Zawgyi & Unicode Changer

Thursday, May 15, 2014

http://www.ygnnews.com/2014/04/blog-post_8914.html

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html

 


 
 
 
 
 
 
 
 
 
 
 
 
 
 
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/blog-post_8914.html.l'kaFJKASJF

Saturday, May 3, 2014

နှုတ်ဆော့ခြင်းရဲ့ ရလာဒ်



 ကျွန်တော် နာမည်က မိုးညွှန့်အောင် ကျွန်တော်က သရဲ တစ္ဆေဆိုတာကို အယုံအကြည်ကို မရှိဘူး။ ဟုတ်တယ်လေ ဘယ်မှာလဲ သရဲ ကိုယ်လဲ တခါမှ မမြင်ဖူးဘူး သူများတွေ သရဲဆိုလို့ လိုက်သရဲ နေတဲ့လူတွေ ဒုနဲ့ဒေး။ သချိုင်းကုန်းပေါင်းစုံမှာလဲ အရက်သောက်ဖူးတယ် ဘာသရဲမှ လာမခြောက်ဘူး။ သရဲခြောက်တယ်ဟေ့ ဆိုတဲ့ နေရာမှာလဲ ညသွားအိပ်ဖူးတယ် ဘာမှမထူးခြားလာဘူး။ အဲ့လိုနဲ့ပဲ သရဲဆိုတာ ဂျိုနဲ့လားဆိုပြီး သရဲခြောက်တယ်လို့ ပြောနေတဲ့လူတိုင်းကို လှောင်ပြောင်နေတဲ့လူတစ်ယောက်ဆိုပါတော့ဗျာ။ ကျွန်တော် နေတာကတော့ သန်လျှင် နတ်စင်တရာ အောက်ဘက်က ရွှာလေးမှာပေါ့။ တနေ့ ကျွန်တော်နဲ့အလုပ်အတူတူ တွဲလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကို လာပြောတယ်။ ဟေ့ယောင် မိုးညွှန့်အောင် ငါတို့ နောက်ဘက်လှမ်းလှမ်းက စေတီပျက်ကလေး မင်းသိတယ်မလား အေး သိတယ်လေ ဘာလို့လဲ အဲ့စေတီပျက်က သရဲလား ဥစ္စာစောင့်လားမသိဘူုး တခုခုတော့ ရှိတယ်ထင်တယ် ဘာလို့လဲကွ မင်းဘယ်က ပေါက်ကရ သတင်းတွေ ကြားလာလို့လဲ မဟုတ်ဘူးကွ ငါကိုယ်တိုင် ကြုံလာလို့ဟ ငါ မနေ့ညနေတုန်းက ငါ့မိန်းမနဲ့ စကားများပြီး ငါက စိတ်ညစ်ညစ်နဲ့ အဲ့ နောက်ဘက်သွားတာ အဲ့ချိန်ထိ မိန်းမကလဲ နောက်က လိုက်လာပြီး ပွစိပွစိ ပြောတာ ငါကလဲ စိတ်တော်တော်တိုလာတာနဲ့ အဲ့ဘုရားရှေ့မှာ ငါသူ့ကို ပါးချလိုက်မိတယ်။ အဲ့ချိန်မှာကွာ ငါတကိုယ်လုံး ကြက်သီးဖြန်းဖြန်း ဖြန်းဖြန်းနဲ့ကွာ ပြီးတော့ ငါ့စိတ်ထဲ တမျိုးကြီးဖြစ်လာတာနဲ့ ဘုရားဘက်လဲ ကြည့်လိုက်ကော ဘုရားပရ၀ဏ်ပေါ်မှာ မိန်းမ တစ်ယောက် ငါ့ကို ခါးထောက်ပြီး ကြည့်နေတာ ခွီး ပြောရင်း နဲ့တောင် ကြက်သီးထလာပြီ မင်းကွာ ငါ့သူငယ်ချင်း ဖြစ်ပြီး အဲ့လိုတွေ ယုံရတယ်လို့ ဘယ်က အရူးမ ရောက်လာတာလဲ မှမသိတာ ဟေ့ယောင် မင်းအဲ့လိုတော့ မပြောနဲ့ အရူးမတော့ မဟုတ်ဘူး သူငါ့ကို ကြည့်နေတဲ့ပုံက တော်တော်ကြောက်ဖို့ကောင်းတာ အဲ့ဒါနဲ့ ငါလဲ အိမ်ကို ပြန်ပြေးတော့တာပဲ အိမ်ရောက်မှ မိန်းမကိုမေးကြည့်တော့ သူကတော့ ဘုရားပေါ်မှာ ဘာလူမှ မတွေ့လိုက်ဖူးတဲ့ဟ ဟေ့ယောင် ငါက ယုံကို မယုံတာ မင်းကွာ သတ္တိက မဟာဗန္ဓုလ ထိုင်ရှိခိုးလောက်တယ် ငါလခွီး ဟေ့ယောင် မင်းမယုံရင် အဲ့သွားပြီး စိန်ခေါ်မလားပြော လုပ်လေ ကြာသလားလို့ ဒါပေမယ့် မင်းငါ့ကို အရက်တိုက်မလား ဟဲဟဲ တိုက်မယ်ကွာ ဒါဆိုလဲ ပြီးရော ည၆ နာရီလောက် ငါ့အိမ်လာခဲ့ အရက်အရင်သောက်မယ် ပြီးမှ သွားမယ် သဘောတူလား အေးပြီးတာပဲ အဲ့လိုနဲ့ ညနေလဲရောက်ကော အဲ့ကောင် ကျွန်တော် အိမ်ရောက်လာတယ် ဇေ ၄ ပုလင်းလဲ ၀ယ်လာတယ် အဲ့ဒါနဲ့ ၂ ယောက်တည်း ပုလင်းထောင်တာပေါ့ဗျာ။ သုံးလုံးကျော်ကျော်လောက်လဲ သောက်ပြီးကော နှစ်ယောက်လုံး သွေးဆူလာတာပေါ့ အဲ့ဒါနဲ့ ကျွန်တော်က ဟေ့ယောင် လာသွားမယ် အဲ့ဘုရားက သရဲမဆီကို ဟိုကောင် သောက်ထားတဲ့ အရှိန်ကြောင့်လားမသိဘူး ကျွန်တော့် ထက်တောင် ပိုတက်ကြွနေတယ် အေးသွားမယ် အဲ့သရဲမ ဒီနေ့ မှတ်လောက်အောင် ပညာပေးမယ် လာ ဒီကောင်က မူးလာရင် သွေးတော့ နဲနဲဆိုးတယ် အဲ့လိုနဲ့ ဘုရားနားလဲ ရောက်ကော ကျွန်တော်က အရင်ဆုံး ဘုရား ပရ၀ဏ်ပေါ်မတက်သေးပဲ ဘုရား ပရ၀ဏ် မရောက်ခင် မြေကြီးနားမှာ ထိုင်ချလိုက်တယ် ဟိုကောင်ကတော့ လှမ်းတားလိုက်တာတောင် မမှီတော့ဘူး ဘုရားပေါ်တက်သွားတယ်။ ဘုရားပေါ်သာဆိုတာပါ ဘုရားပရ၀ဏ်နဲ့ မြေကြီးက သိပ်တောင် မကွာဘူး ဘုရားပရ၀ဏ် လှေကား ၂ ထစ်စာလောက်ပဲမြင့်တယ် မြေကြီးကနေ။ အဲ့ချိန်မှာပဲ နောက်တစ် ရှပ် ရှပ် ရှပ် ရှပ် နဲ့ အသံကြားလိုက်ရတယ် နောက်လဲ လှည့်ကြည့်လိုက်ကော… အိမ်မှာ မွေးထားတဲ့ ခွေး ငနီ ဖြစ်နေတယ်။ အဲ့ကောင်က အဲလိုပဲ ကျွန်တော် ဘယ်သွားသွားလိုက်နေတဲ့ကောင် ခုနက ထွက်လာတော့ ခြံတခါး ပိတ်ဖို့မေ့လာတော့ အဲ့ကောင် လိုက်လာတာဖြစ်မယ်။အဲ့ဒါနဲ့ ကျွန်တော်လဲ ငနီကိုဘေးနားမှာ ထိုင်ခိုင်းထားလိုက်တယ်။ ငနီက လိမ်မာပါတယ် အိမ်လဲ လုံတယ် ငနီက အိမ်က အချစ်တော်လေ ၀၀လင်လင်လဲ ကျွေးတော့ တော်တော်လဲ တောင့်တယ်ပြောရမယ် ကိုယ်လုံးက။ ကျွန်တော် တောင် သူ့ကို မနဲမရတယ် ငနီက အဲ့လောက်ထိ အကောင်ကြီးတာ။ အဲ့ချိန်မှာ ဟိုကောင်က ဘုရားပရ၀ဏ် အပေါ်ကနေ အသံကျယ်ကြီးနဲ့ ထအော်ပါလေရော ဒီပေါ်မှာရှိတယ့် ဥစ္စာစောင့်ပဲဖြစ်ဖြစ် သရဲပဲ ဖြစ်ဖြစ် ဘာကောင်ပဲပဲဖြစ်ဖြစ် ငါနဲ့ ငါသူငယ်ချင်းက မယုံဘူးဟေ့ မင်းတို့ ရှိတယ်ဆိုရင် ငါ့တို့ကို အခု ကိုယ်ထင်ပြစမ်းပါ အဲ့ချိန်မှာပဲ ထူးထူးဆန်းဆန်း လေကြမ်း တစ်ချက်က ဝှေ့ခနဲ့ တိုက်သွားတယ် ဘေးမှာ အိပ်နေတဲ့ ငနီကလဲ တခုခုကို မြင်လိုက်ရတဲ့ အတိုင်း ထဟောင်ပါလေရော။ အဲ့ချိန်မှာ ရုတ်တရက်ကြီး ဟိုကောင်က ဘုရားကို ပတ်ပြေးပါလေရော ကျွန်တော်က နောက်နေတယ်ထင်ပြီးတော့ လှမ်းပြောလိုက်သေးတယ် ဟေ့ယောင် လာနောက်မနေနဲ့နော် လက်ထဲမှာ ပုလင်းတစ်လုံးရှိသေးတယ် ရိုက်လိုက်လို့ အသက်ဘယ်က ထွက်ရမလဲမသိဘူးဖြစ်သွားမယ် အဲ့ချိန်မှာ ကျွန်တော် သေချာနားထောင်ကြည့်တော့ ဒီကောင်ပြေးနေတဲ့ အသံက သာမန်လူတစ်ယောက်ပြေးနေတဲ့ အသံနဲ့ မတူဘူး ခြေသံကဘယ်လောက်ပြင်းလဲဆို အောက်က လှိုင်ခေါင်းသံ ကြားရလောက်အောင် ဒုန်း ဒုန်း ဒုန်း ဒုန်း နဲ့ကိုပြေးနေတာ ကျွန်တော်လဲ ဟေ့ယောင် ငါ့ကို မနောက်နေနဲ့နော် ဆိုလဲထပ်ပြောကော ပြေးနေရင်း ရပ်သွားတယ် ပြီးတော့ ကျွန်တော်ကို ကြည့်နေတယ်ဗျာ မျက်လုံးကလဲ နီရဲတွတ်နေတာပဲ ဘာစကားမှလဲ မပြောဘူး။ သူ့အကြည့်နဲ့တင် ကျွန်တော် ကြက်သီးတဖြန်းဖြန်း ထသွားတယ်။ အဲ့ချိန်မှာ ကျွန်တော် ခွေး ငနီက စိတ်ညို့ခံရသလိုဖြစ်သွားပြီ ကျွန်တော် ဘေးနားကနေ ထသွားပြီး အဲ့ ဘုရားပေါ်တက်သွားပြီး ဟိုကောင်ရှေ့မှာ သွားပြီး ရပ်နေတယ်။ အဲ့မှာ ဟိုကောင်က ကျွန်တော် ခွေးကို ကိုင်ပြီး မလိုက်တာ စွေ့ခနဲ့ပဲ ပေါ့ပေါ့ပါးပါးလေးကို မလိုက်သလိုပဲ။ ကျွန်တော်ခွေးကလဲ ဒီအတိုင်း ဟောင်တောင် မဟောင်ဘူး။ ငနီက သူ့ကို ကျွန်တော် တို့ အိမ်က လူတွေကလွဲပြီး ကျန်တဲ့လူ ဘယ်လူ ကိုင်ကိုင် ဒီကောင်က ဟောင်လေ့ရှိတဲ့ကောင် အခုတော့ ငြိမ်နေတာများ ခွေးပေါက်စလေးကျနေတာပဲဗျာ။ ပီးတော့ ကိုင်ပေါက်လိုက်တာ အဝေးကြီးကိုဗျာ ကျွန်တော် တစ်သက်မှာ တစ်ခါမှ ဒီလို အဖြစ်မျိုးတခါမတွေ့ဖူးဘူး ရုပ်ရှင်ထဲကလိုပ။ဲ ကျွန်တော် ခွေးလဲ အဲနေ့ကတည်းက အခုချိန်ထိ ပြန်မလာတော့ဘူး သေသွားပြီထင်ပါတယ်။ ပြီးတော့ ကျွန်တော့် ကို လက်ညိုးထိုးတယ်။ ကျွန်တော်လဲ ကြောင်ကြည့် ကြည့်နေကော စောနကလိုပဲ ဘုရားကို ပြန်ပတ်ပြီးပြေးပါလေကော အဲ့ခြေသံကို ခုချိန်ထိ နားထဲကကို မထွက်ဘူးဗျာ။ ကျွန်တော်လဲ အခြေအနေမကောင်းဘူးဆိုတာ သိလို့ အဲ့ကနေ ထွက်ပြေးလာတယ်။ ကျွန်တော်တို့ အိမ်နားမှာ ပရောဂ ကုတယ့်ဆရာ တစ်ယောက်ရှိတယ သူ့ကို သွားပင့်တာပေါ့။ အဲ့ဆရာအိမ်လဲရောက်ကော ဆရာ ဆရာ ကျွန်တော့် သူငယ်ချင်း သရဲ ပူးလို့ပါ လိုက်ကုပေးပါဆရာ လဲဆိုကော အဲ့ဆရာက လွယ်အိတ်လွယ် တောင်ဝှေးလေးကိုင်ပြီး ဘယ်နားမှာလဲ ဆိုပြီး လိုက်လာပါကော သူ့အိမ်ရှေ့နားလောက်ရောက်မှ ဟို ကျွန်တော်တို့ အိမ်နောက်လှမ်းလှမ်းက ဘုရားလေးပေါ်မှာလဲဆိုကော အဲ့ဆရာက တုန့်ခနဲ ရပ်သွားပြီးတော့ အဲ့ဘုရားဆိုရင်တော့ ငါမလိုက်နိုင်ဘူး မင်းအခု သူ့အိမ်သွားပြီး မင်းသူငယ်ချင်းကို မြန်မြန်သွားခေါ်ပေတော့ဆိုပြီး လှည့်ပြန်သွားတယ်ဗျာ… ကျွန်တော်လဲ သူ့အိမ်ကို မြန်မြန်ပြေး သူ့ညီအကို မောင်နှမတွေ ခေါ်ပြီး အဲ့ဘုရားကို ပြန်လဲ သွားကော ကျွန်တော့်သူငယ်ချင်း မေ့လဲနေတယ် မေ့လဲပုံကလဲ ထူးဆန်းတယ် ဒီကောင်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက မြေကြီးပေါ်ရောက်နေပြီး ကျန်တစ်ဝက်က ဘုရားပရ၀ဏ် လှေကားပေါ်မှာ။ ကျွန်တော်တို့လဲ သူ့ကို နူးနှပ်ပေးတယ် ဒီကောင်သတိမရဘူး အသက်တော့ ရှူနေသေးတယ် အဲ့ဒါနဲ့ အိမ်ကို ချက်ခြင်းခေါ် ပရိတ်ရေလေးဘာလေးတိုက်ရတာပေါ့ ကံကောင်းတယ်ဗျာ အဲ့ကောင် မသေဘူး ဒါပေမယ့် ၁ ပတ်လောက် အလုပ်မလုပ်နိုင်ဘူး တစ်ကိုယ်လုံး နာနေလို့ဆိုပြီး။ပရောဂ ဆရာကတောင် ဒီကောင် တော်တော်ကံကောင်းလို့ အသက်ရှင်သေးတာလို့ ပြောသွားတယ်။ ကျွန်တော် သရဲ မယုံဘူးနော် ဒါပေမယ့် ဒီအဖြစ်အပျက်ပြီးတဲ့နောက်တော့ ကျွန်တော် သရဲတို့ ဥစ္စာစောင့်တို့တခြား မလွတ်မကျွတ် သတ္တ၀ါတွေရှိတယ်ဆိုတာ ကျွန်တော် လက်ခံသွားတယ် တစ်ကယ်ဝင်ပူးခံရသင့်တာက ကျွန်တော်ပါ ကျွန်တော် အမှားကြောင့် ကျွန်တော် သူငယ်ချင်း ခံလိုက်ရတယ် နောက်နေ့ကြတော့ ကျွန်တော် အဲ့ဘုရားကိုသွားပြီး စိတ်ထဲကနေ တောင်းပန်လိုက်တယ် အဲ့နေ့ညက ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပေးပါဆိုပြီး အဲ့နောက်နေ့က စပြီး အဲ့ဘုရားဘက် ယောင်လို့တောင် ခြေဦးမလှည့်တော့တာ ဒီနေ့ ဒီချိန်ထိပါပဲဗျာ။။။ အဖြစ်အပျက်လေးကတော့ တိုတိုလေးပေမယ့် ကိုမိုးညွှန့်အောင်ရဲ့ ရင်ထဲမှာတော့ ဒီနေ့ ဒီချိန်ထိ မေ့လို့မရတော့တာ အမှန်ပါပဲ။ အခု ပြန်ပြောနေတဲ့အချိန်မှာတောင် သူ့မျက်လုံးထဲမှာ အဲ့နေ့က အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်နေမိသလိုဖြစ်နေတယ်လို့ပြောပါတယ်။ အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စာကြွင်း-မယုံလို့ သွားရောက်လေ့လာချင်တဲ့လူများရှိရင် နောက်နေ့ လိပ်စာအတိအကျပေးပါမယ်ခင်ဗျ။  Credit to နှုတ်မဆော့တတ်သော (အက်ဒမင်တစ်ပွဲစား)

Highway ခရီး တစ်ညတာ


 ညနေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီးသွားနေသူများအဖို့ အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က ကုန်းလမ်းအဖြစ် ရထားကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့ အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။ အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ အတူထိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ ယောက်ျားလေး အများစုကတော့ ကောင်မလေး ချောချောလေးတွေနဲ့ အတူထိုင်ရဖို့ ဆုတောင်းကြမိထင်သည်။ ဒါပေမယ့် အဲ့ဒီလို ဆုတောင်း ကြတိုင်း ၀တုတ်တုတ် အဒေါ်ကြီးတွေ..၊ အရက်မူးနေတဲ့ သူတွေ..၊ အိပ်ချိန်မရှိအောင် စကားများပြီး ဆုံးမ သြ၀ါဒ ပေးတတ်တဲ့ လူကြီးသူမ များနှင့်သာ အတူထိုင်ရသည်က များသည်။ ယခုလည်း စိတ်ထဲတွင်တော့ ၀တ်မှုန်ရွှေရည် နီးနီးလှပသော ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရဖို့ စိတ် ကူးယာဉ်ပြီး ကားထဲဝင်လိုက်သည်။ မိမိထိုင်နံပါတ်က ၁၅။ ၁၆ မှာ ဘယ်သူမှ ရှိမနေ..။ မရောက်သေးတာ ဖြစ်မည်။ ကျွန်တော် ကားပေါ်တက်ပြီး ၅ မိနစ်လောက်နေတော့ ကားစထွက်သည်။ ဘေးက ထိုင်ခုံမှာ လူမရောက် လာသေး..။ သြော်… သိပြီ..။ သီပေါ..၊ ကျောက်မဲ တို့မှာ လမ်းကြုံ ၀င်တင်မှာ ဖြစ်နိုင်သည်။ ကားစီးရင် အိပ်တတ်သည်က ကျွန်တော့်အကျင့်ဖြစ်သည်။ စထွက်ကတည်းက အိပ်လိုက်တာ ညစာ စားဖို့ ကျောက်မဲ ရောက်မှ နှိုးသည်။ မိမိဘေးခုံနေရာကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိသေး။ ဒါဆိုရင် ဒီနေရာသည် ရောင်းမထွက်သည့်ခုံ ဖြစ်ဖို့များသည်။ ကံကောင်းပြီ..။ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ပက်ပက်စက်စက် အိပ်ပြီး စီးပစ်လိုက်အုံးမည်။ ဒီလိုနဲ့ ညစာ စားသောက်ပြီး ပြန်ထွက်ကတည်းက ကျယ်ကျယ်လွန့်လွန့်နှင့် ပျော်ပျော်ကြီး အိပ်ခဲ့တော့သည်။ ဘယ်လောက် ကြာကြာအိပ်ပျော်သွားသည် မသိ..။ "ကျွိ" ခနဲ ကားရပ်သံနဲ့ အတူ ကားထိုးရပ်သွားတာ ကြောင့် နိုးလာခဲ့သည်။ နိုးနိုးချင်း ချက်ချင်းပဲ နာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်က (၁း၁၅) မိနစ်..။ ဒါဆို ယခု မန္တလေးကျော်ပြီး..၊ နေပြည်တော် လမ်းပေါ်မှာရောက်နေပြီလို့ ခန်းမှန်းမိလိုက်သည်။ ကား ဒရိုင်ဘာနဲ့ စပယ်ယာ အပေါင်းအပါများ စကားပြောဆိုနေသံများကို ကြားလိုက်ရသည်။ "ဒီနေရာ ဒီလို အချိန်ကြီးမှာ ဘာဖြစ်လို့လဲ ညီမ.." "ကျွန်မ မှတ်မိတာ ဒီနေရာ ကျွန်မတို့ကားပျက်နေတာပါ..။ အဲ့ဒါ ကျွန်မလည်း အပေါ့ခဏဆင်းသွားတာ ပြန်လည်း လာရော ကားက ထွက်သွားပြီး ကျွန်မနဲ့ သမီးလေး ကျန်ခဲ့တာ.." "သြော်.. ကလေးငယ်လေးနဲ့ကိုး… ညီမ ဘယ်က စီးလာတာလဲ..၊ ဘယ်ကားဂိတ်နဲ့လာတာလဲ.." "လားရှိုးကပါ..၊ ရန်ကုန်သွားမလို့..၊ ဘာကား စီးလာလဲတော့ မမှတ်မိဘူး.၊ ညီမက ခရီးသွားနေကျ မဟုတ်ဘူးလေ.." ကျွန်တော် သဘောပေါက်လိုက်သည်။ ကားပျက်လို့ ပြင်နေချိန်မှာ သူမက ကလေးနှင့် အပေါ့ဆင်းသွားမည်။ ကားပြင်ပြီးတော့ ကားဆရာတွေက လူမစစ်ပဲ ကားမောင်းထွက်သွားလို့ သူတို့ ကျန်ခဲ့တာ ဖြစ်နိုင်သည်။ နေရာ ကလည်း တစ်ကယ့်ကို မှောင်မိုက်နေတဲ့နေရာ။ မသမာသူများနဲ့ တွေ့သွားလို့ကတော့ မလွယ်..။ "ခုံလွတ် ရှိသေးလားဟေ့.." "တစ်ခုံလွတ်သေးတယ် ဆရာ.." "တစ်ခုံတော့ လွတ်တယ် ညီမ..၊ လိုက်ခဲ့လိုက်ပေါ့..၊ ရန်ကုန်ရောက်မှ ဟိုကားမှာပါသွားတဲ့ ပစ္စည်းတွေ စုံစမ်းပြီး ယူတာပေါ့.." "ဟုတ်..၊ ကျေးဇူးတင်ပါတယ်ရှင်.." ကားပေါ်တက်လာပြီး သူမ ကျွန်တော့်ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ အသက် ၂၀ ကျော်ပင်ရှိအုံးမည်။ ဖြူဖွေး နုဖတ်ပြီး ချောမောလှသော သူမကို ကြည့်ရတာ ငွေကြေးရှိ လူတန်းစားထဲမှ ဖြစ်နိုင်သည်။ အနှီးပတ် ထားသော ကလေးငယ် တစ်ယောက်က သူ့လက်ထဲမှာ အိပ်မောကျနေသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ချောမော လှပသော ကောင်မလေးတစ်ယောက် ကားကြုံသာ မတွေ့လို့ကတော့ ကျွန်တော် မတွေးရဲ။ ဒီလိုလမ်း ဒီလိုအချိန်မှာက လူကောင်းထက် လူဆိုးတွေက ပိုများတာကိုး..။ သူမ ကျွန်တော့်ကို တစ်ချက်ပြုံးပြသည်။ အပြုံးမှာ အသက်မပါလှ။ ဟန်လုပ်ပြုံးပြမှန်း သိသာသည်။ သူမ အရမ်း ပင်ပန်းနေပြီထင်သည်။ ကျွန်တော်လည်း အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး ဘာမှ အနှောင့်အယှက်မပေးပဲ ပြန်လည် အိပ်ဖို့ပြင်ဆင်လိုက်သည်။ ဒီအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ အပုပ်နံ့တစ်ခုရလာသည်။ အပုပ်နံ့ကမှ ကြွက်တွေသေပြီး ရှာမတွေ့တဲ့အခါ ရတဲ့ အနံ့မျိုး..။ အရင်က ဒါမျိုးအနံ့မရ။ ကျွန်တော် အားနာ စွာနဲ့ပဲ.. "ညီမ..၊ ကလေးက..၊ အလေးများ သွားထားလား မသိဘူး..၊ အနံ့ရလို့…" "သြော်..၊ ကြည့်လိုက်အုံးမယ်..၊ မသွားထားပါဘူး အကိုရဲ့..၊ ဘာအနဲ့ရလို့လဲ.." "ဟိုလေ..၊ ကြွက်ပုပ်နံ့လိုလို..၊ အသားပုပ်နံ့လိုလိုပဲ..၊ အရမ်းကို ဆိုးတယ်.." "ဟုတ်လား..၊ ညီမတော့ မရပါဘူး.." "စပယ်ယာအကို..၊ ဒီနား တစ်ချက်လာပါအုံးဗျာ..၊ ဘာအနံ့ရလဲလို့.." စပယ်ယာ ချက်ချင်းပဲ ကျွန်တော့်အနား လျှောက်လာပြီး တရှုံရှုံနဲ့ အနံ့ခံသည်။ "မရပါဘူး အကိုရ..၊ အကို စိတ်ထင်လို့ပါ..၊ ကျွန်တော် air freshener လေး လာဖျန်းပေးမယ်.." "အေး..အေး.." Air freshener လာဖျန်းပေးသည့်နောက်တွင် အနံ့ဆိုးက အနည်းငယ်သက်သာသွားသည်။ လုံးဝ ပျောက်သွား သည်တော့ မဟုတ်။ နံနေသေးသည်။ ကျွန်တော်လည်း ဂဂျီဂဂျောင် ကျတယ် ထင်မှာစိုးတာကြောင့် ဘာမှ မပြောပဲ ဆက်အိပ်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ.. ကျွန်တော့် လက်မောင်းနဲ့ နောက်ကျော တစ်ပြင်လုံး ကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်းထသွားသည်။ ဒုတ်ခတော့ရောက်ပြီ..။ ဒီလို ကြက်သီးမွေးညှင်းထတိုင်း ကျွန်တော် သရဲ နဲ့ ထိပ်တိုက်တွေ့ရလေ့ရှိသည်။ သူမက…။ သူမက.. ဘယ်သူလဲ…၊ လူကော ဟုတ်ရဲ့လား…။ ကျွန်တော် မ၀ံ့ရဲစွာ သူမဘက်ကို လှည့်ကြည့် လိုက်သည်။ ပြူးကြောင်နေသော မျက်လုံးအစုံက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် အရဲစွန့်ပြီး တစ်ခု စမ်းသပ်လိုက်သည်။ "အဟွတ်…၊ အဟွတ်…" ကျွန်တော် ချက်ချင်းပဲ ချောင်းဆိုးသလိုလုပ်ပြီး လက်ကို သူမမျက်စိရှေ့မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ကျွန်တော့်ဖက်ကို လှည့်ပြီးပြူးကြည့်နေတဲ့ မျက်လုံး မျက်တောင် လုံးဝခတ်မသွား..။ သေချာပြီ..။ သူမ သည် လူမဟုတ်။ သရဲ..။ သရဲ ဖြစ်သည်။ ကျွန်တော် သူချီထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်သည်။ ပိုသေချာ သွားသည်။ သူမ ချီထားသည်မှာ ကလေးမှာ ခေါင်းသာ ပါပြီး ခန္ဓာကိုယ်မပါ..။ ကလေးငယ်လေးက မျက်လုံးပြူး ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးသည်။ ဒါ တစ်ကယ်မဟုတ်ဘူး.။ အိပ်မက် မက်နေတာ..။ အိပ်မက်က နိုးစမ်း..။ နိုးစမ်းပါ..။ သတိပြန်ထားပြီး သူမကိုပြန်ကြည့်သည်။ ကျွန်တော့် ကို ပြူးကြောင်ကြည့်နေသော သားအမိနှစ်ယောက်ရဲ့ မျက်လုံးလေး လုံးက နေရာမရွှေ့..။ သေချာသည်။ ဒါ အိပ်မက်မှ မဟုတ်တာ။ တစ်ကယ် ဖြစ်နေတာကြီး.။ ကျွန်တော်ချက်ချင်းပဲ စိတ်ထဲကနေ ဘုရားစာဆိုပြီး..၊ မေတ္တာသုတ်ကို အဆက်မပြတ် ရွှတ်ဖတ်နေလိုက်သည်။ စိတ်ကိုလည်း သူ့ဖက်မရောက်အောင်.. ဘုရားစာထဲကိုသာ အာရုံပို့လိုက်သည်။ ပြီးတော့ စပယ်ယာကို "ကျွန်တော့်ကို တရားခွေ တိုးတိုးလေးဖွင့်ပေးပါလား..၊ အိပ်ရင်း တရားနာလို့ရတာပေါ့.." တိုးညှင်း သိမ်မွေ့သော တရားသံက ကြားရရုံလေး ထွက်လာသည်။ ကျွန်တော် တရားနာရင်း စိတ်ကို မပြန့်လွင်အောင် ထိန်းရင်း အိပ်ပျော်သွားခဲ့သည်။ မနက် နိုးနိုးချင်း ကြည့်မိတာက ဘေးနားက နေရာ.. ဘယ်သူမှရှိမနေ..။ ကျွန်တော် စပယ်ယာကို မေးကြည့်သည်။ "ဘေးနားက လမ်းကြုံလိုက်လာတဲ့ ညီမ ဆင်းသွားပြီလား.." "မဆင်းပါဘူး..၊ ကားက လုံးဝမရပ်ဘူး..၊ တောက်လျှောက်မောင်းနေတာလေ.." "အခုသူ မရှိတော့ဘူးလေ…" "ခုံများ ပြောင်းထိုင်နေသလား…" သူပြောမှ ကျွန်တော်လည်း ကားထဲက ခုံတွေအားလုံး လိုက်စစ်ကြည့်သည်။ မတွေ့..။ "မရှိပါဘူးကွာ..၊ မင်းတို့ကလည်း လူတစ်ယောက်လုံး ပျောက်သွားတာကိုတောင် မသိဘူးလား.." "အာ.. အကိုကလည်း ကားမှ မရပ်တာ..၊ လူစစ်ဖို့ မလိုဘူးလေ..၊ ထူးဆန်းတယ်ဗျာ..၊ ဘယ်ရောက်သွားတာ လဲ ဒီသားအမိ…" "နေပါအုံး…၊ နောက်တစ်ခုက…၊ ကျွန်တော်တို့ကားက… လားရှိုးကနေ အစောဆုံးထွက်တဲ့ကား.. ရှေ့မှာ ဘယ် လားရှိုးကားမှ မရှိဘူး.." "မင်းဟာ သေချာလို့လားကွာ.." "အာ အကိုကလည်း ကျွန်တော်တို့က ဘယ်ကား ဘယ်ရောက်ပီ ဆိုတာ အချိန်ပြည့် ဖုန်းနဲ့ချိတ်နေတာဗျ.." "ဒါဆို ငါတို့တွေ့ခဲ့တာ ဘာကြီးလဲ…" "လွန်ခဲ့တဲ့နှစ်ရက်က အဲ့ဒီနေရာတစ်ဝိုက်မှာ ကားတိုက်မှု တစ်ခုဖြစ်ခဲ့တယ်ဗျ…။ အမျိုးသမီးတစ်ယောက်နဲ့ ကလေး တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်တဲ့ .. သတင်းစာထဲမှာတော့ ဖတ်လိုက်ရတယ်… ကျွန်တော် တို့ တင်ခဲ့တာ အဲ့ဒီနှစ်ယောက်များ ဖြစ်နေမလား.." "ဖြစ်နေမလား မဟုတ်ဘူး.. ဖြစ်နေတာဟေ့..၊ မင်းကို ပြောပြလိုက်အုံးမယ်..၊ အေး..၊ သူချီထားတဲ့ကလေးက ခေါင်းပဲ ရှိတယ်..။ ကိုယ်မရှိဘူး..။ ငါ့ကို ဘာမှ ဒုက္ခမပေးတာနဲ့ ငါလည်း တစ်ညလုံး ဘုရားစာတွေရွတ်၊ မေတ္တာတွေ ပို့နေလိုက်တာ.၊ ရှေ့လျှောက် ညပိုင်းဆို မင်းတို့ ကားပေါ်မှာ တရားခွေလေး ကြားရရုံဖွင့်ထားပါကွာ…၊ ဘေးကင်းတာပေါ့.." ဒီလိုပါပဲ..။ အဲ့ဒီ နာမည်ကြီးတဲ့ အမြန်လမ်းမကြီးမှာ.. လူမသိသူမသိပဲ.. ညမှောင်မှောင်မှာ.. ကားတားတားပြီး စီးတတ်ကြတဲ့ သူတွေ ပိုမိုများလာသလို လမ်းပေါ်မှာ ကားတိုက်မှု၊ ကားမှောက်မှု၊ လူသေဆုံးမှုတွေကလည်း ပိုမို ဖြစ်လာကြတာဟာ တိုက်ဆိုင်မှု တစ်ခုလားဆိုတာကတော့ ကျွန်တော့်ကို ခေါင်းခြောက် စေခဲ့ပါတယ်..။ သင်တို့လည်း ညဘက် အဲ့ဒီလမ်းပေါ်မှာ ခရီးဝေးကား စီးရတဲ့အခါ လမ်းကြုံလို့ တားဆီးတဲ့ မသင်္ကာဖွယ်ရာ လူများတွေ့ရင် မေတ္တာသုတ်ကိုသာ နာနာဖိရွှတ်ပါလို့ အကြံပေးလိုက်ရပါစေ..။  Credit to အောင်ထွန်းဦး

မိုးမမြင်လေမမြင်


မိုးမမြင်လေမမြင်


Thursday, May 1, 2014

" အဖော်ခေါ်... တကယ်ပေါ်လာတော့ "



 မှန်တာပြောရင် ဟိုမော်ဒယ်လုံမလေးကို စပွန်ဆာပေးထားတဲ့ အန်ကယ်ကြီးလောက် ချမ်းသာရပါစေရဲ့။ မဟုတ်မမှန်လုပ်ကြံပြီးပြောခဲ့ရင် ဟဲဟိုးက မော်တော်ဆိုင်ကယ်လို လိန်ဗျံကြီးတည့်တည့်ဝင်တိုက်တာခံရပါစေ။ တသက်နဲ့ တကိုယ် ကျုပ်တို့ ညီအစ်ကို ဘုရားမရှိခိုးဖြစ်တာ လူပျိုပေါက်ဘဝထဲက။ ဘုရားခန်းဆိုတာ အိမ်မှာရှိနေလို့သာ ရှိမှန်းသိတာ။ မဝင်ဖြစ်တာ တော်တော်တောင်ကြာလှပေါ့။ ညီအစ်ကိုနှစ်ယောက်လုံး အဲ့သလောက်ကို ဘာသာရေးကိုင်းရှိုင်းကြတာ။ နဖူးတွေ့ဒူးတွေ့ကြုံပြီးမှပဲ ဘုရားကျောင်းဆောင်ရှေ့ကို ရောက်ဖြစ်တော့တယ်။ ကျုပ်တို့ညီအစ်ကိုက မော်လမြိုင်မှာဖွားတဲ့ မော်လမြိုင်သားလေးတွေ။ ငပေငတေလေးတွေလို့ပြောရင် ပိုတောင်မှန်လေမလားပဲ။ ကျောင်းမတက်ရတဲ့နေ့တွေဆိုရင် မော်လမြိုင်-ကျိုက်မရောလမ်းမှာ ဆိုင်ကယ်နဲ့ စုန်ချည်ဆန်ချည်သွား နေကြတာ အိမ်ကပ်တဲ့နေ့ရယ်လို့ကို မရှိဘူး။ ညဘက်တောင်မှ မကောင်းတတ်လွန်းလို့ အိမ်ပြန်အိပ်တာ။ မဟုတ်ရင်လည်း အိမ်ကလူကြီးတွေ မြင်ပြင်းကပ်ကပ်နဲ့ အမွေပြတ်ကြေငြာလိုက်ရင် ခိုကပ်စရာမရှိဖြစ်မှာလေ။ ဒါကြောင့်လည်း ညီအစ်ကိုနှစ်ယောက် အပြင်မှာဘယ်လောက်ပဲ ညဥ့်နက်နေပါစေ။ ကိုယ့်အိမ်ကိုတော့ ရောက်အောင်ပြန်ပြီး မျက်နှာပြနိုင်အောင်တော့ ပြကြရတာပဲ။ အဲ့သလို အိမ်ပြန်ချိန်နောက်ကျလို့လည်း ခုလိုအဖြစ်မျိုးနဲ့ တည့်တည့်တိုးရတဲ့အဖြစ်။ အဲ့ဒီနေ့က ခါတိုင်းရက်တွေလိုပဲ ကျိုက်မရောမှာရှိတဲ့ သူငယ်ချင်းဆီကို သွားလည်ကြတယ်။ ဖြစ်ချင်လို့ပဲလားတော့ မပြောတတ်တော့ပါဘူး။ ခါတိုင်းဆိုရင် ညီအစ်ကိုနှစ်ယောက်သား ဆိုင်ကယ်တယောက်တစီးနဲ့ သွားတဲ့ခရီးကို ဒီနေ့မှ ဆိုင်ကယ်တစီးတည်းကို နှစ်ယောက်စီးပြီး ထွက်လာမိတာ။ အသွားတုန်းကတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် ကျိုက်မရောကနေ မော်လမြိုင်ကို ပြန်တော့မယ်ပြင်ကာမှ ဆိုင်ကယ်က စဖောက်ပါလေရော။ ပြန်ပြင်ရင်မကြာလောက်ပါဘူးလေလို့ တွက်ပြီး တောင်ကလိ၊မြောက်ကလိ လျှောက်ကလိရင်းက ည (၁)နာရီခွဲလောက်ရှိမှပဲ ဆိုင်ကယ်က ပြန်ကောင်းသွားတော့တယ်ဗျာ။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို စိတ်မချလို့ သူ့အိမ်မှာပဲအိပ်ပြီး မနက်မိုးလင်းမှပြန်ကြဖို့တော့ သူငယ်ချင်းကပြောရှာသား။ ကျွန်တော်တို့မှာကလည်း ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေပြီ။ မိုးလင်းပေါက် လျှောက်လေလွင့်နေရကောင်းလားဆိုပြီး အမျက်တော်ရှခံရမှာကို စိုးရွံ့စိတ်က အိမ်ကိုညတွင်းချင်းပြန်ဖို့အတွက် တွန်းအားပေးနေတာနဲ့ သူငယ်ချင်းတားနေတဲ့ကြားက မရမက ပြန်လာခဲ့ကြပါတော့တယ်။ ဆိုင်ကယ်ကို စိတ်မချတာနဲ့ ကျွန်တော့်ကို ပေးမမောင်းပဲ ကျွန်တော့်အစ်ကိုက သူကိုယ်တိုင်မောင်းမယ်ဆိုတော့ ကျွန်တော်က နောက်ကထိုင်စီးပြီးလိုက်လာတယ်။ ကျွန်တော်တို့ ပြန်လာတဲ့အချိန်ကလည်း အချိန်ကောင်းမဟုတ်တော့ဘူးလေ။ မော်လမြိုင်-ကျိုက်မရော လမ်းပေါ်မှာ ဒီလိုအချိန်တော်တန်ရုံ ဘယ်သူက အရေးကြီးကိစ္စမရှိပဲနဲ့ အားအားယားယား လမ်းသလားမှာတဲ့တုန်း။ အဝေးပြေးကားတစီးစ နှစ်စီးစလောက်နဲ့ ကုန်တင်ကားတချို့တလေလောက်ကလွဲရင် လမ်းပေါ်မှာ ကျွန်တော်တို့မောင်းလာတဲ့ ဆိုင်ကယ်လေး တစင်းပဲရှိတယ်။ မိုးသားပဲရှိနေလို့လား၊ လမိုက်ညမို့လားတော့ မသိဘူး။ မှောင်လိုက်တာကလည်း သောက်ကျိုးနည်းပါလေရော။ ဒီလိုနဲ့မောင်းလာလိုက်တာ မော်လမြိုင်-ကျိုက်မရောလမ်းပေါ်က သချိင်္ုင်းလေးခုနားကိုရောက်လာတယ်။ သချိင်္ုင်းလေးခုလို့ အလွယ်ပြောပေမယ့် တကယ်ကတော့ တရုတ်၊ခရစ်ယာန်၊ မွတ်စလင်၊ မြန်မာဆိုပြီး ကိုယ့်အကန့်နဲ့ကို ခွဲထားတဲ့ လူမျိုးပေါင်းစုံသုဿာန်လို့ပြောရင် ပိုမှန်ပေမလားပဲဗျ။ ကျွန်တော်တို့ ကြားဖူးတာကတော့ အဲ့ဒီနေရာက အတော်ကြမ်းတယ်ဆိုပဲ။ ဟုတ်လေ၏ မဟုတ်လေ၏တော့မသိဘူး။ သူများတွေပြောကြတာတော့ အဲ့ဒီနေရာက အတော်နာမည်ကြီးသတဲ့။ ကျွန်တော်တို့နှစ်ယောက်ကတော့ ကြောက်ရလန့်ရကောင်းမှန်းလည်းမသိဘူး။ (တခါမှ မကြုံဖူးသေးတာလည်း ပါတယ်) အဲ....မြန်မာသချိင်္ုင်းရှေ့လည်းရောက်ရော ကျွန်တော့်အစ်ကို ဆိုင်ကယ်မောင်းနေရင်းက ထဖောက်ပါလေရော။ သူ့အသံဗြဲကြီးနဲ့.... " ဘော်ဒါတို့ နေကောင်းကြလား?? ကျွန်တော်တို့ ပျင်းနေလို့ အဖော်လိုက်ခဲ့ကြပါလား " ဆိုပြီး အော်တော့တာပဲ။ သူကတော့ ကျွန်တော်တယောက်လုံး သူ့နောက်ကျောမှာရှိနေတော့ ဘာဖြစ်လိမ့်မတုန်း။ နောက်ကထိုင်နေရတဲ့ ကျွန်တော့်မှာသာ ကျောမလုံသလိုဖြစ်လာရော။ ဒါပေမယ့် ကျွန်တော့်အစ်ကိုကိုလည်း ဘာမှသွားမပြောရဲဘူး။ ကျွန်တော်စိတ်ချောက်ချားမိသိလို့ ထပ်နောက်ချင်စိတ်နဲ့ ပေါက်တတ်ကရတွေ လျှောက်လုပ်မှာလည်း စိုးရသေးတယ်။ ပြီးတော့ သရဲတစ္ဆေ၊ နာနာဘာဝ ဝိနာကွာကွတွေက ကြောက်တဲ့လူကိုပိုခြောက်တယ်လို့လည်း ကျွန်တော် ကြားဖူးထားတာကိုး။ သူ့ပါးစပ်က ဗရုတ်သုတ်ခတွေအော်ပြီးလို့ သိပ်တောင်မကြာလိုက်ပါဘူး။ ကျွန်တော်တို့နောက်ဘက်ကနေ ဆိုင်ကယ်သံတသံကြားလိုက်ရတော့ ကျွန်တော်လည်း အတော်ဝမ်းသာသွားတာ။ ကျွန်တော့်အစ်ကိုလည်း .... " တော်သေးတယ်ကွ... ဆိုင်ကယ်အဖော်ပါလာပြီဟ" ဆိုပြီး အနောက်မှာထိုင်နေတဲ့ကျွန်တော့်ကို လှမ်းပြောသေးတယ်။ ကျွန်တော်လည်း ဝမ်းသာအားရနဲ့ နောက်မှာပါလာတဲ့ ဆိုင်ကယ်ကို လှည့်လည်းကြည့်လိုက်ရော ဆိုင်ကယ်ကိုလည်း မြင်ရတယ်။ ဆိုင်ကယ်ပေါ်မှာလည်း လူတယောက်မောင်းလာတယ်။ ဒါပေမယ့် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာလည်း မမြင်ရဘူး။ ကျွန်တော်လည်း သေချာအောင်ထပ်လည်းကြည့်ရော သောက်ကျိုးနည်းဗျာ။ ဆိုင်ကယ်မောင်းလာတဲ့ကောင်မှာ ခေါင်းမှပါမလာတာ။ ကိုယ်လုံးပဲမြင်နေရတယ်။ ကျွန်တော့်မျက်စိမှားတယ်ထင်လို့ ကျွန်တော့်အစ်ကိုကို " ဟေ့ကောင် နောက်ကဆိုင်ကယ်ကို တချက်လောက် မှန်ထဲကနေ လှည့်ကြည့်ဦး " လို့ ပြောလိုက်မိသေးတယ်။ သူ့ဆီကနေ " ဟာ... " ဆိုတဲ့ အသံကြီးထွက်လာပြီး နောက်ငါးစက္ကန့်လောက်နေမှ " ဟေ့ကောင် " ဆိုပြီး အသံထပ်ထွက်လာတယ်။ ကျွန်တော်လည်း " အေး...ဟေ့ကောင် ... မောင်း " ဆိုတဲ့ အသံကို လည်ချောင်းတွေ ခြောက်ကပ်နေတဲ့ကြားထဲက မနည်း အားတင်းပြီး သူ့ကို ပြောလိုက်ရတယ်။ ကျွန်တော့်အသံလည်းဆုံးရော ကျွန်တော့်အစ်ကိုပါးစပ်ကနေ " အား " လို့အော်တဲ့အသံလိုလို " ကျား .. " ဆိုပြီး မာန်သွင်းတဲ့အသံလိုလို ဗလုံးဗထွေးအသံကြီး အကျယ်ကြီးထွက်လာတာ မော်လမြိုင်တမြို့လုံးတောင် ကြားရလောက်တယ်။ ဆိုင်ကယ်ကို နင်းကန်မောင်းလာလိုက်တာ အိမ်ကိုဘယ်လိုဘယ်ပုံရောက်လာကြမှန်း မသိဘူးအဟုတ်။ အိမ်ရောက်တော့ ကိုယ့်အခန်းကို ပြန်မအိပ်ရဲကြတော့ပဲ ဘုရားခန်းထဲမှာ ဘုရားကို ဖင်ဗူးတောင် ထောင်နေအောင် ရှိခိုးကန်တော့ပြီး ဘုရားကျောင်းဆောင်ရှေ့မှာတင် ဖျာလေးခင်းပြီး အိပ်လိုက်ကြရတော့တယ်။ ဒါတောင် အိမ်ရှေ့ကနေ ဆိုင်ကယ်စက်သံကြားရင် စိတ်ထဲမှာ ဟိုခေါင်းပြတ် အိမ်အထိလိုက်လာပြီထင်ပြီး စိတ်ထဲ ခြောက်ချားပြီး တော်တော်နဲ့ အိပ်မရဘူး။ အဲ့ဒီအချိန်ကစလို့ ကျွန်တော်တို့ ညီအစ်ကို ဘုရားတရားလုပ်ဖြစ်သွားတာ ဒီနေ့ဒီအချိန်ထိပဲ။ ကိုယ်တိုင်မကြုံလို့ မယုံဘူးဆိုလည်း အပြစ်မမြင်ပါဘူးဗျာ။ ကိုယ်တိုင်ကြုံမှ ယုံချင်သူတွေတော့ အမြန်ဆုံးကြုံတွေ့နိုင်ကြပါစေလို့တော့ ဆုတောင်းပေးပါတယ်။ သရဲခြောက်ခံရတာလည်း အဖော်အပေါင်းနဲ့ဆိုရင်တော့ နည်းနည်းတော့ ခုသာခံသာရှိတယ်ဆိုတာပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။
Credit to myanmarghoststory