ဆက်ကြည့်ရာတော့တစ်သက်မှာတစ်ခါမျှမမြင်ဖူးသောမြင်ကွင်းကိုတွေ့လိုက်ရတော့သည်။
ရာဝင်အိုးခန့်ရှိသောခေါင်းပြတ်ကြီးသည်တရွေ့ရွေ့ထွက်လာပြီးမိမိတို့၏ရှေ့သို့အရောက်တွင်ပါးစပ်ဟလိုက်ရာသွားများမပါဘဲသွားနေရာတွင်လူ့လက်များဖြစ်နေသည်။ထို့နောက်လျှာပါထွက်လာသည်။မိမိတို့မြင်ဖူးနေကျလျှာမျိုးမဟုတ်ဘဲနှစ်ခွနှင့်နှစ်ထပ်ကြီးဖြစ်နေသည်။
မိမိ၏အသိစိတိမှအလိုလိုပင်အမိန့်ပေးသည့်စကားအားအော်ပြောလိုက်မိတော့သည်။''ပြေးတော့ဟေ့''။
ရန်သူနှင့်တွေ့လျှင်စတင်းဂန်းစက်လတ်အားပိုက်လျှက်မကြောက်မရွံ့အသေခံပစ်ဝံ့သည့်ယောသားတပ်ကြပ်ကြီးလှဇော်ပင်ပြေးလေရာမိမိရှေ့အတော်ပင်ရောက်နေလေသည်။အရေးထဲအရာပေါ်ဆိုသလိုပင်အလာတုန်းက၁၀မိနစ်ပင်မရှိသောခရီးသည်ယခုတော့ရေများတက်လာသဖြင့်ပိုကြာနေသည်။ရေသံတဝုန်းဝုန်းမှာပိုကျယ်နေသဖြင့်မိမိမှအဖွဲ့အားရပ်လိုက်ရန်အချက်ပြလိုက်သော်လည်းရေသံတွေကရပ်မသွားချေ။
သေချာပြီ။မိမိတို့နောက်သို့တစ်စုံတစ်ခုလိုက်လာချေပြီ။နားထောင်နေရင်းစကားပြောစက်မှရေယာဉ်မှူးအသံထွက်လာသည်။''ကိုမျိုး။ခင်ဗျားတို့အဖွဲ့အခုချက်ချင်းထွက်ခဲ့တော့။လှေလည်းစက်နိုးပြီးအသင့်စောင့်ခိုင်းထားပြီ။ရေပြာဝန်းကျော်တဲ့အထိလုံးဝမနားနဲ့။ထွက်ခဲ့တော့။''သူ့အသံဆုံးတော့မိမိတို့အဖွဲ့မှာပိုမို၍ကြောက်စိတ်ဝင်လာစဉ်တပ်သားလေးတစ်ယောက်မှ''ဟိုမှာ၊ဟိုမှာ''ဟုလက်ညိုးညွှန်ရာကြည့်လိုက်တော့ခေါင်းပြတ်ပေါင်းများစွာသည်မိမိတို့ထံလာနေသည်။ရေထဲတွင်ခြေထောက်နှင့်နင်းသလိုရေများဖွာထွက်နေပြီးရေသံများကြားရသော်လည်းကိုယ်လုံးမပါချေ။ခေါင်းတွေချည်းသက်သက်ရွေ့လာနေခြင်းပေ။ခေါင်းပြတ်ကြီးများသည်မျက်နှာသေများနှင့်ပါသလိုပြုံးပြနေသူများလည်းပါသည်။မိမိလည်းနှုတ်မှဘာမှမပြောနိုင်တော့ဘဲဆက်ပြေးတော့တဖွဲ့လုံးပြေးမိရက်သားပေါ့။
ကမ်းခြေရောက်တော့မိမိတို့အလာတုန်းကမြင်ခဲ့ရသည့်သဲသောင်ပြင်ဖြူဖွေးဖွေးသည်မရှိတော့။ထို့အတူမိမိတို့ပစ်မှတ်ထားသည့်သင်္ဘောသည်အလာတုန်းကလိုကမ်းခြေနှင့်မလှမ်းမကမ်းတွင်မဟုတ်တော့ဘဲမိမိတို့ရှေ့နားရောက်နေသည်။ထိုအခါမှအောက်ငုံကြည့်မိသောအခါရေသည်စိမ်းဖန့်ဖန့်အရောင်လင်းနေသည်ကိုတွေ့ရပြီးငါးများကူးခတ်နေသည်ကိုပင်မြင်ရလောက်အောင်ကြည်နေသည်။
ရာဘာလှေပေါ်သို့အရောက်တွင်စက်လှေမောင်းရဲဘော်လေးမှစက်ကုန်ဖွင့်၍မောင်းတော့သည်။မိမိတို့သင်္ဘောကိုလှမ်းကြည့်လိုက်တော့စက်နိုးထားပြီးအသင့်စောင့်နေသည်ကိုတွေ့ရသည်။ထိုအခိုက်တွင်ရေအရောင်သည်ရုတ်ချည်းစိမ်းဖန့်ဖန့်အရောင်မှအပြာရောင်သို့ပြောင်းသွားသည်။မိမိတို့သင်္ဘောပေါ်ရောက်လျှင်ရောက်ချင်းပင်တဖွဲ့လုံးပက်လက်လှန်ချလိုက်သည်။ရေယာဉ်မှူးမှမေးသည်ကိုပင်ဘာမေးလိုက်မှန်းမသိတော့။တအောင့်ကြာမှတပ်သားကျော်ထွေးမှ''တော်ပြီ။နောက်တခါကမ်းတက်စစ်ဆင်ရေးဆိုလိုက်တော့ဘူးဗျာ။ကုန်းပေါ်မှာရန်သူနဲ့လက်တစ်ကမ်းတိုက်ခဲ့တာတောင်ဒီလောက်ကြောက်စရာမကောင်းဘူး''ပြောပြောဆိုဆိုနှင့်ပင်''အမေရေသားအဖြစ်ကိုလာကြည့်ပါဦးဗျ''ဟုအော်ငိုကာမှတဖွဲ့လုံးရယ်မောနိုင်သည်။
ထိန်းချုပ်ခန်းထဲသို့သွားရောက်ပြီးရေယာဉ်မှူးထံဖြစ်သမျှကိုသတင်းပို့လိုက်ရာ''အေးဗျ။ကျွန်တော်လည်းအစကသတိမထားမိဘူး။ChiefကလာပြောမှSonarTestလုပ်ကြည့်တာကျွန်းကအောက်ခြေမှာဘာမှမရှိဘူး။ကျွန်းမျှောကြီးလိုဖြစ်နေတာပေါ့ဗျာ။စိတ်ပူပြီးကိုမျိုးဆီကိုစက်နဲ့လှမ်းပြောတုန်းကောင်လေးတွေကCOကျွန်းနားကရေတွေကအရောင်တွေထွက်နေတယ်လာပြောမှကျွန်တော်တို့ပင်လယ်ခရီးသည်တွေပြောပြောနေတဲ့ပုံပြင်ပြန်သတိရသွားတာ။မြေပုံမှာပြန်ကြည့်ပြီးGPSနဲ့ထောက်တော့ကျွန်တော်တို့ရည်မှန်းချက်ကျွန်းကရေမိုင်၎မိုင်လောက်လိုသေးတယ်။ထူးဆန်းတာကကျွန်းကြီးတစ်ခုလုံးရေဒါမှာလည်းမပြဘူး။ကျွန်တော်လည်းဘယ်လိုနားလည်ရမှန်းမသိတော့ဘူးဗျာ''ဟုရှည်လျားစွာပြောပြတော့သည်။ထိုအချိန်တွင်အောက်ထပ်မှအသံများဆူညံနေသဖြင့်လှမ်းမေးရာXOမှတက်လာပြီး''COနဲ့အကိုကြီးမှန်ပြောင်းနဲ့လှမ်းကြည့်လိုက်ပါဦး။ခုနကကျွန်တော်တို့တက်တဲ့ကျွန်းကို''ဟုလာသတင်းပို့သဖြင့်ရေယာဉ်မှူးမှန်ပြောင်းနှင့်ကြည့်ပြီး
'COနဲ့အကိုကြီးမှန်ပြောင်းနဲ့လှမ်းကြည့်လိုက်ပါဦး။ခုနကကျွန်တော်တို့တက်တဲ့ကျွန်းကို''ဟုလာသတင်းပို့သဖြင့်ရေယာဉ်မှူးမှန်ပြောင်းနှင့်ကြည့်ပြီး''ကဲကိုမျိုးခိုင်ခင်ဗျားကိုယ်တိုင်သာကြည့်လိုက်ပါတော့။ပြီးရင်မြောက်
''ကဲကိုမျိုးခိုင်ခင်ဗျားကိုယ်တိုင်သာ့။ပြီးရင်မြောဘဘက်ကို၂.၃ံလောက်ရွှေ့ပြီးကြည့်လိုက်ပါ''ဆိုသဖြင့်မိမိလည်းကြည့်လိုက်ရာအစောကမိမိတို့တက်ခဲ့သောကျွန်းသည်ရွေ့နေသည်။သေသေချာချာကြည့်မှကျွန်းမဟုတ်ဘဲနှစ်ပင်တပ်ဧရာမရွက်လှေကြီးဖြစ်နေလေသည်။မြောက်ဘက်သို့အနည်းငယ်ရွှေ့ကြည့်မှမိမိတို့ရည်မှန်းချက်ကျွန်းကိုတွေ့ရလေသည်။မိမိလည်းနားမလည်နိုင်စွာဖြင့်ရွက်လှေကြီးဘက်ပြန်ကြည့်ရာလား...လား...အစောကကျွန်းပေါ်တွင်အိမ်ထဲမှထွက်လာသောခေါင်းပြတ်ကြီးသည်ပဲ့ထိန်းစင်ပေါ်တွင်အကျအနနေရာယူပြီးတက်မကိုင်နေသည်။ဒီတခါတော့ခေါင်းကြည့်မဟုတ်တော့။ခန္ဓာကိုယ်အပြည့်အစုံနှင့်ဖြစ်သည်။
ထို့နောက်ရေယာဉ်မှူးမှထိုရွက်သင်္ဘော
သည်ပင်လယ်ခရီးသွားများကြားတွင်ပုံပြင်သဖွယ်ဖြစ်နေသောပင်လယ်ဓါးမြဗိုလ်အာလိန်၏နတ်ဆိုး(Demon)
အမည်ရှိရွက်သင်္ဘောကြီးဖြစ်ကြောင်း
နှင့်အိန္ဒိယသမုဒ္ဒရာတွင်ကျင်လည်ကျက်စားနေရာမှလွန်ခဲ့သည့်နှစ်ပေါင်း၈၀ကျော်မှစ၍ယနေ့ထက်ထိထိုသင်္ဘောကြီးသည်ထူးဆန်းစွာပျောက်ဆုံးနေကြောင်းပြောပြလေသည်။
ထိုအခါမှမိမိလည်းလောကကြီးတွင်ငါတို့လိုက်မမှီသေးသောဖြစ်ရပ်များရှိနေသေးကြောင်းသတိပြုမိပြီး''ကြံကြံဖန်ဖန်ကျွန်တော်တို့နဲ့မှလာဆုံရတယ်ဗျာ။''ဟုမြည်တမ်းမိလျှင်XOမှ''ဒါဆိုကျွန်တော်တို့ကံကောင်းလို့တွေ့တာပေါ့နော်''ဟုဝင်ပြောရာမိမိမှပြန်ပြောရန်ပြုစဉ်ရေယာဉ်မှူးမှ''ငါLီးကံကောင်းပါလား။နောက်သာကျရင်ရာမို့စ်သင်္ဘောလိုမျိုးငါတို့သင်္ဘောတစ်စီးလုံးဖြစ်ပြီကွ''ဟုပြောချလိုက်တော့သည်။
ကျေးဇူးအထူးတင်လျှက်
Winn
Myoe Khaing
မအားတဲ့ ကြားမှ အထူးအဆန်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးများကို အိပ်ရေးပျက်ခံပြီး
ရေးသားတင်ဆက်ပေးနေသော ကိုဝင်းမျိုးခိုင်ကို ကျွန်တော်တို့ အက်ဒမင်များမှ
အထူးပဲကျေးဇူးတင်ရှိပါသည်ခင်ဗျာ..။
လေးစားလျှက်........
Friday, December 12, 2014
ကြက်ကုန်းက ခေါ်ခံရသူ
တစ်ခါတုန်းက ကျွန်မတို့ နဲ့ ရွာချင်းကပ်ရက်က ရွာတစ်ရွာမှာ ဒေါ်သိန်းမေ
ဆိုတဲ့ လက်သည် အပျိုကြီးတစ်ယောက်ရှိတယ် ကလေးမွေးပေးယုံတင်မကဘူး
ကလေးဖျက်တဲ့အလုပ်ကိုပါလုပ်တယ်တဲ့။
တစ်ည မိုးတွေအရမ်းရွာနေတဲ့ ညတစ်ည သူတို့အိမ်ကို အမျိုးသား၂ယောက်
နွားလှည်းနဲ့ ကလေးမွေးပေးဖို့ အကူညီလာတောင်းတယ်။
အပျိုကြီးရဲ့ အမေက မိုးကလဲရွာ ညဥ့်ကလဲ အရမ်းနက်နေပြီဆိုတော့ နောက်မသိတဲ့
သူစိမ်းယောက်ျားနှစ်ယောက်ကလဲဖြစ်နေပြန်တော့ မလိုက်သွားဖို့ ၀င်တားတယ်။
အဲ့ဒါပေမယ့် ယောကျာ်းလုပ်သူ လို့ထင်ရတဲ့ လူတစ်ယောက်က အတင်းတောင်းပန်ပြီး
သူ့မိန်းမ တကယ်ဗိုက်အရမ်းနာနေလို့ပါ ရှစ်ကြီးခိုးပါရဲ့
ကလေးမွေးပြီးပြီးချင်း ချက်ချင်းပြန်ပို့ပေးပါ့မယ် အကြိမ်ကြိမ်
တောင်းပန်တာကြောင့် အပျိုကြီးလဲ သနားပြီး မိုးရွာထဲသူတို့ ခေါ်တဲ့နောက်ကို
နွားလှည်းစီးပြီးလိုက်လာလိုက်တယ် အဲ့ယောကျာ်းနှစ်ယောက်ဦးဆောင်မှုနဲ့
နှစ်ထပ်အိမ်မဲကြီးတစ်လုံးထဲရောက်တော့ မီးတွေက လင်းထိန်နေတာပဲ အပျိုကြီးကို
ဧည့်ခန်းမှာ ခဏထိုင်ခိုင်းပြီး မုန့်တွေကျွေးတယ် အပျိုကြီးလဲ
သူတို့ကျွေးတဲ့မုန့်ကအရသာကလဲကောင်း မစားဘူးတဲ့မုန့်တွေဆိုတော့
အငမ်းမရစားပစ်လိုက်တာ အကုန်ပဲ။ နောက်မှ ကလေးမွေးဖို့ အခန်းထဲကိုဝင်သွားပြီး
ဗိုက်နာလို့အော်နေတဲ့မိန်းမကို ဗိုက်ကိုသေချာစမ်းပြီး နှိပ်ပေးနေတာ
အတော့ကို မွေးရခက်နေတော့ ဗိုက်ကို နှိပ်ပြီးကလေးကို
အမျိုးမျိုးပြင်နေရတာပေါ့ အချိန်ဘယ်လောက်တောင်ကြာသွားလဲတော့မသိဘူး ။
မနက်လယ်ထဲဆင်းလာတဲ့ ရွာသားတွေ သင်္ချိုင်းက ဖြတ်အသွား အပျိုကြီး ..သင်္ချိုင်းထဲက
မြေပုံကြီးကို လက်နဲ့ ကလေးမွေးပေးသလိုနှိပ်ပေးနေတာ တွေ့တော့ ပိာတ်!
အပျိုကြီး အဲ့ဒါဘာလုပ်နေတာလဲဆိုတော့ ချက်ချင်းနှိပ်နေတာရပ်ပြီး
မေ့လဲသွားတယ်။ ရွာသားတွေလဲ သူ့အိမ်ကို ၀ိုင်းသယ်လာပေးပြီး ပြုစုပေးတော့
သတိပြန်လည်လာတယ် အဲ့တော့မှ သူညကဖြစ်ပျက်ခဲ့တာတွေကို အကုန်ပြောပြပြီး
နောက်တစ်ခေါက်ပြန်မေ့လဲသွားလိုက်တာ အသက်ပါ တစ်ခါထဲပါသွားပါလေရော။
လူကြီးတွေပြောပြတာတော့ ကလေးဖျက်ချပေးတဲ့အကုသိုလ် အကျိုးပေးတာလို့ ပြောကြတယ်
နောက်သူတို့ကျွေးတာကို စားလိုက်မိတော့ သူတို့ကအသက်နှုတ်လို့ ရသွားတာတဲ့။
Post by:Admin သက်ဖြိုးသူ(၀မ်းတွင်းစုန်းမလေး ဝေသာလီ)
http://www.ghost.myanmartv.info/2014/12/blog-post_95.html
Post by:Admin သက်ဖြိုးသူ(၀မ်းတွင်းစုန်းမလေး ဝေသာလီ)
http://www.ghost.myanmartv.info/2014/12/blog-post_95.html
Subscribe to:
Posts (Atom)